တစ်နေ့တွင် ကျွန်တော်သည် ဆရာတော် ဦးဥာဏိဿရနှင့်အတူ ရန်ကုန်မှစစ်ကိုင်းသို့ အတူ ပြန်လာခဲ့ပါသည်။ ကားပေါ်တွင်ဆရာတော်က -
]] ဟေ့ ဒကာ }}
]] ဘုရား }}
]] မင်း ပရိတ်ကြီး၁၁-သုတ်ရသလား }}
]] ရပါတယ်ဘုရား }}
]] အေးအဲဒီလို ပရိတ်ကြီး၁၁-သုတ်ထဲက လူအရွတ်အနည်းဆုံးသုတ်ကို ငါ့ကိုပြောကွာ...}}
]]လူအရွတ်အနည်းဆုံးသုတ်ရယ်လို့ ရှိလို့လားဘုရား }}
]] ရှိတာပေါ့ဒကာရဲ့ }}
]]တပည့်တော်ဖြင့်ကြားတောင်မကြားဖူးပါ
ဘုရား }}
]]အေးမှတ်ထား၊ အင်္ဂုလိမာလသုတ်ပေါ့ ဒကာရဲ့။ ကဲပြောစမ်းပါဦး ဒကာရဲ့၊အဲဒီ အင်္ဂုလိမာလသုတ်ကို လူတွေဘယ်နေရာမှာ ရွတ်ဆိုလေ့ရှိသလဲဆိုတော့ }}
]]အင်္ဂုလိမာလသုတ်ကို၊ ယောင်္ကျားတွေ၊ သူတို့မိန်းမတွေ ကိုယ်ဝန်ရှိလို့ မီးဖွားနေစဉ်မှာ မီးနေခန်းအပြင်ဘက်ကနေပြီး၊ ပါးစပ်က တွတ်ပွ တွတ်ပွ ရွတ်နေကြတာ တွေ့ဘူးတာပဲဘုရား၊အင်္ဂုလိမာလသုတ်
ဆိုတာ ကလေးမြန်မြန်မွေးစေတယ်လို့ ပရိတ်တော်နိဒါန်းမှာပါတာကိုးဘုရား }}
]] အေး အဲဒါပဲကွ၊တကယ့်တော့ လူတွေက ဗစစူပ မလုပ်တတ်ကြဘူး။ တကယ်တော့အင်္ဂုလိမာလသုတ်ကို အကျဉ်းထောင်၊ အချုပ်-စသည် အကျဉ်းအချုပ်ကျခံစဉ်မှာ ရွက်ဆိုဖို့ ပိုသင့်တယ်ကွဲ့။ သန္ဓေသားကလေး၊ မိခင်ရဲ့ဝမ်းဗိုက်အတွင်းမှာ အညစ်အကြေးပေပေလူးလူးနဲ့နေရ၊ ခြေမလှုပ်သာ လက်မလှုပ်သာ၊ မှောင်မဲနေတဲ့ အလင်းရောင်ရယ်လို့ ဘာမှမရှိတဲ့နေရာမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေနေရတဲ့ ဘ၀ကနေပြင်ပလောကသို့ လွယ်ကူလျင်မြန်စွာမွေးဖွားစေတယ်။ အဲဒီဥပမာကို ဥပမေယျထပ်လိုက်တော့ -အမိဝမ်းဗိုက်ဟာအကျဉ်းထောင်နဲ့ပမာတူတယ်။သန္ဓေသားကတော့ အကျဉ်းသားနဲ့ပမာတူတယ်။ အင်္ဂုလိမာလသုတ်ရဲ့တန်ခိုးတော်ကြောင့် အကျဉ်းအချုပ်မှ လွယ်ကူလျင်မြန်စွာ လွတ်မြောက်စေတယ်။ အကျဉ်းအချုပ်ကျရောက်နေတဲ့လူတွေဟာဒီ အင်္ဂုလိမာလသုတ်ကို အမြဲအပြတ် ရွတ်ဆိုသင့်တယ် ဒကာရဲ့}}
]] မှန်ပါဘုရား }}
]] စာသစ်စာကျက်၊ အောက်ထပ်ဝန်းရံ၊ ပုတ်နံ ညှီလှောင်း၊ ကျဉ်းမြောင်းမည်းမိုက်၊ မိဝမ်းတိုက်ဝယ်၊
ကျောက်ကိုခေါင်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊ မေးဖျားလက်ထောက်၊ သစ်ငုတ်တိုမှာ၊မျောက်အိုကုတ် သည့်နှယ်၊ မလှုပ်မယှတ်၊ သေလောက်လက်ဝယ်၊ဆိတ် သူငယ်လို၊ အလမ္ဗါယ်မိ၊ေ>မငယ်ချိသို့၊ အမိစပ်ခါး၊
ပူအေး စားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တ စေ၊ ဆယ်လနေ၍၊ လေကမ္မဇ၊ ဦးစောက်ချသား၊ မဂ်ဝ သို့ရောက်၊ သံကောက်ပေါက်မှ၊ ဆွဲမြောက်ဆင်ပြောင်၊ သံတောင်ကြိတ်ချေ၊ ပုံနေရယိက၊ ကြီးမားလှသည်၊ဒုက္ခ ဇာတိ၊ မူရင်းတည်း ]] တဲ့ ဒကာရဲ့ }} ။
( မှတ်ချက် ။ ။ ယခုပြောပြသည့်အကြောင်းအရာမှာ စဉ်းစားစရာမဟုတ်ပါလား။ )
အင်္ဂုလိမာလသုတ်၏လျို့ဝှက်ချက်
Published on Tuesday, November 27, 2012 in ဘာသာရေး ဆောင်းပါးများ
0 comments
အငြင်းရှိလျှင်
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
မည်သည့်အရာမျိုးမဆို အပ်၏၊ မအပ်၏၊ အငြင်းအခုံဖြစ်လာလျှင် ထိုငြင်းခုံနေကြသောကိစ္စကိုမလုပ်ဘဲ ရှောင်လိုက်ကြပါ။ ဥပမာ-တစ်ဦးကရွာတွင် ဖိနပ်စီးကောင်း၊ မကောင်းဟုဆိုက မစီးဘဲရှောင်လိုက်လျှင် မည်သူကိုမျှမထိခိုက်၊ အပြစ်ပြောစရာမရှိ။ အငြင်းရှိလျှင် ရှောင်ကြ၊ အပြစ်ကင်းတယ်၊ အချိန်ကုန်သက်သာတယ်။ }}
ဒီဆုံးမသြ၀ါဒဟာ ဘုန်းကြီးဦးသီလ၏အဆုံးအမသြ၀ါဒကထာဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားပြီးမြင့်မြတ်တဲ့သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ဘယ်ဘက်အခြမ်းမှာ ကရုဏာရှိပြီး၊ ညာဘက်အခြမ်း မှာပညာအပြည့်ရှိပါတယ်။ အဲဒီကရုဏာ၊ ပညာတရားတွေနဲ့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အခွင့်အရေးတွေကိုစတေးပြီး အများကောင်းစားရေးအတွက် လောကအပေါ် စေတနာအပြည့်ထားနိုင်တာကို ပါရမီဖြည့်တယ်လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ပါရမီဖြည့်တယ်ဆိုတာ လောဘ၊ အတ္တ၊ မာနတွေကြောင့်အကျည်းတန်၊ အရုပ်ဆိုးလှတဲ့ လူ့ဘ၀၊ လူ့စေတနာကို လှပယဉ်ကျေး၊ အသိမ်မွေ့ဆုံးဖြစ်အောင် ခြယ်မှုန်းပြုတန်ဆာဆင်ပေးတာကို ခေါ်တာပါ။
