၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

အဆောင်ယတြာတွေတိုင်း တကယ်အစွမ်းထက်မြက်မှု ရှိ/မရှိ

Published on Friday, December 21, 2012 in



ဆရာခင်ဗျား၊ အဆောင်ယတြာတွေတိုင်း တကယ်အစွမ်းထက်မြက်မှု ရှိ/မရှိနဲ့၊ ဘာကြောင့် အစွမ်းထက်မြက်မှု ရှိတယ်၊ မရှိဘူးဆိုတာ သိပါရစေ။
         
 ခင်ဗျားမေးတဲ့ မေးခွန်းထဲမှာ အဆောင် ယတြာဆိုတာ မှားနေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အဆောင်က သပ်သပ်၊ ယတြာက သပ် သပ်ပါ။ အဆောင်ကို အစီအရင်လုပ်ရတာဖြစ်ပါ တယ်။ ယတြာဆိုတာ ယာယီကိုပြောတာပါ။ သူ့ စည်းကမ်းနဲ့သူ သက်ဆိုင်တဲ့ ဂါထာမန္တန် သတ် မှတ်ထားတဲ့ အကြောင်းအရာ တွေအားလုံးကို စနစ်တကျ လုပ်လို့ရလာတဲ့ပစ္စည်းကို အဆောင် လို့ခေါ်ပါတယ်။ အဲဒီအဆောင်ကို ဆောင်ထားရ တာဖြစ်ပါတယ်။ ယတြာကျတော့ အဲဒီလို မဟုတ် ပြန်ဘူး။
          
 ကျန်းမာရေး ချို့တဲ့တယ်၊ အိပ်ရာပြောင်း အိပ်တယ်။ အိမ်ထောင်ရေး ပြိုကွဲစရာရှိတယ်။ လင်မယားနှစ်ယောက်ခွဲအိပ်တယ် စသဖြင့် တွေ ဟာ ယတြာ ဖြစ်ပါတယ်။
          
 ယတြာဟာ ဂါထာ၊ မန္တာန်နဲ့လည်း မဆိုင် ဘူး၊ စီရင်တာနဲ့လည်း မပတ်သက်ဘူး။ ကျား ကွက်ရွှေ့သလို အလှည့် အပြောင်းလေး လုပ်ပေး ရတာပါ။ ဒါကြောင့် ဗေဒင်ဆရာတိုင်းဟာ အ ဆောင်နဲ့ ယတြာကို စနစ်တကျ ခွဲခြားနားလည် ဖို့လိုပါတယ်။ ယတြာဖြစ်ဖြစ်၊ အဆောင်ဖြစ်ဖြစ် အစွမ်းထက်တယ်၊ မထက်ဘူးဆိုတာ တိုင်းတာ စရာပေတံဟာ တော်တော်ရှားပါတယ်။ ယတြာ တိုင်း၊ အဆောင်တိုင်း အစွမ်းထက်မယ် လို့  ကျွန်တော်မယုံပါဘူး။
           
လုံးဝအသုံးမကျလောက်အောင် ဖြစ်ရတဲ့ ယတြာ အဆောင်ဆိုတာလဲ ကျွန်တော် မတွေ့ခဲ့  
ဖူးပါဘူး။ အရေးပါတဲ့ အချက်တစ်ချက်ကတော့ အဆောင်ယတြာလုပ်ပေးတဲ့ ဆရာနဲ့ အဆောင် ယတြာကို လက်ခံတဲ့ ဗေဒင်မေးသူ တွေရဲ့ ကံကြမ္မာနဲ့ ပဲဆိုင်ပါတယ်။
          
 အဆောင်ယတြာ အစွမ်းမထက်ဘူးဆို တာဟာ လုပ်ပေးတဲ့ဆရာနဲ့ ဆိုင်ပါတယ်။ လုပ်ပေးတဲ့သူရဲ့ စေတနာ မှန်နဲ့ နည်းစနစ်ကျကျ လုပ်ပေးမယ်ဆိုရင် ဆောင်တဲ့လူ ကလည်း စေတ နာမှန်မှန်နဲ့ ဆောင်ရင် စေတနာရဲ့ တန်ခိုးနဲ့ ဆောင်တဲ့ အဆောင်တွေ အစွမ်းထက် ပါတယ်။
          
