အရှေ့တိုင်းနက္ခဗေဒင်စနစ်မှာ နဒီစနစ်ဆိုတာရှိပါ တယ်။
နဒီစနစ်ဟာ သူသတ်မှတ်တဲ့နေရာမှာ သူသတ်မှတ်တဲ့ ဂြိုဟ်နဲ့နက္ခ ရောက်လာရင်သူ့ဟောအတိုင်းဖြစ်တဲ့ ပုံသေ ဟောတွေနဲ့ ထုံမွှမ်းထားပါတယ်။ ဒီဓနယုဂ်စာ အုပ်ဟာလဲ နဒီစနစ်နဲ့ ဟောပြောထားတဲ့ ကြီးပွားရာ ကြီးပွားကြောင်း အဟောတွေကို ရေးထားတာပါ။ မြန်မာပြည်မှာ တစ်ကြိမ်တစ်ခါမှ မထုတ်ဝေဖူးပါ။ ဒီစာ အုပ်က အင်မတန်မှ ဖတ်သင့်တဲ့ ကျမ်းထူးတစ်အုပ်ပါ။ ဒီစာအုပ်မှာ ထူးခြားချက်တစ်ခုက အရှေ့တိုင်းနည်းစ နစ်ရော အနောက်တိုင်းနည်စနစ်ပါ နှစ်မျိုးစလုံး ပါဝင် ပါတယ်။ နဒီမူရင်းကျမ်း (၁၁) ကျမ်းထဲက တစ်အုပ် ဖြစ်ပါတယ်။ ဘယ်တော့ကောင်းစားမယ်။ ဘာလုပ်ရင် ကောင်းစားမယ်။ ဘယ်အလုပ်နဲ့ အကျိုးပေးမလဲ ဆိုတာ သိဖို့ ဇာတာရှင်ရဲ့ စင်နက္ခက်ပဲသိဖို့လိုပါတယ်။ ကိုယ့်အတွက်ပဲဖတ်ဖတ်၊ သူများကိုပဲ သင်ပေးသင်ပေး အရေးပါတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဟောကိန်းတွေ အများကြီးပါဝင်ပါတယ်။
ဓနယုဂ်စာအုပ်တွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါတယ်။
အရှေ့တိုင်းစနစ်
၁။ ဂြိုဟ်ပရိယာယ်များ
၂။ ဂြိုဟ်မြင် ဂြိုဟ်ယှဉ် ဂြိုဟ်ပူးများ
အနောက်တိုင်းစနစ်
၁။ ဘယ်လိုအလုပ်နဲ့သင့်တော်
၂။ အနောက်တိုင်းဂြိုဟ်ပရိယာယ်များ
၃။ ဘာဝနဲ့ ရာသီစက်
၎။ ဂြိုဟ်တွေရဲ့အလုပ်လုပ်မှု
၅။ ကံကောင်းမှုနဲ့အကျိုးပေးမှု
၆။ သုဘယုဂ်
ထုတ်ဝေကာလ = ၁၉၉၈ ခု
No Response to "ဓနယုဂ်(သို့) ဘာနဲ့ ကြီးပွားမှာလဲ"
Add Your Comment