ဒီဇင်ဘာလဒုတိယပါတ် တနင်္ဂနွေနေ့..။
ကျွန်တော်သည် ရှစ်မျက်နှာ ကျောင်းဝိုင်း လမ်းကလာခဲ့စဉ် ကျောင်းဝိုင်းအတွင်းရှိ ဇရပ်ကြီး ပေါ်တွင်အ၀တ်ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည် ကိုမြင်တွေ့ရလေသည်။ “အင်္ဂ၀ိဇ္ဇာဗေဒင်ဆရာမင်း" တစ်ခါမေး နှစ်ကျပ်တစ်မတ် (၂ိ/၂၅ါး)”တဲ့။ ကျွန်တော်သည် ဇရပ်ကြီးနားရပ်လျက် ဇရပ်အိုကြီး ပေါ်မှ ဆရာမင်းဆိုသူကို လှမ်း၍ ကြည့်လိုက်မိသည်၊ အသက်ခြောက်ဆယ်ကျော်လူတစ်ဦးထိုင်နေသည်။ သူ့ရှေ့တွင်ထင်ရူးသေတ္တာငယ်တစ်ခုချထား၏။ သူ့ လက်တွင်းကျောက်သင်ပုန်းတစ်ချပ်ရှိသည်။ ကျွန်တော်သည်ဈေးသွားမည့် အစီအစဉ်ကိုဖျက် လျက်ဇရပ်ပေါ်သို့တက်သွားသည်။ ကျွန်တော့်ကို “ဗေဒင်မေးမလို့လား…… ထိုင်ပါ…….ထိုင်ပါ…….” ဟုကြိုဆိုသည်။ကျွန်တော်ကဘာမှပြန်မပြော၊ ဗေဒင်မေးခ ၂ိ/၂၅ါးကို သူ့၏သေတ္တာပေါ်တင်လိုက် သည်။ သူသည် အိတ်ဆောင်နာရီအ၀ိုင်းလေးအား ကြည့်၍ ကျောက်သင်ပုန်းပေါ်တွင်ရေးခြစ်သည်။ ထို့နောက်……
“ကိုယ်ရေး ကိုယ်တာထက် ဗေဒင်ပညာရဲ့ အကြောင်းမေးလိုတယ်နော်”
ကျွန်တော်သည် အင်္ဂ၀ိဇ္ဇာဗေဒင်ပညာရှင် ဆရာမင်းဟောပြောချက်အား အထင်ကြီးသွားမိ တော့သည်။ ကျွန်တော်သည် ဗေဒင်ပညာဝါသနာပါ သူဖြစ်၏။ သို့သော်ကိုယ်ရေးကိုယ်တာတွက်ချက် ဆန်းစစ်ခြင်းထက် ဗေဒင်ပညာ၏ အတိမ်အနက် သဘောကိုသာ လေ့လာခြင်း အဓိကဖြစ်ပါသည်။
တစ်ဦးနှင့်တစ်ဦးမသိဘူး၊ မမြင်ဖူးပါလျက် ဟောပြောလိုက်ခြင်းမှာ ဗေဒင်ပညာအရ ဟောပြော လိုက်ခြင်းဖြစ်မည်။ ကျွန်တော်က ဆရာမင်းကိုလေး စားသွားမိသည်။
“ကြိုက်သလိုမေးပါ၊ ဆရာသိသမျှဟောပြော ရတာဘဲ” ဆရာမင်းကပြောသည်။
“ကျွန်တော်သိသမျှ အင်္ဂ၀ိဇ္ဇာမှာ အချိန်တိုင် အဓိကထားတယ်လို့သိရပါတယ်၊ အကယ်၍ သောကြာအချိန်မှာ တစ်ပြိုင်နက်ရောက်လာတဲ့ သောကြာသုံးဦး ကောင်းကျိုးဆိုးပြစ် အဟောတူ မထွက်ပါလား ခင်ဗျား”
“သြော်ဒါလား……အင်္ဂ၀ိဇ္ဇာ အချိန်တိုင်တစ် တိုင်ရဲ့အား၊ တစ်နာရီခွဲရှိတယ်။ မိတ်ဆွေ ပြောသလို သောကြာအချိန်၊ သောကြာ၊ ဗုဒ္ဓ၊စန္ဒော၊သောရီ၊ ဂုရု၊ သောမ၊ သူရဇ္ဇစတဲ့ ဇောက်တိုင်မှာ သောကြာနေ့ သားသုံးဦးကမေးတယ်။
သောကြာအခါ သောကြာသားလား မေးတော့ ကြီး
ကဲသူဖခင်ကျန်းမာရေးထိခိုက်နေမယ်ပေါ့။သူ့အတွက်ငွေကုန်နေတယ်လေ…စတဲ့ ဟောကွင်းဟော