 ပွင့်ပွင့်လင်းလင်းတော့ပြောချင်ပါတယ်။ ဆရာတိုင်း ကိုတော့ဖြင့် ယတြာကောင်းတယ်။ အဆောင်ကောင်းတယ် ဆိုပြီး မျက်စိမှိတ် ယုံမ ထားနဲ့။ လူလိမ်လူညာမှာ ချိုမပေါက်ပါဘူး ခင်ဗျာ။
          
 ဆရာဒဂုန်ကြုံခဲ့ဖူးတဲ့ အဆောင်ယတြာ အစွမ်းထက်ပုံလေးတွေရှိရင် ပြည့်ပြည့်စုံစုံ သိချင် ပါတယ်။ စာဖတ်ပရိသတ် သိရအောင်လို့ပါ။ 


          
 မပြောချင်တဲ့ စကားကို ပြောရတော့မယ်။ ကျွန်တော် ဗေဒင်ပညာကို အရမ်း ယုံကြည် ပါတယ်။ ချစ်လည်းချစ်ပါတယ်။ အဆောင်အ ယောင်၊ အင်းအိုင်ခလှဲ လက်ဖွဲ့တွေ ပေါ်လည်း ယုံကြည်ပါတယ်။ တကယ်လုပ်တတ်ရင် တကယ် စွမ်းမယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဗေဒင်ပညာဟာ ဖလိတအတတ်ဖြစ်ပြီး ယတြာ အဆောင်ပညာဟာ သျှ န္တီအတတ်ကို တကယ် မကျွမ်းကျင်ကြပါဘူး။ သိသယောင်ယောင်ရှိပြီး၊ မြေစမ်းခရမ်းပျိုး လက်တဲ့စမ်းနေကြတုန်းပဲ ရှိပါ သေးတယ်။
          
 ကိုယ်ကတော့ ပေးလိုက်တာပါပဲ။ ဆောင် သူရဲ့ကံနဲ့ အစပ်တည့်သွားရင် သူဖြစ်ချင်တာလေး
ဖြစ်သွားရင် အဲ့ဒီဆရာ စွမ်းတယ်လို့ ခေါ်တာပါပဲ။ မေးသူကံနဲ့ မစပ်ဟပ်တဲ့အခါ ဘာမှဖြစ်မလာ ပါဘူး။ ဒါကြောင့် ယတြာ အဆောင်ဟာ စီစဉ်ပေး သူရဲ့ကံ နှစ်ကံကို မိုနိုပိုလီဖဲရိုက်တာ နဲ့ အတူတူ ပါပဲ။
         
 ကျွန်တော့်ဘ၀မှာ ကျွန်တော်တကယ် ပင် ပန်းခံပြီး စိတ်ရောကိုယ်ပါ စီရင်ပေးခဲ့တဲ့ ယတြာ အချို့ ကျွန်တော် မျှော်မှန်းသလို ဖြစ်မလာခဲ့တာ ကိုလည်း ကြုံဖူးပါတယ်။ ဖျတ်ခနဲ ပေါ်လာတဲ့ ယတြာလေးကို ပါးပါးလေးပေးခဲ့ပေမယ့် စွမ်းလှ ချည်ရဲ့ ကောင်းလှချည်ရဲ့ ဆိုပြီး ချီးကျူးခံ ရတာလည်း ရှိဖူးပါတယ်။
           
ရယ်စရာလေးတစ်ခု ပြောပြမယ်။ ကျွန် တော်ဗေဒင်ဆရာ ဘ၀ကိုရောက်တော့ ယတြာ ချေတာ၊ အဆောင်လက်ဖွဲ့ ပေးတာတွေကို လုပ်ပေးလေ့လုပ်ပေးထ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တာဝန်ကြီးလို့ပါ။
          တကယ်စွမ်းတဲ့ အဆောင်၊ ယတြာလိုချင် ရင်ဆောင်တဲ့သူက ယုံကြည်ဖို့လိုပါတယ်။ ဆရာ တွေပေးတဲ့ အဆောင်တိုင်းဟာ အစွမ်းမထက်ပါ ဘူး။ ဗေဒင်မေးသူ လေးလေးနက်နက် ခိုင်ခိုင် မာမာ ယုံကြည်နေမှုသာလျှင် အဲဒီအဆောက် လက်ဖွဲ့တွေက အစွမ်းထက်နေတာပါ။
           
