ကျွန်တော်လဲ အစကတော့ “အင်းဟုတ်သား ပဲကြံကြံဖန်ဖန်….” ဟုတွေးမိပါတယ်၊ တဆက်တည်း မှာပင် “မှန်လဲမှန်မှာမဟုတ်ပါဘူး” ဟူသောအတွေး က ထပ်ပြီးဖြည့်စွက်လိုက်သေးတယ်။
တစ်နေ့၊ ကျွန်တော့်သူငယ်ချင်း ဗေဒင်ပညာ ရှင်တစ်ယောက်က “မင်းဖဲဗေဒင်ကိုအထင်မသေးနဲ့၊ အတော်မှန်သဟ” လို့သူကအပြတ်ထောက်ခံလိုက် တော့ ယုံရကောင်းမလား၊ မယုံရကောင်းမလားနဲ့ ကျွန်တော်ရဲ့လက်တွေ့ ဝေဖန်ဆန်းစစ်လိုတဲ့ဗီဇဥာဏ်က ရိုးတိုးရွတဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ဗေဒင်ကို လေ့လာ ကြည့်မိပါတော့တယ်၊ ဒီအခါမှာတော့ ကျွန်တော်မ မျှော်လင့်တဲ့အချက်တချက်ကိုသွားတွေ့ပါတယ်၊ ဗေ ဒင်သမိုင်းကို လေ့လာတဲ့အခါ ဘာသွားတွေ့သလဲ ဆိုတော့……..၊
“ဥရောပမှာ ရှေးဦးစွာပေါ်ပေါက်ခဲ့သော တားရော့ဖဲချပ်များသည် အပျင်းပြေဖဲကစားရန်အတွက်ရည်ရွယ်၍ တီထွင်ခြင်းမဟုတ်ပဲ နိမိတ်ဗေဒင်ဟောရန်အတွက်ပေါ်ပေါက်ခဲ့ခြင်းသာ ဖြစ်သည်။”
ကျွန်တော်၏စိတ်ဝင်စားမှု အရှိန်အဟုန်သည် အထွတ်အထိပ်သို့ ဖြုန်းခနဲ ရောက်ရှိသွားပါတော့ တယ်။
ဘာကြောင့်လဲဆိုတော့ ဒီတားရော့ဖဲချပ်များ ဟာလွန်ခဲ့တဲ့နှစ်ပေါင်း(၈၀၀)လောက်ကပေါ်ပေါက် အသုံးပြုလာခဲ့တဲ့ဖဲချပ်တွေ ဖြစ်တာကြောင့် ဒီ “ဖဲ ဗေဒင်” ဆိုတာ ယခုခေတ်ကာလမှ အသစ်အဆန်း လုပ်ပြီး ကြံကြံဖန်ဖန် ဗေဒင်ပညာရပ်တစ်ခုအဖြစ်အ သုံးပြုနေတာမဟုတ်ဘူး၊ လွန်ခဲ့သော ၁၂-ရာစု လောက်ကတည်းက ဒီ “ဖဲဗေဒင်” ရှိခဲ့ပါကလားဆို တဲ့အချက်ကြောင့်ပါပဲ။
ဒီတော့ ဒီဖဲဗေဒင်နဲ့ ပတ်သက်ပြီး ဖဲသမိုင်း ကိုလဲ အလျဉ်းသင့်လို့ အကျဉ်းမျှတင်ပြလိုပါတယ်။
ဖဲချပ်များဟာ လွန်ခဲ့တဲ့၁၂-ရာစုနောက်ပိုင်း လောက်ကစပြီး ပေါ်ပေါက်ခဲ့တယ်လို့ လေ့လာရဖူး ပါတယ်၊ ဒီဖဲချပ်တွေကို တရုတ်လူမျိုးများက ဦးစွာ အသုံးပြုတယ်လို့လဲဆိုကြပါတယ်။
