နိမိတ်ဖတ်ဗေဒင်နည်းစနစ်မှာ နက္ခတ်နှင့် မဆိုင်ပါ။ ပညာ၏အထာ၊ လျှို့ဝှုက်ချက်များအပေါ်တွင် မူတည်ပါသည်။
လူတစ်ဦးတစ်ယောက်၏ ကုသိုလ်ကံကြမ္မာ သည် မည်သူကမှ ပြုပြင်နိုင်ခြင်း၊ ပြောင်းလွှဲနိုင်ခြင်း၊ မပြုလုပ်နိုင်ပါ။ ကံဆိုးနေခြင်းကိုလည်း ကံကောင်း အောင်မပြုလုပ်နိုင်ပါ။ ကံကောင်းနေခြင်းကိုလည်း ကံဆိုးအောင်မပြုလုပ်နိုင်ပါ။ ကုသိုလ်ကံသည် ကိုယ်မွေးလာကတည်းက ပါလာတဲ့ အထုံတစ်ခုပါ။ ကံဆိုး နေပေမယ့် လူကောင်းအောင် မပြုလုပ်နိုင်ပါ။ ကံကောင်းနေခြင်းကိုလည်း ကံဆိုးအောင် မပြုလုပ်နိုင်ပါ။ ကုသိုလ်ကံသည် ကိုယ်မွေးလာ ကတည်းက ပါလာတဲ့အထုံတစ်ခုပါ။ ကံဆိုးနေပေမယ့် လူကောင်း အောင် ကာယကံရှင်က ပြုလုပ်နိုင်ပါတယ်။
နေ့နဲ့ညကို အခြေခံပြီး တီထွင်ထားတဲ့ ဖဲချပ် ကလေးတွေရဲ့ နိမိတ်အဖြစ်ယူကာ ဟောပြောတဲ့နည်း ပညာဟာ အနောက်တိုင်းမှာ အရမ်းခေတ်စားပါတယ်။ လွယ်လဲလွယ်တယ်။ ရှင်းလဲရှင်းတယ်။ ပျော်စရာလဲ ကောင်းတယ်။ သူငယ်ချင်းမိတ်ဆွေအချင်းချင်းအပျော် ဟောပြောလို့ရပါတယ်။
၁၉၇၀ ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း လမ်းဘေး က ဗေဒင်ဆရာပေါင်းများစွာက ဒီစာအုပ်ကို လက်ဝယ် ဆောင်ထားပြီး ဟောပြောကြပါတယ်။ အခုအနှစ် သုံးဆယ်နီးမှ တစ်ကျော့ပြန်ထုတ်ပေးတာဖြစ်ပါတယ်။
ယခု ဒီစာအုပ်ကို ဖတ်ပြီးတော့ ကောင်းတဲ့ ဟောကွက်တွေကိုဖတ်ပြီး ကျေနပ်တင်းတိမ်မနေကြ ပါနှင့်၊ အဆိုးများကို ဖတ်ပြီးလည်း ကြောက်လန့်တုန် လှုပ်ချောက်ချားမနေကြပါနှင့်။ လောက၌ အကောင်း နှင့်အဆိုး ဒီနှစ်မျိုးသာရှိပါမယ်။ ဘ၀ကိုအတွင်းကျကျ နားလည်ပြီး မကောင်းလျှင်ကောင်းအောင်၊ ကောင်း နေရင်ပိုကောင်းအောင် ပြုပြင်ဖန်တီကာ၊ လူ့သက် တမ်း အတွင်း လူထဲကလူဖြစ်ဖို့ ဒီစာအုပ်က လမ်းညွှန် ပေးနေပါတယ်။
အနာဂါတ်ကို ကြိုတင်သိမြင်ခြင်းသည် အမှား အယွင်းများကို ကြိုတင်ပြင်ဆင်နိုင်ခြင်းဖြစ်တယ် လို့ ကျွန်တောပြောလို့ပါတယ်။
နိမိတ်ဖတ်ဗေဒင်စာအုပ်တွင် အောက်ပါအကြောင်း အရာများပါဝင်ပါတယ်။
က။ စကားပြောနေသော ဖဲချပ်ကလေး
၁။ ညှင်းဖဲများ
၂။ ထောင့်ဖဲများ
၃။ စပိတ်ဖဲများ
၎။ ဖူးဖဲများ
ထုတ်ဝေကာလ ။ ၂၀၀၁၊ ဒီဇင်ဘာလ
No Response to "နိမိတ်ဖတ်ဗေဒင်"
Add Your Comment