ကိုယ့်ရင်နဲ့အမျှချစ်ရတဲ့၊ ကြင်နာရတဲ့၊ ယုယ ရတဲ့ရင်သွေးငယ်တို့ရဲ့အချစ်ရေးတွေကို ကြိုသိထား ယင်မကောင်းဘူးလား။ ရင်သွေးတစ်ယောက်ရလာ တာနဲ့ဒီရင်သွေးရဲ့ကံကြမ္မာကို သိထားယင် သူ့အ တွက်ဆောင်သင့်တာ၊ ရှောင်သင့်တာ၊ သတိပြုသင့် တာ၊ဂရုစိုက်သင့်တာတွေသိလာမယ်၊ သူတို့လေး တွေရဲ့ရှေ့ရေး၊ သူတို့လေးတွေရဲ့အနာဂတ်လှပလာ အောင်ဖန်တီးပေးနိုင်မယ်မဟုတ်လား။ ဒီတော့ ရင်သွေးရှိသူတိုင်းအတွက် သိမှတ်စရာလေးတွေကို အမှတ်တရဖော်ပြပေးပါရစေ။
အဓိကသိထားရမှာကတော့ သားငယ်၊သမီး ငယ်တို့ရဲ့မွေးရက်ပါဘဲ၊ ဒီမွေးရက်ဟာ မြန်မာ သင်္ကြန်တက်တဲ့နေ့ကနေ ဘယ်နှစ်ရက်ကွာခြား တယ်ဆိုတာ ရေတွက်ထားရပါမယ်။ ဒါဆိုယင် သူတို့ ကံကြမ္မာကိုသိဖို့ကတော့ ဟောဒီလိုလွယ်လွယ်လေး ပါဘဲ။
(၁) သင်္ကြန်အတက်နေ့မှ ၁၇ရက်အတွင်းမွေးဖွား သူ
ဒီကလေးငယ်တွေဟာ တနင်္ဂနွေဂြိုဟ်ရဲ့အား ကောင်းတဲ့အုပ်စိုးမှုကို ခံရတဲ့ကလေးတွေဖြစ်တယ်၊ ဒါကြောင့်မို့ထွန်းကားပေါက်မြောက်မယ့်သူတွေလို့ သတ်မှတ်နိုင်တယ်၊ ထက်မြက်မှုရှိမယ့်ကလေးတွေ ပါဘဲ။
ကျန်းမာရေးနဲ့ပတ်သက်ပြီး နှလုံးသွေး၊ မျက်စိဆိုင်ရာရောဂါတွေဖြစ်တတ်တယ်။
ဒီကလေးတွေချုချာယင် သံကိုလက်စွပ်ကွင်း ပြီးဝတ်ထားပေးရမယ်၊ ကျွေးရမယ့်ဓါတ်စာတွေက ဘာလီ၊ ဆန်ပြုတ်၊ ချင်း၊ လေးညှင်း၊ ဇာတိပ္ဖိုလ်၊ လိမ္မော်၊ ရှောက်၊ သံပုရာတို့ပါဘဲ၊ အများဆုံးတိုက် ကျွေးသင့်တာကတော့ ပျားရည်ပဲဖြစ်တယ်။ ကျန်းမာ ရေးအထူးဂရုစိုက်ရမယ့် အရွယ်တွေကတော့ ၁နှစ်၊ ၄နှစ်၊ ၁၀နှစ်၊ ၁၃နှစ်တို့မှာ ဖြစ်တယ်။
အဲဒီ့လို ၁၇ရက်အလွန်က နောက်၂၃ရက်အတွင်း
မွေးဖွားသူကလေးများကိုတော့ အင်္ဂါဂြိုဟ်က အုပ်စိုးပါတယ်။ သူတို့လေးတွေဟာ အသက်ကြီးပိုင်း မှာကောင်းစားပါလိမ့်မယ်။ အရက်သေစာနဲ့ မူးယစ် ဆေးဝါးတွေကို ရွံအောင်၊ မုန်းအောင်၊ ကြောက် အောင်ဆိုဆုံးမဖို့ အထူးအရေးကြီးပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ရမှာကတော့ ကျောက်၊ ၀က်သက်နှင့်အဖျားအမျိုးမျိုးပါဘဲ။
ရင်သွေးငယ်ဟာ ချူချာမယ်ဆိုယင် ကျောက် နီကိုသံနဲ့လက်စွပ်ကွင်းပြီးဝတ်ဆင်ပေးရမှာဖြစ်တယ် ဓါတ်စာတွေက ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်ကောင်းတို့ဖြစ်ပြီးဂရုစိုက်ရမယ့်အသက်အရွယ်တွေက ၉နှစ်၊ ၁၈နှစ်အရွယ်ဖြစ်တယ်။