လူရယ်လို့ဖြစ်လာရင်၊ အကြောင်းတစ်ခု၊တစ်ခု အပေါ်မှာ အခြေခံပြီးငြင်းခုန်စရာ၊ အငြင်းပွားစရာတွေ ပေါ်ပေါက်တက်စမြဲပါ။ ဘုန်းတော်ကြီးဦးသီလကတော့ အငြင်းရှိလျှင် ရှောင်ကြ၊ အပြစ်ကင်းတယ်။အချိန်ကုန်သက်သာတယ်လို့ ဆုံးမတော်မူခဲ့ပါတယ်။
-လူ့ယဉ်ကျေးမှု၊ လူ့ဂုဏ်သိက္ခာ၊ လူ့အဆင့်အတန်းတိုးတက်မြင့်မားစေဖို့၊
-(၃၁)ဘုံအလယ်မှာ အထက်တန်းကျကျ၊ မျက်နှာပန်းလှအောင် <ကယ်ဝချမ်းသာစေဖို့အတွက် တော်ရုံတန်ရုံအငြင်းပွားစရာ ကိစ္စတွေဖြစ်ပေါ်လာတဲ့အခါတိုင်း ဆင်ခြင်သတိ၊ အသိပညာထားတက်ကြဖို့ပြောပြတာပါ
0 comments
တရားအားထုတ်တယ်ဆိုတာ
Published on in ဘာသာရေး ဆောင်းပါးများ
(၁)တရားအားထုတ်တယ်ဆိုတာ အသိ(ပညာ)တိုးတက် အောင် လုပ်နေတာပါ။
(၂)အသိဆိုတာ သတိရှိသူများမှ ရှိနိုင်တဲ့တရားပါ။
(၃)အလုပ်တိုင်းကို သတိထားရင် အလုပ်တိုင်းကိုသိနေ
ပါတယ်။
(၄)အလုပ်တိုင်းကို သိနေသူဟာ အသိကိုလုပ်နေသူ
ပါပဲ။
(၅)အလုပ်ကို အမြဲသိနေရင် အသိကိုအမြဲလုပ်နေသူ
ဖြစ်ပါတယ်။
တရားကို ဓမ္မလို့ခေါ်ပါတယ်။
မတရားတာကို အဓမ္မလို့ခေါ်ပါတယ်။
တရားအားထုတ်တယ်ဆိုတာ မိမိအတွေး၊ အကြံ၊ အပြော၊ အလုပ်တွေမှာ မတရားတာတွေ မတွေးမိမကြံမိ၊ မပြောမိ၊ မလုပ်မိအောင် စောင့်ထိန်းနေတာပါ။ ငုတ်တုတ်ကြီးထိုင်နေမှ တရားအားထုတ်တာမဟုတ်ပါ။ ဘယ်လက်ပေါ်မှာ ညာလက်တင်၊ တင်ပလ’င်ခွေထိုင်၊ ခါးကိုဖြောင့်တန်းစွာထားပြီး ထိုင်နေတာကို တရားအားထုတ်တယ်လို့ မခေါ်နိုင်ပါဘူး။ ထိုင်နေရင်း၊ ထနေရင်း။ လမ်းလျှောက်နေရင်း၊ လဲလျှောင်းနေရင်း၊ဘယ်လိုပုံစံနဲ့နေနေ၊ ကိုယ့်ရဲ့ကံ (၃)ပါးမှာ မတရားတာတွေ၊ အဓမ္မတွေ မတွေး၊ မပြော၊ မလုပ်ဘဲနေရမှာပါ။
(၆) ကြုံကြိုက်ခဲလှတဲ့ ဗုဒ္ဓမြတ်စွာသာသနာတော်ကို လူ့အဖြစ်နဲ့ဆုံဆည်းခွင့်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်
ဟာ -
(က)သူယုတ်မာအဖြစ်မှ သူတော်ကောင်းဖြစ်လာဖို့၊
(ခ)မကောင်းမှုဒုစရိုက်မှ ကောင်းမှုသုစရိုက်ဖြစ်စေဖို့၊
(ဂ)ယုတ်နိုင်တဲ့ဘ၀ မှ မြင့်မြတ်တဲ့ဘ၀ရောက်ဖို့
(ဃ)ဆင်းရဲဒုက္ခ မှ ချမ်းသာသုခရဖို့၊
(င)အ၀ိဇ္ဇာအမိုက်မှောင်မှ ၀ိဇ္ဇာအလင်းရောင်ကိုရဖို့ဖြစ်ပါတယ်။
(၇)ပညာရှိသူတော်ကောင်းတွေဆိုတာ ဘ၀နဲ့တရားကို တစ်ထပ်တည်း၊ တစ်သားတည်းပြုလုပ်ထားတဲ့လူတွေပါ။ သူတော်ကောင်းတရားတွေရဲ့ မြစ်များဟာ မိမိတို့ရဲ့နှလုံးသားဖြစ်ပြီး လောကပါလတရားတွေရဲ့ဗဟိုရ်ချက်မဟာလည်း မိမိတို့ရဲ့ နှလုံးသားဖြစ်တယ်ဆိုတာ ယုံကြည်လက်ခံထားကြသူတွေပါ။
(၈)တကယ့်သူတော်ကောင်းဘ၀ဆိုတာ စကားနဲ့တည်ဆောက်လို့မရပါ။ တရားနဲ့တည်ဆောက်ရတာ ပါ။ ဘ၀မှာ ဒုက္ခသစ္စာဆိုတာအမှန်တကယ် တည်ရှိတာမို့ ဒုက္ခလွတ်ကြောင်း သူတော်ကောင်းတရားကိုလည်းအမှန်တကယ်အားထုတ်ကြရမှာပါ။ တရားအားထုတ်ကြတယ်ဆိုတာ အဲဒါပါပဲ။
0 comments
ရခဲတဲ့အရာ နဲ့ ရလွယ်တဲ့အရာ
Published on in ဘာသာရေး ဆောင်းပါးများ
ပုဂ္ဂိုလ် သတ္တ၀ါ အားလုံးဟာ အတိတ်ရဲ့ သားသမီးတွေဖြစ်ပြီး၊ အနာဂတ်ရဲ့မိဘတွေဖြစ်ပါတယ်။ သတ္တ၀ါတွေဟာ အတိတ်ကလာကြတာပါ။ လက်စမ သတ်နိုင်သေးတဲ့ အလုပ်(ကံ)တွေကြောင့် အတိက်က အကောင်းအဆိုး အမူအကျင့်တွေကို ယူဆောင်လာပြီး ပစ္စုပ္ပန်ကို ရောက်လာကြတာပါ။
အတိက်ဟာ ပစ္စုပ္ပန်ကို မွေးဖွားပေးပြီ၊ ပစ္စုန်ပ္ပန်ကတော့ အနာဂတ်ကို ပေါက်ဖွားစေပါတယ်။
ကိုယ်ကျိုးရှာ လိုချင်မှုတွေကို လက်စသတ် မဖျက်ဆီးနိုင်သမျှ သတ္တ၀ါတွေဟာ ကြောင်းကျိုးဆက်
ဖြစ်စဉ်ကြီးထဲမှာ မျောပါနေကြရမှာပါ။