အတိုချုပ်ပြောရရင် အဆောင်ဆောင်သူ ရဲ့ စိတ်ဓာတ် စေတနာက မမှန်မကန်ရင် မိုးပေါ် ကသိကြားမင်းကြီး ဆင်းလာပြီး ပေးတဲ့ အဆောင် ကလည်း အစွမ်းထက်မှာ မဟုတ်ပါဘူး။ အဲဒီလို ပဲ လုပ်ပေးတဲ့ဆရာရဲ့ သစ္စာ၊ သမာဓိ၊ စရဏ၊ စိတ်ပိုင်းဆိုင်ရာ တွေ မမှန်ကန်ရင်လည်း ဘယ် လောက်စည်းကမ်းတကျ လုပ်ပေးတဲ့ အဆောင် ပဲဖြစ်ဖြစ် ဆောင်ထားတဲ့အိတ် လေးရုံက လွဲပြီး ဘာမှအကျိုးမရှိပါဘူး။
           
ဘယ်လိုလူမျိုးတွေအတွက် အဆောင်ယ တြာလိုအပ်ပါသလဲ။
           
ကိုယ့်ကိုယ်ကို အားကိုးရာမဲ့တဲ့ သူတွေအ တွက်အဆောင်ဟာ မရှိမဖြစ်လိုပါတယ်။ လူရယ် လို့ဖြစ်လာရင် အမှီသဟဲပေါ် မူတည်ပြီး ရပ်တည် ကြတဲ့ သတ္တ၀ါဖြစ်ပါတယ်။
         
 အားကိုးလို့ရရင်၊ အားကိုးရာလို့ထင်ခဲ့ရင် အားကိုးကြည့်လို့ ကိုယ့်မှာ အကျိုးရှိမယ်ထင်ရင် ပစ်ယုံကြည် လေ့ရှိပါတယ်။ ဒါကြောင့်လည်း လူ တွေနှိပ်စက်လို့ ဘိုးတော်လည်းနေလို့မရ၊ မယ် တော်လည်း အလုပ်ရှုပ်၊ ရုက္ခစိုးပါ အအားမနေ ရအော် အလုပ်ရှုပ်နေကြတာပေါ့။ အဲဒါလူတွေရဲ့ အားကိုးယုံကြည်မှု ကြောင့်ပဲ။
         
 အခုဆိုရင် ချတောင်ပို့တောင် မနေရတော့ ဘူး။ ခပ်တိုတိုပြောရရင် တစ်စုံတစ်ခု အတိုင်းအ တာအထိ ဖြစ်ချင်သူတိုင်းအတွက် အဆောင်ယ တြာလိုအပ်တာပါပဲ။
          
 ကဲဗျာ ကျွန်တော် အဆောင်တစ်ခုပေး မယ်။ အဲဒီအဆောင်ကို ဆောင်ထားရင် ခင်ဗျားတို့ ဂျာနယ် တစ်ပတ်စောင်ရေ တစ်သိန်းကုန်မယ် လို့ ပြောမယ်။ ကုန်တာ မကုန်တာအပထား ဆောင် ကြည့်ချင်တဲ့စိတ်မရှိ ဘူးလား။ လူက အဲဒါပါပဲ။
         
 ဖြစ်ချင်နေတဲ့ သူတွေကို မြှောက်ပေးနေ တာတွေက အဆောင်ယတြာတွေပါ။

 အဆောင်ယတြာတွေ ဘယ်အချိန်က ဘယ်လို အကြောင်းအရင်းကြောင့် စတင်ပေါ် ပေါက်လာတယ်ဆိုတာ ဆရာသိသလောက် ပြော ပြပါဦး။
           

ဟောဒီ သတ္တလောကကြီးထဲမှာ လူရယ် လို့ ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းမှာ သူတို့နဲ့ အတူတူတို့ရဲ့ ဖွားဖက်တော်တွေလည်း မွေးဖွား လာကြပါတယ်။ အဲဒါတွေက လောဘ၊ ဒေါဟ၊ မောဟ၊ တဏှာ၊ မာန၊ အ၀ိဇ္ဇာတို့ပဲ ဖြစ်ပါတယ်။ လူတွေကြီးလာသလိုပဲ သူတို့လည်း လိုက်ကြီး လာတတ်ပါတယ်။
          