ဒါကသင်္ကြန်တက်ပြီး ရက်၃၀အတွင်းမှာ မွေးတဲ့ တနင်္ဂနွေအုပ်စိုးခံရင်သွေးနဲ့ အင်္ဂါဂြိုဟ်အုပ်စိုးခံ ရင်သွေးတို့အဖို့ပေါ့။
(၂) သင်္ကြန်တက်ပြီး ပထမရက်၃၀နဲ့နောက်ရက် ၃၀ကြားမွေးဖွားတဲ့ရင်သွေးတွေအတွက်ကတော့
သောကြာဂြိုဟ်အုပ်စိုးခံရသူများဖြစ်တယ်၊ ဒီကလေးတွေဟာ အလှအပမြတ်နိုးမယ်၊ အပျော် အပါးနှစ်သက်မယ်၊ ဘာကိုမှသိပ်အလေးအနက်မ ထားတတ်ဘူး၊ သူတို့အတွက် ဆောင်ထားပေးရမှာ ကငွေနဲ့လုပ်တဲ့လခြမ်းပုံပါလည်ဆွဲဖြစ်တယ်၊ ၁၅နှစ်၊ ၁၆နှစ်ကျန်းမာရေးဂရုစိုက်ရမယ်။
သူဖြစ်တတ်တဲ့ ဝေဒနာကအထူးသဖြင့်က တော့အဆုတ်ရောင်ရောဂါပဲ၊ ဒါကြောင့်သူ့အဖို့လေ ကောင်းလေသန့်ရဖို့အရေးကြီးတယ်၊ ပဲအမျိုးမျိုး၊ သစ်ချသီး၊ တယ်သီး၊ သဖန်းသီး၊ နှင်းဆီပွင့်နဲ့ နှင်းဆီရွက်တို့ကို ဓါတ်စာအဖြစ်ကျွေးသင့်တယ်။
(၃) သင်္ကြန်တက်ပြီးရက်၆၀ကနောက်ရက်၃၀အ တွင်းမွေးဖွားတဲ့ရင်သွေးဟာ
ဗုဒ္ဓဟူးဂြိုဟ်စိုးမိုးသူဖြစ်တယ်၊ ဒီရင်သွေးကို သန္ဓေရစဉ်ကတည်းက မိဘတွေဟာစီးပွားရေးပြေ လည်လာမယ်။ ဖြစ်တတ်တဲ့ဝေဒနာတွေက အကြော ရောဂါ၊ အဖောအရောင်၊ အိပ်မရရောဂါများ၊ ကိုယ် လက်တစ်ခြမ်းသေပဲဖြစ်တယ်။ ၅နှစ်၊ ၁၄နှစ်အရွယ် မှာ အထူးဂရုစိုက်ရမယ်။
ဒီရင်သွေးအတွက် အိပ်ရေးဝဖို့၊ အနားရစေ ဖို့အရေးကြီးသလို ဆိတ်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်း ကျင်လည်းလိုအပ်တယ်၊ ချူချာမယ်ဆိုယင်တော့ ငွေ လက်စွပ်ဝတ်ဆင်ပေးရမယ်၊ ပေါင်မုန့်၊ မုန်လာဥ၊ ကရဝေးစေ့၊ သစ်ချသီးနဲ့အခွံမာတဲ့သစ်သီးတွေကို ဓါတ်စာအဖြစ်ကျွေးပေးရမယ်။
(၄) သင်္ကြန်တက်ပြီးရက်၉၀ကနေ နောက်၃၀ ရက်အတွင်းမွေးဖွားတဲ့ရင်သွေးငယ်ဟာ
တနင်္လာဂြိုဟ်နဲ့ နက်ပကျွန်းဂြိုဟ်တို့ရဲ့စိုးမိုး တာကိုခံရတယ်။ ဒီကလေးငယ်တွေဟာ ချူချာတတ် တယ်၊ စိတ်ဓါတ်ရေးရာပျော့ညံ့တယ်၊ အလွယ်တကူ စိတ်ထိခိုက်တတ်တယ်၊ ကျန်းမာရေးအထူးဂရုစိုက် ရမယ့်ကလေးပဲ၊ ၂နှစ်၊ ၇နှစ်၊ ၁၁နှစ်၊ အရွယ်တွေမှာ ပိုပြီးဂရုစိုက်ဖို့လိုအပ်တယ်။