လူ့ဘ၀လူချမ်းသာဆိုတာ ]]အရှိ}} တရားတစ်ခုထဲနဲ့ မပြည့်စုံနိုင်ပါဘူး။ လူ့ဘ၀ရဲ့ အဖိုးတန်ဆုံးရတနာတွေဟာ ]] အသိ }} တရားပဲဖြစ်ပါတယ်။ အရှိတရားတွေမဟုတ်ပါ။ ဒါပေမယ့် အရှိတရားတွေနောက်လိုက်ရင်း ]] အသိ }} တရားတွေမပျောက်ပျက်ဖို့၊ လောကနောက်လိုက်ရင်း ဓမ္မတွေမဆုံးရှုံးဖို့ကိုတော့ သတိကြီးစွာထားရမှာပါ။
ဘ၀သံသရာမှာ ဘ၀၊ အသက်၊ ခန္ဓာကို ပြန်ရဖိုကဆိုတာ ခဲယဉ်းတဲ့ကိစ္စမဟုတ်။ ဒါပေမယ့် ဘုရားပွင့်တော်မူတဲ့အချိန်အခါမှာ သူတော်ကောင်းတရားနဲ့ အရိယာသစ္စာကို သိမြင်နိုင်ခွင့်ဆိုတာတွေဟာ ဘ၀သံသရာမှာ တွေ့ကြုံရဖို့ အင်မတန်ခဲယဉ်းလှပါတယ်။
အမြဲတမ်း ဖြစ်ပေါ်တွေ့ကြုံနေကျ သာမာန်ကိစ္စနဲ့ -တစ်ခါတစ်ရံမှသာ ကြုံတွေ့ရတက်တဲ့ အခွင့်ကောင်း အခွင့်ထူးဒီနှစ်ခုကို အသိဥာဏ်ချိန်ခွင်ပေါ်မှာ
တင်ပြီး ယှဉ်ကြည့်မိတဲ့ သူတော်ကောင်းတွေဟာ ]]ရခဲတဲ့အရာ}}အတွက် ]] ရလွယ်တဲ့အရာ }} တွေကိုမငဲ့
မကွက်၊ ရက်ရက်စက်စက် စွန့်ပစ်တက်ကြပါတယ်။
လူတိုင်းလူတိုင်း ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာဖြစ်နိုင်ကြသလိုကိုယ်ဆင်းရဲ စိတ်ဆင်းရဲလည်း ဖြစ်နိုင်ကြတာပဲ။
- တစ်ချို့ကတော့ ကိုယ်ချမ်းသာပြီး စိတ်ဆင်းရဲကြ၊
-တစ်ချို့ကျတော့ ကိုဆင်းရဲပြီး စိတ်ချမ်းသာကြ၊ ဒီလိုဖြစ်ကြတာကတော့ ဘ၀ပေးအခြေအနေနဲ့မသက်ဆိုင်ဘဲ ဘ၀အပေါ်မှာထားတဲ့ သဘောတရားနဲ့ပဲ အဓိကသက်ဆိုင်ပါတယ်။
- ဘ၀မှာ အောင်မြင်မှုဆိုတာက ကိုယ်လိုချင်တာကိုရတာပါ။
- ပျော်ရွှင်ချမ်းမြေ့မှုဆိုတာကျတော့ ကိုယ်ရတာကိုပဲ ကျေနပ်သဘောကျတာပဲဖြစ်ပါတယ်။
0 comments
ခန္တီဆိုတဲ့ သည်းခံခြင်းအစစ်ဆိုတာဘာလဲ
Published on in ဘာသာရေး ဆောင်းပါးများ
လောကီစီပွားရေးတွင် အချိန်ပိုင်းအတွင်း လျှင်မြန်စွာ ကြီးပွားတိုးတက်လာအောင် လုပ်ဆောင် သလိုလောကုတ္တရာ ငြိမ်းချမ်းရေးတွင်လည်း မကြာမီ အချိန်ပိုင်းအတွင်း သေသွားနိုင်သည် ဟူသော အသိစိတ်ဖြင့်လုံ့လ၀ီရိယစိုက်ထုတ်ပြီး ကြိုးစားပွားများ အားထုတ်နိုင်လျှင်လည်း လောကုတ္တရာ ငြိမ်းချမ်းရေး အတွက် အလျှင်အမြန် တိုးတက်လာနိုင်ပါတယ်။
မိမိတို့ဘ၀ အေးအေးချမ်းချမ်း သာသာယာယာနေနိုင်ဖို့အတွက် ပြင်ဆင်ထားရသလို သေဖို့အတွက်လည်း အသေတက်၊ အသေမြတ်အောင်ပြင်ဆင်ထားဖို့ အထူးလိုအပ်ပါတယ်။ သို့သော် လောကလူသားအများစုမှာ မိမိတို့ဖြစ်လာရသော ဘ၀ကိုခုံမင်တပ်မက်စွာ စည်းစိမ်ယစ်မူးဖို့သာ ပြင်ဆင်
နေသူများပါတယ်။ မိမိတို့ဘ၀အတွက် အဆင့်အတန်းမြင့်မြင့်၊ ခေတ်မီမီနေထိုင်နိုင်ဖို့အတွက်သာ အားကုန်စိုက်ကြိုးစားရှာဖွေနေကြတာပါ။
ပစ္စည်းဥစ္စာပြည့်စုံ<ကယ်ဝသူတွေကလည်း ရောင်ရဲတင်းတိမ်ခြင်းမရှိဘဲ ပြည့်စုံတဲ့အဆင့်အတန်းထက်သာလွန်အောင်ကြိုးစားရှာဖွေနေကြတုန်းဖြစ်ပါတယ်။ မရှိဆင်းရဲသားတွေကလည်း ရှိလာအောင်ကြိုးစားရှာဖွေနေကြတယ်။ ရှာဖွေလို့ ရလာပြန်ပေမယ့် အားရကျေနပ်ပြည့်စုံပြီရယ်လို့မရှိ။ လောဘခိုင်းသမျှ အားကုန်ရုန်းနေကြပါတယ်။
ကြိုးစားရှာဖွေနေကြသူတွေကို အပြစ်ပြောနေ
ခြင်းမဟုတ်ပါ။ မိမိတို့ရုပ်ပိုင်းဆိုင်ရာတွင် အေးချမ်းစွာ
နေနိုင်အောင်ကြိုးစားကြရသလို အိုနာသေအတွက်လည်း ပြင်ဆင်ဖို့အရေး၊ အလွန်လိုအပ်နေပါတယ်။
ပရိတ်ကြီး(၁၁)သုတ်ထဲက မင်္ဂလသုတ်ဆိုတာရှိပါတယ်။ (၃၈)ဖြာမင်္ဂလာတရားတော်ထဲမှာ]]ခန္တီစ}}ဆိုတဲ့စကားတစ်လုံးပါပါတယ်။ မြန်မာလို သည်းခံခြင်းလို့အဓိပ္ပါယ်ရပါတယ်။ သည်းခံတာနဲ့ပတ်သက်လို့ဆရာတော်ဦးဥာဏိဿရကို မေးလျှောက်ဖူးပါတယ်။
]]ဆရာတော်-သည်းခံတယ်ဆိုတာဘယ်လိုဟာကိုခေါ်တာတုန်း၊ ဘယ်လိုသည်းခံရမှာတုန်းဘုရား}}
]]သည်းခံခြင်းဆိုတဲ့နေရာမှာ သည်းခံခြင်းအတုနဲ့အစစ် နှစ်မျိုးရှိတယ်ဒကာရဲ့}} မနိုင်လို့ သည်းခံလိုက်ရတာ သည်းခံခြင်းအတုကွဲ့။ ကိုယ့်ကိုဆဲတာ၊ ရိုက်တာ-ဒါတွေကိုသည်းခံရတာကလည်းတကယ်တော့သည်းခံခြင်းအတုတွေပဲကွဲ့။