ကိုလံဘတ်ရဲ့မှတ်တမ်းတွေကို အထောက် အထားပြုပြီး သမိုင်းသုတေသီတို့က ဖဲချပ်တွေကို တရုတ်ပြည်က တဆင့်ဥရောပကို ပျံ့နှံ့ခဲ့တယ်လို့ ယူဆကြပါတယ်။
ဥရောပမှာ ဦးစွာပေါ်ပေါက်ခဲ့တဲ့ဖဲချပ်တွေကို တော့ထာဝရဖဲချပ်များရယ်လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်၊ ဒီတားရော့ဆိုတဲ့ အမည်နာမရရှိလာပုံကို သုတေသီ များအမျိုးမျိုး ကြံဆကြည့်ကြပါသေးတယ်၊ ဘယ်ဝေါ ဟာရဘယ်တိုင်းနိုင်ငံက ဘာသာစကားဖြစ်တယ်ဆို တာ ဘယ်သူမှအတိအကျမပြောနိုင်ကြဘူး။
ဒါပေမယ့် ဖဲချပ်ရဲ့အမည်နာမကို ပြင်သစ် ပြည်မှာ “တားရော့”၊ အီတလီမှာ “တာရိုတို”၊ ဥရောပ တခွင်မှာတော့ “တာရို”၊ အိန္ဒိယပြည်မှာတော့ “ဂန်ကိုဖား” ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ကြကြောင်းကို တော့မှတ်သားလိုက်ရပါတယ်။
ဖဲသမိုင်းအရ ယခုကျွန်တော်တို့မြင်တွေ့နေ ကြရတဲ့ဖဲချပ်ပုံသဏ္ဍာန်များဟာ ရှေးခေတ်မှာတော့ ဒီလိုပုံဒီဇိုင်းတွေဖြစ်ချင်မှဖြစ်လိမ့်မယ်။
တရုတ်ပြည်ကဖဲချပ်များမှာဆိုယင် ဒင်္ဂါးပုံ၊ သံကြိုးပုံတွေနဲ့၊ ဥရောပမှာဆိုယင် သူ့ခေတ်ကပေါ် ပေါက်ခဲ့တဲ့ ဘုရင်တွေရဲ့ပုံတွေ၊ ပညာရှိတွေရဲ့ပုံတွေ၊ အခြားပန်းချီရုပ်ပုံတွေ၊ သားကောင်တွေရဲ့ပုံတွေ စသည်အမျိုးမျိုး ရှိခဲ့ကြပါတယ်။
ဂျိုကာလို့ခေါ်တဲ့ အချပ်ပိုဖဲချပ်ဆိုယင် ရှေး ခေတ်ကလမ်းလျှောက်နေတဲ့ ကလေးငယ်ရဲ့ပုံဖြစ်ပြီး တားရော့ဖဲချပ်များမှာတော့ လူရွှင်တော်ပုံဖြစ်ပါတယ်။
ဖဲချပ်အရေအတွက် အားဖြင့်လဲ တားရော့ဖဲ ထုပ်မှာ အချပ်ရေ(၇၈)ချပ်ပါရှိပါတယ်။ အဓိကဖဲချပ် (၂၂)နဲ့အဖြည့်ဖဲချပ်(၅၆)ချပ်ရှိပါတယ်။ (Joker)လို့ ခေါ်တဲ့အချပ်ပိုဟာ အဲဒီ့အဓိကဖဲချပ်(၂၂)ချပ်ထဲမှာ ပါဝင်ပါတယ်။
အဲဒီ့နောက် ပြင်သစ်တို့က အဓိက(၂၂)ထဲ က(Joker)တစ်ချပ်ကိုသာယူပြီး အဖြည့်ဖဲချပ်(၅၆)နဲ့၊ စုစုပေါင်း(၅၇)ရှိတဲ့ဖဲထုပ်စနစ်ကို တီထွင်လိုက်ပါ တယ်။