ဒီကလေးငယ်ကိုလေကောင်းလေသန့်ရစေ ဖို့အရေးကြီးတယ်၊ အဆောင်အဖြစ်ပုလဲကို ရွှေနဲ့ ဖြစ်ဖြစ်၊ ငွေနဲ့ဖြစ်ဖြစ်ကွင်းဝတ်ရမယ်။ သူဖြစ်တတ် တဲ့ရောဂါတွေက အစာမကြေရောဂါ၊ အစာအိမ် ရောဂါအမျိုးမျိုး၊ ၀မ်းဗိုက်ဖောရောင်တာတို့ဖြစ်ကြ ပါတယ်၊ ဓါတ်စာအဖြစ် သောက်သုံးသင့်တာက အသီးအမျိုးမျိုးရဲ့အရည်ပဲဖြစ်တယ်၊ ဖရဲသီးစားလို့
တည့်ပါတယ်။
(၅) သင်္ကြန်တက်ပြီးရက်ပေါင်း၁၂၀ကနောက်၃၀ ရက်အတွင်းမွေးတဲ့ကလေးငယ်များဟာ
တနင်္ဂနွေဂြိုဟ်နဲ့ယူရေးနပ်ဂြိုဟ်တို့ စိုးမိုးတာ ကိုခံရတယ်၊ ဒီကလေးတွေဟာ စိတ်ကြီးတယ်၊ ဒေါသကြီးတယ်၊ ထက်မြက်တယ်။ သူတို့ကို၎နှစ်၊ ၁၀နှစ်၊ ၁၃နှစ်အရွယ်မှာ အထူးဂရုစိုက်ရမယ်။
နှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ရောဂါ၊ ဆီးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ခါးနာ၊ ခေါင်းကိုက်စတဲ့ရောဂါတွေနဲ့ သမားတော်တွေမှ ကု သနိုင်မှ ကျန်းမာနိုင်မယ့် ရောဂါတွေဖြစ်တတ်မယ်။
ဓါတ်စာအဖြစ် သင့်လျော်တာတွေက ဇာတိပ္ဖိုလ်၊ လေးညှင်း၊ ချင်း၊ သံပုရာ၊ လိမ္မော်၊ ရှောက်စသည်တို့ပါဘဲ။ ရှောင်ရမယ့်အစာတွေက အဆိမ့်လွန်၊ အချိုလွန်၊ အချဉ်လွန်၊ အငန်လွန်အစာ တွေဖြစ်တယ်(ရောဂါတွေကုသရာမှာ လျှပ်စစ်ဓါတ် နဲ့ကုသတာတို့၊ စိတ်ညှို့ပြီးကုသတာတို့ကို ဆောင် ရွက်နိုင်ပါတယ်။) ဆောင်ရမှာက ပယင်းကို ရွှေနဲ့ ကွင်းထားတဲ့လက်စွပ်ပါ။
(၆) သင်္ကြန်တက်ပြီးရက်ပေါင်း၁၅၀ကနေ နောက် ရက်ပေါင်း၃၀အတွင်းမွေးဖွားတဲ့ရင်သွေးငယ်တို့ဟာ
ဗုဒ္ဓဟူးဂြိုဟ်စိုးမိုးတာကိုခံရသူလေးတွေပါဘဲ၊ ဒါကြောင့်အပိုဒ်(၃)မှာပြောခဲ့တဲ့အတိုင်း ဆောင်နိုင်၊ ရှောင်နိုင်၊ မှတ်သားအသုံးချနိုင်ပါတယ်။
(၇) သင်္ကြန်တက်ပြီးရက်ပေါင်း၁၈၀ကနေ နောက် ရက်ပေါင်း၃၀အတွင်း မွေးဖွားတဲ့ရင်သွေးငယ်တို့
သောကြာဂြိုဟ်ကဘဲ စိုးမိုးနေပါတယ်၊ ဒါကြောင့်အပိုဒ်(၂)မှာ ပြောခဲ့တဲ့အတိုင်း မှတ်သားနိုင်ပါတယ်။
(၈) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၁၀ကနေနောက် ၃၀ရက်အတွင်း မွေးဖွားသူတို့ကို
အင်္ဂါဂြိုဟ်ကဘဲ စိုးမိုးပါတယ်၊ အင်္ဂါဂြိုဟ်စိုးမိုး တာမို့သင်္ကြန်တက်ပြီး ၁၇ရက်ကနေ နောက်၂၃ရက် အတွင်း မွေးဖွားတဲ့ရင်သွေးငယ်တွေလိုဘဲ မှတ်သား နိုင်တယ်။ (အသက်ကြီးသွားယင်တော့ ကွာခြား သွားလေ့ရှိတယ်။)