 တစ်ခါတလေ လူထက်တောင်ပိုပြီး ကြီး ထွားတတ်ပါတယ်။ အဲဒီအခါ ယတြာအဆောင်၊ လက်ဖွဲ့တွေဟာ အဲဒီလူတွေအတွက် တန်ဖိုး ကြီးပြီး မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းဖြစ်လာပါတယ်။ အသိတရားပွင့်လာ လေလေ အဆောင်လက်ဖွဲ့ ကိုလိုချင်လာ လေလေပဲ ဖြစ်ပါတယ်။
         
 အဆောင်လက်ဖွဲ့တွေရဲ့ လက်ထဲမှာ မျက်နှာဖုံး အမျိုးမျိုးရှိပါတယ်။ ဘာသာအမျိုးမျိုး ကို အကြောင်းခံပြီး ပုံသဏ္ဍာန်ပြောင်းပြီး နေလေ့ ရှိပါတယ်။
          
 လူရှိရင် ယတြာအဆောင်တွေ ရှိနေမှာ ဖြစ်ပြီး၊ လူရယ်လို့ ပျောက်သွားတဲ့ အခါမှာ ယတြာအဆောင်တွေ ဟာလည်း ပျောက်သွားမှာ ဖြစ်ပါတယ်။
           
ဆရာ့အနေနဲ့ အဆောင်ယတြာပေးတဲ့အ ခါဘယ်လို လုပ်ဆောင်ပေးပါသလဲ။
          
 ဆရာအထောက်တော်လှအောင် ထုတ်ဝေ ခဲ့တဲ့ သတင်းဂျာနယ်မှာ ဗေဒင်ဆရာတွေ ယတြာ ချေတဲ့ အကြောင်း ဆောင်းပါးပါလာတော့ ဗေဒင်ဆရာတွေ အားလုံးစုပေါင်းပြီး သူတို့တွေ ယတြာမချေကြပါဘူးလို့­ သွေးရူး သွေးတမ်းနဲ့ ပြောနေကြတဲ့အချိန်မှာ ကျွန်တော်က ယတြာပ ညာဆိုတာ အတတ်ပညာ တစ်ခုဖြစ်ကြောင်း လိုအပ်ရင် ယတြာချေပေးကြောင်း အဆောင် လက်ဖွဲ့ကိုလည်းပေးကြောင်း ကိုယ်ယုံကြည်တဲ့ အတိုင်း ပြောခဲ့ပါတယ်။ (၁၉၆၅-၆၆) လောက်က ဖြစ်ပါတယ်။ ရက်ကိုတော့ အတိအကျ မမှတ်မိ တော့ပါဘူး။
           
အခုလည်း ဒီစကားကို ပြောပါမယ်။ လိုအပ်ရင် အဆောင်လည်းပေးပါတယ်။ ယတြာ လည်းချေပေးပါတယ်။
          
 ဘယ်လိုလုပ်ပေးသလဲ ဆိုတာ သိချင်ရင် ကျွန်တော့်ကို ကိုယ်တိုင်လာ စမ်းသပ်နိုင်ပါတယ်။ ကျွန်တော် လုပ်ပေးကြည့်ပါမယ်။
          
 နှစ်ဦးနှစ်ဖက် ကံကောင်းရင် ကျွန်တော် ပေးတဲ့ အဆောင်ဟာ အစွမ်းပြပါလိမ့်မယ်။ ကျွန် တော်ကံမကောင်းရင်တော့ ခင်ဗျားတို့ပေးတဲ့ ယတြာ၊ အဆောင်တွေရဲ့ ဥာဏ်ပူဇော်ခဟာ ခင်ဗျားတို့ လှူလိုက်တယ်လို့ပဲ သဘောထားလိုက် ပါ။
          
 ဘ၀…ဘ၀မှာ အမှန်မြင်တတ်ပြီး အမြင် မှန်ရတဲ့ ဗေဒင်မေးပရိသတ်တွေနဲ့ အမြဲတွေ့ဆုံ အကြံပေးကူညီခွင့်ရပါစေ။

၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ထုတ် 
အမှတ် - ၂၀၀၊ 
အင်တာဗျူးဂျာနယ်မှ


Spread The Love, Share Our Article

Related Posts

No Response to "အဆောင်ယတြာတွေတိုင်း တကယ်အစွမ်းထက်မြက်မှု ရှိ/မရှိ"

Add Your Comment