]]တကယ့်သည်းခံခြင်းအစစ်ဆိုတာက အာရုံနဲ့ဒွါရတိုက်တိုင်းမှာ ရင်ထဲကလှိုက်တက်လာတဲ့ ကိုယ့်ရဲ့လောဘ၊ ဒေါသ၊ မောဟတွေကို သည်းခံနိုင်တာကို၊ သည်းခံခြင်းအစစ်လို့ခေါ်တယ်။ ကိုယ့်ကိုဆဲတဲ့အသံကြားရင် ဒေါသဖြစ်မယ်။ အဲဒီဒေါသကိုသည်းခံပါ။ ကိုယ့်ကိုကောင်းတဲ့စကားနဲ့ ချီးမွမ်း ထောပနာပြုရင် ကျေနပ်တဲ့လောဘဖြစ်မယ်။ အဲဒီလောဘကို သည်းခံပါ။ အဲဒါမှသည်းခံခြင်းအစစ် ]]ခန္တီ}}ဖြစ်မယ်။မင်္ဂလာဖြစ်မယ်။ မင်္ဂလာဆိုတာ ကုသိုလ်ပါပဲ။
0 comments
အကောင်းအဆိုးဆိုတာ အကြောင်းအကျိုးရဲ့လက်အောက်ခံပါ
Published on in ဘာသာရေး ဆောင်းပါးများ
ပညာဆိုတာ မိမိတွေ့ကြုံဆုံစည်းနေရသော ဖြစ်ရပ်များ အပေါ်မှာ အကောင်းအဆိုး အကြောင်း အကျိုး အမှားအမှန်ကို ပိုင်းခြားဝေဖန်တတ်တဲ့ဥာဏ် ကို ဆိုလိုတာပါ။
ကိစ္စများမြောင်လှသော လူ့လောကကြီးမှာ ဖြစ်ရပ်တွေကလည်း အမျိုးစုံလင်လှပါတယ်။ အဲဒီ ဖြစ်ရပ်တွေထဲမှာ အကောင်းလည်းရှိပါတယ်။ အဆိုး လည်း ရှိပါတယ်။
မိမိကကောင်းတယ်ထင်ပြီး ပြုလုပ်မိရာမှအဆိုး ဘက်သို့ရောက်သွားတက်တဲ့ အဖြစ်မျိုးတွေ ရှိသလို မိမိက အဆိုးဟုထင်ထားသော အရာတို့သည်လည်း မမျှော်လင့်ဘဲ အကောင်းဖြစ်လာရတဲ့ အဖြစ်များလည်း
ရှိပါတယ်။
တစ်ခါတစ်ရံ - အဆိုးကို အဆိုးမှန်းမသိ၍ ပြုမိတဲ့အတွက် ဒုက္ခရောက်ကြရတဲ့အဖြစ်များလည်းရှိပါတယ်။ ထို့ကြောင့်မည်သည်က အကောင်း၊ မည်သည်ကအဆိုး-ဟု ပိုင်းခြားဝေဖန်တက်သော ဥာဏ်ပညာသည် လူတိုင်းမှာမရှိမဖြစ် ရှိအပ်သည်သာဖြစ်ပါတယ်။
တစ်ချို့က လောကကြီးကိုအကောင်းလို့မြင်တတ်ကြပြီး၊ အချို့ကလောကကြီးကို အဆိုးလို့မြင်တတ်ကြပါတယ်။
တကယ်တော့ - လောကကြီးကို လွှမ်းမိုးအုပ်စိုးနေတာဟာ အကောင်းနဲ့အဆိုးမဟုတ်ဘဲ အကြောင်းနဲ့အကျိုးသာဖြစ်ပါတယ်။
အမှန်မှာတော့- လောကကြီးမှာအကြောင်းရှိသလောက် အကျိုးသက်ရောက်နေခြင်းသာဖြစ်ပါတယ်။
အကောင်းအဆိုးဆိုတာ အကြောင်းအကျိုးရဲ့ လက်အောက်ခံပါပဲ။ လူ့ဘ၀ဆိုတာ သွန်သင်ညွှန်ပြဆုံးမနာယူမှုတို့ဖြင့် အစဉ်လွှမ်းခြုံရစ်ပတ်ထားရမယ့် ဖြစ်စဉ်ကြီးတစ်ရပ်ဖြစ်ပါတယ်။ လူ့ဘ၀သည် ပန်းခင်း
လမ်းကဲ့သို့ ဖြောင့်ဖြူးသာယာနေတာမဟုတ်ပါ၊ ခရောင်းတောလို ကြမ်းတမ်း၍အကွေ့အကောက်အတက်အဆင်း ဆူးငြောင့်ခလုတ်၊ ဘေးအန္တရာယ်ပေါများလှတဲ့ ခရီးကြမ်းကြီးတစ်ခုပါ။ သတိလစ်၍ တစ်ချက်မှားတာနဲ့ ဒုက္ခပင်လယ်ဝေကာ တစ်သက်တာ ခေါင်းမထောင်နိုင်လောက်အောင် ဘ၀အမှောင်ထဲသို့ရောက်သွားနိုင်ပါတယ်။
မည်သည့်အရာသည် အမှန်တရား၊ မည်သည့်အရာက အမှား၊ မည်သည့်လမ်းကသွားလျှင်၊ မည်သည့်လမ်းကိုလိုက်လျှင် ဒုက္ခရောက်မည်ကို သွန်သွင်ညွှန်ပြဆုံးမတက်တဲ့ ဆရာကောင်း၊ ဆရာစစ်၊
ဆရာမှန်နဲ့တွေ့ဖို့ လူတိုင်းလိုအပ်နေပါတယ်။
0 comments
မေတ္တာပို့တယ်ဆိုတာ
Published on in ဘာသာရေး ဆောင်းပါးများ
ဗုဒ္ဓဘာသာဝင်တွေနဲ့ အမြဲတစေအကျွမ်းတ၀င် ရင်းနှီးပြီးသားဝေါဟာရတစ်ခုကတော့ မေတ္တာပို့တယ် - ဆိုတဲ့စကားပါပဲ။ မေတ္တာပို့တယ်ဆိုတာ
(၁) အဝေရာ ဟောန္တု
(၂) အဗျာပဇ္ဇာ ဟောန္တု
(၃) အနီဃာ ဟောန္တု
(၄)သုခိ အတ္တာနံ ပရိဟရန္တု - ဆိုတဲ့ အာသီသမန္တာန်ကြီး (၄)ချက်ဖြင့် ထိထိခိုက်ခိုက် မန်းမှုတ်ပြီးမေတ္တာညှို့ဓာတ်ဖြင့်၊ သမာဓိအုပ်စိုးတဲ့စိတ် ဖြင့် သတ္တ၀ါတို့ကို အာရုံပြုကာ အဖန်ဖန်ဖြစ်ပွားစေမှု ကို ဆိုလိုတာပါ။ အဓိပ္ပါယ်နောက်တစ်မျိုးကတော့ မိမိ၏မေတ္တာနာမ်ကို သတ္တ၀ါတို့အပေါ်၌ ထိခိုက် အောင်စေလွှတ်ပြီး မေတ္တာမန္တာန်ကြီး (၄)ချက်နဲ့ ညှို့ခြင်းကို မေတ္တာပို့တယ်လို့ ဆိုလိုတယ်။ အာရုံ ဖြစ်တဲ့သတ္တ၀ါတို့အပေါ်သို့ရောက်အောင် မိမိမေတ္တာ ကို ပို့ထားခြင်းကိုလည်း ဆိုနိုင်တယ်။
တကယ်အစစ် မေတ္တာပို့မှု ဆိုတာမလာက် ပါဘူး။ ညှို့ဓာတ်သဘောသို့ ရောက်အောင် ထက်သန် တဲ့မေတ္တာဓာတ်ကိုဖြစ်စေနိုင်ပါမှ တကယ်စစ်စစ်မေတ္တာပို့နည်းအမှန်ဖြစ်နိုင်တာပါ။ သတ္တ၀ါတည်းဟူသော အာရုံအပေါ်သို့ မေတ္တာကိုထိထိခိုက်ခိုက်
မန်းမှုတ်ခြင်းသည်ပင် အဓိကဖြစ်ပါတယ်။