ကွက်ထွက်တယ်ပေါ့၊ အချိန်တစ်နာရီခွဲအထိတိုင် အားရှိ၂နေတယ်ဟုတ်လား၊ သောကြာသားမေးသူတိုင်းအတူ၊အဟောဖြစ်မနေဘူးလားပေါ့၊ဟုတ်တယ်နော်…
”ကျွန်တော်ကခေါင်းညိတ်ပြလိုက်သည်။
“အခြားအခြား ဗေဒင်ပညာရှင်တွေရဲ့ အယူအဆကို မပြောလိုပါဘူး၊ ဆရာ့အတွေ့အကြုံအရတော့ အင်္ဂ ၀ိဇ္ဇာတိုင်တွေ နေ့တိုင်အခါတိုင်တွင် မကဘူးလာ ရောက်မေးသူရဲ့မျက်နှာမူထိုင်ရာကိုပါ တိုင်ထူတယ်၊ သောကြာသားသုံးဦးဟာ ဗေဒင်ဟောသူကို မျက်နှာ ချင်းဆိုင်ခဲတယ်။ ဥပမာ သောကြာသားတစ်ဦးက တနင်္ဂနွေထောင့်မျက်နှာမူယင် သူရဇ္ဇ၊ ဗုဒ္ဓ၊ စန္ဒော၊ သောရီ၊ ဂုရု၊ သောမစတဲ့ နမိတ္တံတိုင်ထူဟောမယ်၊ သောကြာသားတစ်ဦးက တနလာင်္အရပ် မျက်နှာမူခဲ့ ရင်စန္ဒော၊ သောရီ၊ ဂုရု၊ သောမ၊ သူရဇ္ဇပေါ့၊ ဆရာ့ သဘောကတော့ အင်္ဂ၀ိဇ္ဇာအဟောတိုင်များကို အမျိုး မျိုးထူပြီး ဟောတယ်၊ နေ့နဲ့အခါတိုင်ကို တွဲပြီးအား ဖြည့်တိုင်၊ နိမိတ်တိုင်ပေါ့၊ ဆရာကတော့ ဂြိုဟ်ပရိယာယ်ကို အလေးထားတယ်၊ ဗေဒင်ပညာအဟောကျွမ်းကျင်ချင်ယင် အဟောပိုင်းရဲ့ အဓိကကျတဲ့ ဂြိုဟ်ပရိယာယ်တွေကို ပိုင်ပိုင်နိုင်နိုင် သိဖို့လိုတယ်၊ တနင်္ဂနွေကို အဖဂြိုဟ်ပရိယာယ်သိရုံမပြီးဘူး၊ ဆေးရုံ ဆိုတဲ့ အဟောသိရမယ်။ တနင်္ဂနွေနဲ့အောက်တန်း ကျယင်ဆေးရုံတက်ရတတ်တယ်၊ အဖကဲ့သို့ပုဂ္ဂိုလ် ကြီးတဲ့သူရဲ့ကျန်းမာရေးဂရုစိုက်ရမယ်ပေါ့……..”
ဆရာမင်းက ခဏနားပြီး ဆက်ပြောသည်။
“မိတ်ဆွေဆွေးနွေးတဲ့ တိုင်အခါဟောကိန်း ထုတ်မယ်၊ သောကြာသားသုံးဦး သောကြာအခါ ဗေဒင်လာမေးတယ်၊ သောကြာသားတစ်ယောက်က တနင်္ဂနွေဘက် မျက်နှာမူ၊ တစ်ဦးကတနင်္လာဘက် မျက်နှာမူ၊ တစ်ဦးကသောကြာဘက်ကိုမျက်နှာမူ တော့မျက်နှာမူရာ နိမိတ်တိုင်တွေထူပါ၊ မူလတိုင်များ ဖြစ်တဲ့အခါတိုင်နဲ့ယှဉ်တုပြီး အဟောထွက်ရတယ်..”
ကျွန်တော်သည်ဆရာမင်းနှင့် တွေ့ရသော ကြောင့် (၁)ဗေဒင်ပညာတွင်ဂြိုဟ်၊ (၂)အခါတိုင်တခု အတိုင်းအတာအတွင်း နေ့နံသားအတူ မေးမြန်းက သူတို့၏ဟန်ပန်အမူအရာ၊ မျက်နှာမူရာ အရပ်ဒေသ ကိုအဓိကထား နိမိတ်တိုင်ထူဟောပြောခြင်းပြုရမည့် အကြောင်းဗေဒင်ပညာဗဟုသုတများရခဲ့ကြောင်းကို ဝေင်္ဂမှတစ်ဆင့်တင်ပြအပ်ပါသည်။
No Response to "လမ်းဘေးဗေဒင်ဆရာ"
Add Your Comment