(၉) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၄၀ကနောက် ရက်၃၀အတွင်း မွေးဖွားယင်
ကြာသပတေးဂြိုဟ်က စိုးမိုးနေမယ်၊ သူတို့ အသက်၃နှစ်၊ ၁၂နှစ်မှာ ကျန်းမာရေးအထူး ဂရုပြုရ မယ်။
ကိုယ်လက်လှုပ်ရှား၊ အားကစားလုပ်တာ၊ အခြားအလုပ်တွေလုပ်တာမို့၊ ခန္ဓာကိုယ်အောက်ပိုင်း ၊နာကျင်ကိုက်ခဲတတ်မယ်၊ အကြောတက်တယ်။ အ ရေပြားရောဂါတွေ၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အ နားယူတတ်ဖို့ လိုတယ်။
အကြောရောဂါဖြစ်ယင်၊ ကိုက်ခဲတာဖြစ်ယင်၊ ဇာတိပ္ဖိုလ်သီးကို ဆားနဲ့သွေးပြီး ခပ်ထူထူလေးမ ကြာခဏလိမ်းပေးရမယ်။ သင့်လျှော်တဲ့ ဓါတ်စာတွေ ကတော့ မြက်၊ ကညွတ်၊ ချယ်ရီသီး၊ နာနတ်သီး၊ စပျစ်သီး၊ ဒန်းသီး၊ သဖန်းသီးတို့ပါဘဲ။ ကျန်းမာရေး ချူချာယင် ခဲမဖြူကို လက်စွပ်ကွင်းဝတ်ရမယ်။
(၁၀) သင်္ကြန်တက်ပြီးရက်ပေါင်း၂၇၀ကနောက် ထပ်ရက်ပေါင်း၆၀အတွင်းမွေးဖွားတဲ့ရင်သွေးငယ်
တို့ကို
စနေဂြိုဟ်ကစိုးမိုးတယ်။
ဒီရက်အတွင်း မွေးဖွားတဲ့စနေသားသမီးဟာ မိဘကိုဒုက္ခပေးတတ်တယ်၊(တစ်ခြားရက်တွေမှာမွေး တဲ့စနေသားသမီးတွေဟာ ဒုက္ခမပေးတတ်ပါဘူး။)
ကျန်းမာရေးဂရုစိုက်ရမယ့် အရွယ်က ၄နှစ်နဲ့ ၈နှစ်အရွယ်မှာဖြစ်တယ်၊ ဖြစ်တတ်တဲ့ရောဂါတွေက အသည်းရောဂါ၊ သည်းခြေရောဂါ၊ အူသိမ်မှာဖြစ် တတ်တဲ့ရောဂါ၊ ထုံကျင်ကိုက်ခဲ၊ သွေးအဆိပ်တက် ရောဂါတွေပါဘဲ၊ အသားနည်းနည်းဘဲကျွေးပြီး အသီး အရွက်များများကျွေးပေးရမယ်။
ခေါင်းကိုက်ယင် ဂရုမန်းသူယောင်မြစ်ကိုရှုနိုင် တယ်၊ ထုံကျင်နာဆိုယင်တော့ အဲဒီ့အမြစ်ကိုသွေး လိမ်းပေးရမယ်၊ ကျန်းမာရေးအတွက် ခဲဆွဲပေးထားရ မယ်။
(၁၁) သင်္ကြန်တက်ပြီး ရက်ပေါင်း၃၃၀ကနေ တစ် ကြိမ်သင်္ကြန်ကျလို့ အကြတ်နေ့အထိ ရက်ပေါင်း၃၀ အတွင်းမွေးဖွားသူတို့ကို
ကြာသပတေးဂြိုဟ်ကဘဲ စိုးမိုးပါတယ်။
ဒီတော့မှတ်သားစရာတွေ၊ဆောင်စရာ၊ရှောင်စရာတွေက အပိုင်း(၉)လိုပဲဖြစ်ပါတယ်။
ကဲ.ဒီလိုကိုယ့်ရင်သွေးမွေးတဲ့ရက်ကိုမူတည် ပြီး စိုးမိုးတဲ့ဂြိုဟ်အရ၊ ကြိုတင်သိထားယင် ကိုယ့်ရင် သွေးကိုဘယ်လိုပြုစုစောင့်ရှောက်သင့်တယ်ဆိုတာ ရိပ်စားမိလောက်ပါပြီ။
မိဘတိုင်းရင်သွေးများကိုထိထိရောက်ရောက်ချစ်ခင်ယုယနိုင်ပါစေ။
No Response to "ရင်သွေးအတွက်"
Add Your Comment