အခုတလော မိတ်ဆွေအချင်းချင်း တွေ့ဆုံကြတဲ့အခါ ]] ကျုပ်-အမြဲတန်းမေတ္တာပို့နေပါတယ် }}ဆိုတဲ့စကားကို ပြောကြားလေ့ရှိကြတယ်။ တစ်ယောက်နဲ့တစ်ယောက် စာပေးစာယူလုပ်ကြတဲ့အခါမှာလည်းနေ့စဉ်မေတ္တာပို့သနေပါတယ် စသည်အားဖြင့် ရေးသားလေ့ရှိကြတယ်။သည်လိုမေတ္တာပို့နည်းတွေကတော့လူ့ယဉ်ကျေးမှုဓမ္မတာအတိုင်း ပြောဆိုရေးသားကြတဲ့အတွက် လောကွက်မေတ္တာတွေသာဖြစ်တယ်။ သည်လိုလောကွက်မေတ္တာပြုလုပ် ကြတာကိုလည်း အပြစ်မဆိုထိုက်ပါဘူး။ ပြောပြရေးကြမြဲဖြစ်တဲ့ ဓလေ့ဓမ္မတာကိုလူတို့၏ ၀တ္တရားအတိုင်း ပြုကြမြဲဖြစ်တယ်။
အဲဒီအပြင် ဘုရားရှိခိုးပြီးတိုင်းလည်း သဗ္ဗေသတ္တာ သဗ္ဗေပါဏာအစချီတဲ့ မေတ္တာပို့လက်ရိုးကြီးကိုရွက်ဆိုကာ မေတ္တာပို့လေ့ရှိကြတယ်။ သည်လိုမေတ္တာပို့နည်းကတော့ တကယ့်မေတ္တာဘာဝနာ အစစ်ကြီး မဟုတ်သော်လည်း သူတော်ကောင်းတို့၏ အစဉ်အလာ၊ စရိုက်၊ ၀ါသနာကို အတုယူတဲ့အလေ့အကျင့်ကောင်းဖြစ်လို့ချီးမွမ်းထိုက်ပါပေတယ်။ နှုတ်ဖြင့်ရွက်ဆိုကာ မေတ္တာရွတ်ဆိုကာ မေတ္တာပို့ကြတဲ့အတွက်ဝဇီကံမေတ္တာရယ်လို့ဆိုရမယ်။ ဆိုသင့်တယ်။
ဒီနေရာမှာ - လောကွတ်မေတ္တာ၊ ၀စီကံမေတ္တာနဲ့စပ်လျဉ်းပြီးတော့ ကျေးဇူးရှင်လယ်တီ ဆရာတော်ကြီး မိန့်ကြားခဲ့တဲ့ ၀တ္တုလေးတစ်ပုဒ်ပြောပြချင်တယ်။
တစ်နေ့သောအခါ ဆရာတော်ကြီးရဲ့တပည့် အရင်းဖြစ်တဲ့ အဘိဓမ္မာဆရာကြီး ]] ဦးတောက်}}က ဆရာတော်ထံချဉ်းကပ်ပြီး -
]]တပည့်တော် မေတ္တာကမ္မဌာန်းကို စီးဖြန်း ပွားများနေပါတယ်ဘုရား }}လို့ လျှောက်ထားတယ်။
]] သာဓုကွယ်၊ တော်ပါပေရဲ့၊
မေတ္တာကမ္မဌာန်းဆိုတာ မိမိအကျိုး သူတစ်ပါး အကျိုးကို ဆောင်ရွက်တဲ့ ကမ္မဌာန်းမျိုးဖြစ်လို့ အထူး ကောင်းမြတ်ပါတယ်။ သို့ပါသော်လည်း မေတ္တာ ဘာသနာကို ပွားများတဲ့အခါ ထိထိခိုက်ခိုက် စူးစူး စိုက်စိုက်ပွားများရတယ်။ ပေါ့ပေါ့တန်တန်ဝစီကံလေးနဲ့ ၀တ္တရား ကျေပွန်ရုံ ပွားများရတာမျိုး မဟုတ်ဘူး။ မနောကံအလုပ်မျိုးဖြစ်တဲ့အတွက်ကြောင့် အတွင်းစိတ် ပါပါ တကယ်စိတ်စေတနာနဲ့ ပွားများရတယ်။ ရွှေယင်းမာရွာ သင်္ကြန်အခါ အစဉ်အလာမပျက်အောင် ရေပက်သလိုပုံစံမျိုးတော့ မပွားများနဲ့ကွဲ့။ ရှေးအခါက ရွှေယင်းမာရွာဟာအလွန်တရာရေရှားတယ်။ နွေအခါ ဆိုရင်တော့ ရေအရမ်းရှားတာပေါ့။ သင်္ကြန်ရောက် တော့ မြန်မာလူမျိုး ဓမ္မတာရေပတ်လေ့ရှိကြတဲ့အတိုင်း ရွှေယင်းမာရွာမှာလည်း ရေပတ်ကြတာပေါ့။ သင်္ကြန်က လဲနွေရာသီဆိုတော့ ရေ-ဖောဖောသီသီ မပက်နိုင်ကြ ရှာဘူး။ ဒီတော့ ထုံးစံလည်းမပျက်ရအောင် ပန်းကန်လုံးလေးထဲမှာရေထည့်ပြီး ဂွမ်းပေါက်နဲ့ရေကို တို့တို့ပြီး၊ ရောက်လာတဲ့လူများကို ]] ရွှဲရော့လဟယ် }}ဆိုပြီး ရေဂွမ်းပေါက်နဲ့ဆွတ်ဆွတ်ပေးကြရှာသတဲ့။ သူတို့နှုတ်ကဆိုတဲ့အတိုင်း ရွှဲဖို့နေနေသာသာ၊ အေးတောင်မအေးဘူး။ ရေပက်လိုက်ကြတာ အရမ်းပျော်စရာကောင်းတာပဲလို့ ပြောကြရှာသတဲ့။ သူတို့ရွာ စရိုက်နဲ့ သူတို့သင်္ကြန်ပွဲကို သူတို့ထင်မြင်ချက်အတိုင်း ကျေနပ်နေကြတာပေါ့လေ။ ရွှေယင်းမာရွာမှာ ရွှဲလဲမရွှဲဘဲနဲ့ ]]ရွှဲရော့လဟယ်}}လို့ပြောဆိုကာ ရေပက်ကြသလိုမျိုး - ထိထိရောက်ရောက်စိတ်ပါပါနှင့် မပွားများနိုင်ဘဲ၊ ၀တ္တရားကျေရုံ၊နှုတ်ဖြင့်ရွက်ဆိုကာပွားများတဲ့ မေတ္တာပို့နည်းမျိုး မဖြစ်ရလေအောင် သတိထားရမယ်။ အဲဒီဝတ္တုစာလေးဟာမေတ္တာပွားများရေးကိစ္စမှာ လွန်စွာမှတ်သားဖို့ကောင်းတယ်။
0 comments
သုခီ အတ္တာနံ ပရိဟရန္တု
Published on in ဘာသာရေး ဆောင်းပါးများ
သုခီ အတ္တာနံ ပရိဟရန္တု ဆိုတာက
အတ္တာနံ = မိမိကိုယ်ကို
သုခီ = ချမ်းသာစွာ