အဲဒီ့အခါမှာ ရှေးကလိုရုပ်ပုံတွေ မဟုတ်တော့ ဘဲ(၁)မှ(၁၁)ထိကို ဖဲပွင့်တွေအသုံးပြုပြီး (၁၁)(၁၂) (၁၃)ဆိုတဲ့နံပါတ်ကျတော့ ကင်း(King)(Queen)နဲ့ (Jack)လို့အစားထိုးအသုံးပြုတယ်။
ယခုခေတ် ကျွန်တော်တို့အသုံးပြုနေတဲ့ဟပ်၊ ဒိုင်းမွန်း၊ စပိတ်နဲ့ကလပ်ဆိုတဲ့ဖဲပွင့်တွေဟာ ပြင်သစ် တို့တီထွင်ကြံဆခဲ့တဲ့ ဒီဇိုင်းပုံတွေဖြစ်ပါတယ်။ (Heart)(Diamond)(Spade)(Club)
ကဲ……ဖဲသမိုင်း အနေနဲ့တော့ ဒီမျှနဲ့ပဲ အ ကျဉ်းလောက်တင်ပြပါရစေ၊ ဆက်လက်ပြီး ဖဲဗေဒင် ရဲ့မူလဇစ်မြစ်ကိုသုတေသနပြုကြည့်ရအောင်၊ ဘာ ကြောင့်လဲဆိုတော့ ဒီဖဲဗေဒင်ကို တီထွင်ခဲ့တာဟာ ဗေဒင်ဟောဖို့အတွက်ဖြစ်တယ်ဆိုတဲ့ အချက်ကြီးက ကျွန်တော်တို့ဦးနှောက်ကိုအလုပ်ပေးလိုက်ပြီမဟုတ်ပါလား။ ဒီတော့ဒီဖဲဗေဒင်ကိုတီထွင်သူတွေဟာလဲ အတွေးအခေါ်ပညာရှင်တွေပဲဖြစ်ရမှာသေချာပါ တယ်။ တီထွင်သူဆိုတာ သာမန်ဦးနှောက်တွေထက် “စွမ်းအား”ကြီးမားသူတွေမဟုတ်ပါလား၊ တီထွင် တယ်ဆိုတာဟာလဲ အခြေခံရင်းမြစ်တစ်ခု(၀ါ)သီအိုရီ တစ်ခုပေါ်မှာ အခြေခံကြရတယ်ဆိုတာ စာဖတ်သူ များသိနားလည်ပြီးသားဖြစ်ပါတယ်။
ယခုခေတ် ဖဲထုပ်တစ်ထုပ်ကိုယူကြည့်လိုက် ပါ၊ ရေတွက်ကြည့်ပါ၊ (၅၂)ချပ်ရှိပါတယ်။ အပိုဖဲချပ် (Joker)နဲ့ဆိုယင် (၅၃)ချပ်တိတိ ပါဝင်ပါတယ်။ ဒါ ဟာဘာကြောင့် ဒီလိုအရေအတွက် ထားရပါသလဲ ရှင်းပြပါ့မယ်။
ကမ္ဘာလောကကြီးတစ်ခုလုံးရဲ့ အဖြစ်အပျက် မှန်သရွေ့ကိုထိန်းချုပ်သတ်မှတ်ထားတာဟာ “အချိန် ကာလ” ပဲဖြစ်ပါတယ်။ ဒီအချိန်ကာလအရ…..
တစ်လလျှင်(၄)သီတင်းရှိတယ်၊ (မြန်မာပြက္ခ ဒိန်အရ)တစ်နှစ်လျှင် (၅၂)သီတင်းရှိပါတယ်။
ဒါကြောင့် တစ်နှစ်တာရဲ့သီတင်းပတ်အရေ အတွက်နဲ့ကိုက်ညီပါတယ်။
ဖဲချပ်တွေမှာ ဖဲပွင့်လေးမျိုးပါရှိပါတယ်၊ အဲဒီ့ သဘောကတော့….
ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောဆိုတဲ့ လောကကြီးကို ချယ်လှယ်နေတဲ့ဓါတ်ကြီး(၄)ပါးပါပဲ၊ ဒီဓါတ်ကြီးလေးပါးချယ်လှယ်လွှမ်းမိုးမှုကြောင့် လူ တွေရဲ့ကံကြမ္မာတွေကိုလဲ ပြုပြင်ပြောင်းလွဲရတဲ့ သဘောအနက်ကို ယူထားတာနဲ့ကိုက်ညီပါတယ်။
နောက်တစ်ချက်က အဲဒီ့ဖဲပွင့်ရဲ့အရောင်ဟာ (၂)မျိုးပဲရှိပါတယ်၊ တစ်မျိုးကအနီဖြစ်ပြီး တစ်မျိုးက အနက်ဖြစ်ပါတယ်။
အနီနဲ့အနက်ရဲ့သဘောတရားကတော့ နေ့ နဲ့ည၊ အလင်းနဲ့အမှောင်၊ အဆိုးနဲ့အကောင်း၊ အပူ နဲ့အအေးဆိုတဲ့သဘောတရားတွေကို ဆောင်ပါ တယ်။
ရှေးခေတ်ဖဲချပ်တွေကို နိမိတ်ကောက်ယူပုံက တော့(Heart)ဆိုတဲ့ဖဲချပ်ကို ချစ်ခင်မှု၊ ပေါင်းစည်းမှု၊ မေတ္တာတရား၊ သံယောဇဉ်ကြိုး၊ အိမ်ထောင်ရေးတို့ ရဲ့အောင်မြင်ခြင်းနဲ့နိမိတ်ကိုယူပါတယ်။ (Spade) ကိုတော့ ကြေကွဲ ၀မ်းနည်းမှု၊ ဆုံးရှုံးမှု၊ နစ်နာမှု၊ မ အောင်မြင်မှုဆိုတဲ့ ဆိုးကျိုးလို့ယူဆပါတယ်။ (Diamond)ကျတော့ လာဘ်လာဘ၊ ဥစ္စာပစ္စည်း၊ ရွှေငွေရတနာများရဲ့လာဘ်လာဘနိမိတ်လို့ဟောပါ တယ်။ (Club)ကိုတော့ အဆိုးတစ်ဝက်၊ အကောင်း တစ်ဝက်၊ ဖက်စပ်ဆက်သွယ်နေတဲ့သဘောကို ဆောင်တယ်လို့ ယူဆကြပါတယ်။
အရေအတွက်အားဖြင့် ထပ်မံပြီး အသေးစိတ် တွက်ကြည့်ယင် တစ်နှစ်တာရဲ့အချိန်ကာလကိုကိုယ် စားပြုထားတယ်ဆိုတာလဲ တွေ့ရပါတယ်။
ဖဲချပ်အရေအတွက် နံပါတ်(၁)မှ(၁၀)ထိ
= ၁၀×ဖဲပွင့်၎မျိုး = ၄၀-ချပ်
J, K, Q သုံးမျိုး = ၁၂-ချပ်
၅၂-ချပ်
ဂျိုကာ = ၁-ချပ်
၅၃-ချပ်
ဂဏန်းအရေအတွက်အားဖြင့်
၁မှ၁၀ထိနဲ့၊ J,K,Q (၁၁-၁၂-၁၃)တို့ပေါင်း လိုက်ယင် = (၁)မှ(၁၀)အထိ
ပေါင်းခြင်း = ၅၅
= J,K,Q (၁၁+၁၂+၁၃) = ၃၆
ဖဲပွင့်၎မျိုး = ၎
၃၆၄
အပိုဂျိုကာ = ၁
၃၆၅
အဲဒီ့၃၆၅ဟာတစ်နှစ်တာ ရက်ရတဲ့ရက်ပေါင်း ၃၆၅နဲ့ကိုက်ညီပါတယ်။
ဒါကြောင့်ဖဲဗေဒင်အရ၊ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်လမှာ ဘာဖြစ်နိုင်တယ်ဆိုတာ ဟောပြောလို့ ရကြောင်းလက်ခံစရာအကြောင်း ရှိလာတော့တယ်။
ဒါကြောင့် ကျွန်တော်အယင်က ကြားဖူးခဲ့တာ၊ တွေ့ဖူးခဲ့တာ “ကြံကြံဖန်ဖန်များ ဖဲချပ်ကိုတောင် ဗေဒင်လုပ်ဟောတတ်တာ” ဆိုတဲ့အဆိုကို ပြန်လည် ရုတ်သိမ်းလိုက်ပါတယ်။
No Response to "ဖဲဗေဒင်"
Add Your Comment