ပရိဟရန္တု =ဆောင်ရွက်နိုင်ကြပါစေလို့ မြန်မာလိုအဓိပ္ပါယ်ရတယ်။ ဒီပါဠိတော်ကို မြန်မာမှုပြုတဲ့အခါအဲဒီလိုအဓိပ္ပါယ်သက်ရောက်တယ်။ ရှိရှိသမျှသတ္တ၀ါတွေဟာ မိမိတို့ကိုယ် အတ္တဘောကို စောင့်ရှောက်ရွက်ဆောင်ကာ အသက်ဝိညာဉ်နှင့်တကွ တည်ရှိနေကြတယ်။ မိမိတို့ ကိုယ်အတ္တဘောကို မစောင့်ရှောက်၊မရွက်ဆောင်ရတဲ့သတ္တ၀ါရယ်လို့မရှိဘူး။ စောင့်ရှောက်ခြင်း၊ ရွက်ဆောင်ခြင်းဆိုတာလည်း မိမိတို့ကိုယ်အတ္တဘောကို အရှည်တည်တံ့ အောင်မွေးမြူခြင်းကိုဆိုလိုတာပါပဲ။အသက်မွေးမြူခြင်းလို့လည်း ဆိုနိုင်ပါတယ်။ အဲဒီလို အသက်မွေးမြူစောင့်ရှောက်တဲ့ကိစ္စမှာ ချမ်းချမ်းသာသာမွေးမြူရခြင်းနှင့် ဆင်းဆင်းရဲရဲနဲ့စောင့်ရှောက်မွေးမြူရခြင်းဆိုပြီး နှစ်မျိုးရှိတယ်။
ဆင်းဆင်းရဲရဲနဲ့မွေးမြူရရင်တော့ အဲဒီသတ္တ၀ါဟာ ချမ်းသာသုခကိုမရနိုင်တော့ဘူး။ လောကမှာ အသက်မွေးမြူမှုအလုပ်ပေါင်းများစွာတို့ကို လုပ်ကိုင်ပြီးတော့ မိမိတို့ရဲ့အသက်မွေးမြူနေကြရာမှာ အချို့မှာ
ချမ်းချမ်းသာသာမွေးမြူနိုင်ကြတယ်။ တစ်ချို့ကြတော့ နေ့စဉ်ရက်ဆက် အသက်မွေးမှုအလုပ်ကို ဆင်းရဲငြိုငြင်စွာ လုပ်ကိုင်ပြီး ပင်ပန်းကြီးစွာအသက်မွေးကြရတယ်။
မေတ္တာပွားများတဲ့ ပုဂ္ဂိုလ်ရဲ့ အာသီသမှာတော့ -ဆင်းရဲငြိုငြင်စွာ အသက်မွေးမြူမှုတို့မှ လွတ်ကင်း၍ချမ်းသာစွာ အသက်မွေးမြူကာ ပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်။ သည်လိုနေစေချင်တာ ဘာ့ကြောင့်လဲဆိုတော့ ချမ်းသာစေချင်လို့ပါ။ အဲဒါကြောင့်ချမ်းချမ်းသာသာနဲ့ ထက်သန်တဲ့ပတ္တနာဖြင့် အာသီသဂါထာကို ကျူးရင့်ကြတာဖြစ်တယ်။
သုခီ အတ္တာနံ ပရိဟရန္တု သိရပါတန္တု လို့ မေတ္တာအာသီသနဲ့ တောင့်တတဲ့အခါမှာ သတ္တ၀ါတို့အပေါ်မှာ ချမ်းချမ်းသာသာအသက်မွေးမြူနိုင်ကြပါစေလို့ မေတ္တာညှို့ဓာတ်နဲ့ ထက်ထက်သန်သန်တောင့်တကြရမယ်။
အထူးတလည် အာရုံစူးစိုက်ပြီးတော့ မေတ္တာပို့တက်အောင်ပြောပြနေတာပါ။ ဗုဒ္ဓဘာသာဝင်တွေအတွက် မသိမဖြစ်သိကိုသိထားကြရမှာပါ။ တော်ရုံတန်ရုံပေါ့ပေါ့ဆဆ မနေလိုက်ကြပါနဲ့။ ဒါတွေဟာ-လူတွေအားလုံး ကြားဖူးပြီးသားစကားလုံးတွေ။ နားယဉ်ပြီးသားစကားတွေ။ ခတ်တာက - ဒီ စကားလုံး
တစ်လုံးစီရဲ့ မြန်မာလို အရပ်စကားနဲ့မသိကြ၊ နားမလည်ကြလို့-ဒီလောက်အထိ ပေါ့ပေါ့ဆဆနေနေကြတာ။ ဒါကိုတော့ အလေးအနက်သတိပေးပါတယ်။ သိအောင်လုပ်ကြပါ။ နားလည်အောင် လုပ်ထားကြပါ။
0 comments
အနိဃာ ဟောန္တု
Published on in ဘာသာရေး ဆောင်းပါးများ
ပါဠိလို မေတ္တာပို့တဲ့အခါ၊ အနိဃာဟောန္တု ဆိုတဲ့ စာပိုဒ်တစ်ပိုဒ်ရှိတယ်။ မြန်မာလိုကတော့ အနီဃာ=ဆင်းရဲခြင်းကင်းကြပါစေ၊ ဟောန္တု =ဖြစ်ကြပါ စေသတည်းလို့ အဓိပ္ပါယ်ရတယ်။
ဒီနေရာမှာ ဆင်းရဲခြင်း ကင်းကြပါစေဆိုတဲ့ စကားမှာ ဆင်းရဲတယ်ဆိုတာကလည်း အများကြီး ရှိနေပြန်တယ်။
လိုရင်းအချုပ်ကတော့-
(က) ကိုယ်၏ဆင်းရဲခြင်း
(ခ) စိတ်၏ဆင်းရဲခြင်းလို့ နှစ်မျိုးရှိတယ်။
သတ္တ၀ါတို့ရဲ့ဓမ္မတာအလေ့မှာ နှစ်ခြိုက်ဖွယ်မဟုတ်၊ အလိုရှိဖွယ်မဟုတ်တဲ့ အနိဠာရုံတို့နှင့် တွေ့ကြုံရတဲ့ အခါ ချမ်းသာခွင့်ကိုမရဘဲ ဆင်းရဲကြတယ်။ အဲဒါကြောင့် အလိုမရှိအပ်တဲ့အနိဌာရုံကိုဆင်းရဲခြင်း၏ အကြောင်းရင်းလို့ ဆိုထိုက်တယ်။
အနိဠာရုံတိုနှင့် ကွေကွင်းပြီး အလိုရှိအပ်၊ နှစ်သက်အပ်တဲ့ ဣဌာရုံတို့နှင့် တွေ့ကြုံရပါလျှင် သတ္တ၀ါတို့၏ ဓမ္မတာ၊ ချမ်းသာလေ့ရှိကြတယ်။ ဒါကြောင့်ဣဌာရုံကတော့ ချမ်းသာခြင်းရဲ့ အကြောင်း ရင်းလို့ဆိုထိုက်တယ်။
မေတ္တာပွားတဲ့ပုဂ္ဂိုလ်အနေနဲ့ သတ္တ၀ါအများ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေဟုဆိုလျှင် အနိဌာရုံ အမျိုးမျိုးမှ ကင်းဝေးကြပါစေ၊ ဣဌာရုံအမျိုးမျိုးတို့နှင့် တွေ့ကြုံကြပါစေ-လို့ တောင့်တချက်ကိစ္စလဲ တစ်ခါထဲ ပြီးစီးသွားပါတယ်။
အနီဃာဟောန္တု မေတ္တာအာသီသနဲ့ တောင့်တ တဲ့အခါမှာ သတ္တ၀ါတို့အပေါ်မှာ ထိထိခိုက်ခိုက် စူးစူးစိုက်စိုက် အာရုံထားပြီး ဆင်းရဲခြင်းကင်းဝေး
ကြပါစေလို့ မေတ္တာညှို့ဓါတ်နဲ့ ထက်ထက်သန်သန် တောင့်တကြရမှာပါ။
အခုခေတ် ဗုဒ္ဓဘာသာဝင် ဆိုတာတွေဟာ မှတ်ပုံတင်ကဒ်ပြားထဲမှာပဲ ရှိတော့တယ်။ ဗုဒ္ဓရဲ့ တရား တစ်လုံး၊ စကားတစ်လုံးနားလည်အောင် မကြိုးစားကြ တော့ဘူး။ စိတ်လဲ မ၀င်စားကြတော့ဘူး။ ဒီလိုပဲ စားဝတ်နေရေးတွေနောက်မှာလိုက်ပြီး တစ်ရက်ပြီး တစ်ရက် အချိန်ကုန်ခံကြတော့မှာလား။ ကိုယ့်အတွက် ဘာမှထည့်မစဉ်းစားကြတော့ဘူးလား။ သံသရာဆိုတာ ရှိတယ်။ အောက်သံသရာ ရောက်သွားရင်တော့ မလွယ်တော့ဘူး။ သာသနာရှိပါလျှက် တေ့လွဲ လွဲခံ ကြတော့မှာလား။
0 comments
အဗျာပဇ္ဇာ ဟောန္တု
Published on in ဘာသာရေး ဆောင်းပါးများ
အဗျာပဇ္ဇာဆိုတာက အနှာင့်အယှတ်လို့ အဓိပ္ပါယ်ရတယ်။ အနှောင့်အယှတ်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေလို့ အဓိပ္ပါယ်ရတယ်။ အနှောင့်အယှက်ဆိုတာကလည်း အများကြီးရှိတာပါပဲ။
(က) အသက်ဝိညာဉ်နှင့်ဆိုင်တဲ့ အနှောင့်အယှက်တွေ၊
(ခ)စည်းစိမ်ချမ်းသာပစ္စည်းဥစ္စာနှင့်ဆိုင်တဲ့ အနှောင့်
အယှက်တွေ၊
(ဂ)ကိုယ်လက်အင်္ဂါတို့နှင့်ဆိုင်တဲ့အနှောင့်အယှက်တွေ၊
(ဃ)စိတ်နှင့်ဆိုင်တဲ့ အနှောင့်အယှက်၊
(င)သားသမီးမှစ၍ ဆွေမျိုးဥာတိတို့နှင့်ဆိုင်တဲ့
အနှောင့်အယှတ်၊
(စ)မိတ်ဆွေသင်္ဂဟနှင့် ဆိုင်တဲ့အနှောင့်အယှတ်
(ဆ)ရပ်မှု^ရွာမှုနှင့် ဆိုင်တဲ့အနှောင့်အယှတ်၊
အဲသလို အနှောင့်အယှက်မျိုးတွေနဲ့ တွေ့ကြုံကြရ တဲ့အခါ စိုးရိမ်ပူဆွေးခြင်း မကင်းဘဲ ဆင်းရဲကြရတယ်။
မေတ္တာပွားတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဓါတ်ထဲမှာ-
အဗျာပဇ္ဇာ ဟောန္တုလို့ တောင့်တတဲ့အခါ သတ္တ၀ါတို့အပေါ် စိုးရိမ်ကြောင့်ကြမှုများကင်းကြပါစေ လို့တောင့်တကြရမယ်။
တောင့်တခြင်းဆိုတဲ့ အာသီသဟာ မေတ္တာ စိတ်၏ညှို့ဓါတ်သတ္တိပါပဲ။ ထိထိခိုက်ခိုက် တောင့်တ ချက် ထက်သန်လေလေ၊ မေတ္တာဓါတ်အား ကောင်း လေလေဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်တွေ မေတ္တာပို့ကြတဲ့အခါ ပါဠိ လိုမေတ္တာပို့တဲ့အထဲမှာ ဒီအဗျာပဇ္ဇာဟောန္တု-ဆိုတာ ပါတယ်။ ပါးစပ်ကရွတ်ဆိုလို့သာ ရွတ်နေကြတာ။ ဗမာလို ဘာမှနားမလည်ဘူး၊ မသိဘူးဆိုရင် လေးနက် မှုသိပ်မရှိလှဘူး။ အထူးသဖြင့် ဒီဘက်ခေတ်မှာပါဠိ စာပေရဲ့ အနက်အဓိပ္ပါယ်ကို သိနားလည်တဲ့လူ တော်တော်ရှားသွားပြီ။ သိအောင်ပြောမယ့်လူလဲ ရှားသွားပြီ။ သိချင်တဲ့သူ၊ စိတ်ဝင်စားတဲ့လူလဲ မရှိသလောက်ပဲ။ ဘာသိဘာသာ နေကြတာများတယ်။ ဘာပဲဖြစ်ဖြစ်ထားဖို့လိုတယ်။ အဗျာပဇ္ဇာဆိုတာဘာလဲ ဆိုတာလောက်ကိုတော့ ဒို့ဗုဒ္ဓဘာသာဝင်တွေ သိတဲ့လူ တော်တော်နည်းသွားပြီ။ ကိုယ်ကိုယ်တိုင်လဲ သိအောင် လုပ်ကြ။ ကိုယ်သိပြီးရင် သူတစ်ပါးကိုလဲ နားလည် အောင်တစ်ဆင့်ပြန်ပြော၊ ပြန်ရှင်းပြကြဖို့ လိုတဲ့အချိန် ရောက်နေပြီ။
0 comments
အဝေရာ ဟောန္တု
Published on in ဘာသာရေး ဆောင်းပါးများ
ဒီပါဠိစာသားရဲ့အဓိပ္ပါယ်က အဝေရာ=ရန်မရှိ ကြကုန်သည်၊ ဟောန္တု=ဖြစ်ပါစေသတည်းလို့ အဓိပ္ပါယ်
ရတယ်။
ရန်သူဆိုတာကနှစ်မျိုးနှစ်စားရှိတယ်။ အသက် ရှိတဲ့ရန်သူနဲ့ အသက်မရှိတဲ့ရန်သူဆိုပြီး ရန်သူနှစ်မျိုး ခွဲခြားဝေဖန်ပြီးသိဖို့လိုတယ်။ ကျားတွေ၊ဆင်တွေမှစ၍ သားရဲဘီလူး အစရှိတဲ့သူတို့ကို အသက်ရှိတဲ့ သဇီဝရန်သူလို့သတ်မှတ်ကြတယ်။ လူတွေကိုလည်း အသက်ရှိတဲ့ရန်သူစာရင်းထဲပါတာပေါ့။ အသက်မရှိတဲ့ ဘေးရန်ဆိုတာကတော့ မြေငလျှင်လှုပ်တာ၊ လေပြင်း မုန်တိုင်းတိုက်ခတ်တာ၊ လောင်မီး မိုးကြိုးကျတာ၊ ရေကြီးတာ၊ မီးလောင်တာ၊ ကပ်ဥပဒ်အန္တရယ်တွေ ဆိုက်ရောက်တာ အဲသလို ဘေးရန်တွေကိုတော့ အသက်မရှိတဲ့ နိဇီဝရန်သူလို့မှတ်ပါ။ လူတွေပိုင်တဲ့ လေးလေးမြတ်မြတ် သိမ်းဆည်းထားတဲ့ ရွှေ ၊ ငွေ စိန်ကျောက် အစရှိတဲ့ နိဇီဝပစ္စည်းဘဏ္ဍတွေကလည်း ရန်သူပါပဲ။ အဲဒီပစ္စည်းဘဏ္ဍာတွေက ဘေးတွေရန်တွေ ဖြစ်ပေါ်စေတတ်တယ်။ ဒီပစ္စည်းတွေကို အကြောင်းပြု ပြီးတော့ ဆင်းရဲဒုက္ခတွေ့ရပုံတွေ၊ အသက်ဆုံးရှုံးရပုံ တွေ အထင်အရှားတွေ့မြင်နေရတာပဲ။ အဝေရာ အတွင်းရန်၊ အပြင်ရန်၊ အသက်ရှိတဲ့ရန်၊ အသက်မရှိ တဲ့ရန်အပေါင်းမှ ကင်းဝေးကြပါစေလို့ မေတ္တာပို့တာ အဲဒါကိုပါဠိစာပေမှာ အဝေရာဟောန္တုလို့ ဖွင့်ဆိုတယ်။
အခုပြဆိုတဲ့ အဓိပ္ပါယ်စကားရပ်များမှာ အဝေရာဟောန္တုမှာပါဝင်တဲ့ ရန်အမျိုးမျိုးအကြောင်း တွေကို ပြဆိုခြင်းဖြစ်ပါတယ်။
မေတ္တာမှားတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာ ရန်ကင်းကြ ပါစေလို့တောင့်တတဲ့အခါ အတွင်းရန်၊ အပြင်ရန် ကင်းကြပါစေ၊ သက်ရှိရန် သက်မဲ့ရန်ကင်းကြပါစေလို့ အဓိပ္ပါယ် ထိထိမိမိ အတွင်းစိတ်ငြိသွားအောင် တောင့်တကြရမယ်။ ပေါ့ပေါ့တန်တန် ၀တ္တရားကျေရုံ လေးမပြုသင့်ကြဘူး။ မေတ္တာပွားများမှု အရေးဟာ
စိတ်၏ညှို့ဓါတ်နဲ့ သက်ဆိုင်တဲ့အရေးဖြစ်လို့ အဝေရာ ဟောန္တုဆိုရင် အတွင်းစိတ်ဓါတ်သို့ ရောက်အောင် မိမိရရ စူးစူးစိုက်စိုက်ကြီး ဖြစ်သွားအောင် ဂရုစိုက်ကြရ မှာပါ။
ဗုဒ္ဓဘာသာဝင်တွေမေတ္တာပို့စာပိုဒ်ကလေးတွေ မှာပါတဲ့ မမြဲတမ်းရွတ်ဆိုနေကြလဲဖြစ်တဲ့၊ ကြားဖူးနားဝ ရှိပြီးသားဖြစ်တဲ့ အဝေရာဟောန္တု- ဆိုတဲ့စကားကို မြန်မာလို အဓိပ္ပါယ်ကွက်ကွက်ကွင်းကွင်း သိစေချင်လို့ ပြောပြတာပါ။
ပါဠိလိုရွတ်လို့သာရွတ်နေကြတာ၊ သူရဲ့အနက် အဓိပ္ပါယ်ဘယ်လိုဆိုတာ သိနားလည်တဲ့အခါကျတော့ ရွတ်ဆိုရတာ မေတ္တာပို့ရတာ ပိုပြီးလေးနက်တယ်။ ယုံကြည်မှုသဒ္ဓါတွေပိုပြီး တိုးတက်လာလိမ့်မယ်။ ဒါက-မသိမဖြစ် သိကိုသိထားကြရမယ့် အခြေခံ အသိတရား တွေပါ။
0 comments
ဘတ်စ်ကားပေါ်က သံဃာထိုင်ခုံ
Published on in ဘာသာရေး ဆောင်းပါးများ
ကျုပ်ပြောချင်တာက ဗုဒ္ဓဘာသာဝင်တို့ရဲ့သဒ္ဓါ စိတ်၊ ကုသိုလ်အကျိုး။ တစ်ခါတစ်လေမှာ လိုင်းကား ပေါ်မှာ သံဃာလေးငါးပါး ပြိုင်တူဆုံမိတတ်ကြတယ်။ ဘတ်စ်ကားပေါ်မှာ သံဃာထိုင်ဖို့ သတ်မှတ်ထားတာ ကနှစ်ခုံထဲ။ သံဃာကလေးငါးပါးဆိုတော့ ထိုရဟန်း သံဃာတွေမှာ ခရီးဆုံးအထိ လူကြားထဲမိုးတိုး မတ်တတ်။လူချောင်နေရင်ကိစ္စမရှိ။ ရုံးချိန်ကျောင်းချိန် ဆိုရင်လူတွေကြားထဲ ရဟန်းသံဃာတွေမှာ အမြင် မတော်။ ရဟန်းများအနေနဲ့ တွေ့ရာလွတ်ရာ တိုးဝှေ့ စီးလို့လဲမသင့်တော်။ သံဃာထိုင်ခုံမဟုတ်လို့ ဘယ်ဗုဒ္ဓ ဘာသာဝင်မှ နေရာမဖယ်ပေးကြပါ။ နေရာမလှူကြ။ မသိဟန် မမြင်ဟန်ပြု၍ မျက်နှာလွှဲနေကြတတ်ပါ တယ်။ နေရာမှထပေးဖို့ကောင်းတယ်။ နေရာလှူဖို့ ကောင်းတယ်။ ကုသိုလ်ယူဖို့ကောင်းတယ်။
တစ်လောက ကားပေါ်မှာ ကိုယ်တိုင်တွေ့မြင်ခဲ့ ရတာပြောချင်တယ်။ ဘတ်စ်ကားပေါ်မှာ ရဟန်းတစ် ပါး။ သက်တော်က ငါးဆယ်ခန့်။ ဘတ်စ်ကားနဲ့ လက်ဝဲဘက် သံဃာခုံမှာ လူတစ်ယောက်က ၀င်ထိုင်နေတယ်။ အသက်သုံးဆယ်လောက်ပဲ။ လက် ဆွဲအိတ်နက်တစ်လုံး ပေါင်ပေါ်မှာတင်ထားတယ်။ ၀တ်စားဆင်ယင်မှုက ခေတ်ပညာတတ်ပုံစံ။ သူထိုင်နေ တာက သံဃာထိုင်ခုံ။ဒါပေမယ့် အဲဒီရဟန်းကို အမှန်တကယ် မမြင်မတွေ့လို့လား။မမြင်ချင်ဟန် ဆောင်တာလားမသိ။ ကားကတဖြည်းဖြည်းလူကျပ် လာ။ ဆွမ်းခံ<ကမည့် ကိုရင်ငယ်သုံးပါးလည်း သပိတ်ကိုယ်စီနဲ့ ဘတ်စကားပေါ်တက်လာ။ လူကျပ် ကျပ်ထဲမှာ သံဃာတစ်ပါးနဲ့ ဆွမ်းခံကိုရင်သုံးပါးတို့မှာ တရကြမ်းမောင်းနှင်နေသော ဘတ်စ်ကားထဲမှာ ယိုင်ထိုးနေတာ၊ ဒုက္ခကြီးမားနေတာ ထိုင်ခုံမှာထိုင်နေ ကြတဲ့လူတွေ မြင်တွေ့နေကြသည်မှာ မလွဲပါ။သို့သော် ဘယ်သူကမှ ကိုယ်ချင်းစာနာ၊ ညှာတာစိတ်နဲ့ နေရာထ-ဖယ်မပေးကြ။ ဘာသိဘာသာပင် မမြင်ချင် ဟန်ပြုနေကြတယ်။ မိမိတို့နိုင်ငံက ထေရ၀ါဒနိုင်ငံ။ ထေရ၀ါဒနိုင်ငံဖြစ်ပါလျှက်၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါ လျှက် ရဟန်းသံဃာ၊ သာမဏေ သီလရှင်တွေထိုင်ဖို့ နေရာထိုင်ခင်းမရှိတော့ပြီလား။ သံဃာတော်ထိုင်ခုံလို့ ရေးမထားပေမယ့် ကိုယ်ပိုင်နေရာ တစ်နေရာစာ လောက်ကိုမျှ ခရီးသွားများက နေရာထိုင်ခင်း မလှူဒါန်းနိုင်ကြတော့ပြီလား။ ဒီစာစုဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ စေတနာမပါပါဘူး။ ကိုယ့်ရဲ့ အတွေးအမြင်ခံစားမှု တစ်ပိုင်းတစ်စကို ရိုးသားစွာ ရေးပြတာပါ။
ဒေါက်တာဒဂုန် (ဏ့.ီ)
0 comments