တရုတ်ဗေဒင်ပညာ ပေါ်ပေါက်လာခဲ့တာဟာ အနည်းဆုံးနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ခဲ့ပါပြီ။ တရုတ်ဗေဒင်ပညာရဲ့ ရှုထောင့်အမြင်ဟာ ရှေးအကျ ဆုံးတိကျတဲ့ ပညာရပ်တစ်ခုအဖြစ်နဲ့ အနောက်တိုင်း ရဲ့ စိတ်ဝင်စားမှုကို ပိုရရှိခဲ့ပါတယ်။
တရုတ်ဗေဒင်ပညာရပ်ကို လေ့လာမယ်ဆိုရင် တော့ အထောက်အကူပြု ကျမ်းစာအုပ်တွေ၊ ဇယား တွေရဲ့အကူအညီနဲ့ ဒီပညာရပ်နဲ့ အမြင်သစ်တွေကိုပါ ရရှိနိုင်ပါတယ်။
ဒီပညာရပ်ကို လေ့လာသွားတဲ့အခါ၊ အနောက်တိုင်းဗေဒင်နဲ့ ဖီလာကျတဲ့အချက်အလက် အတော်များများ တွေ့ရပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခြေခံအားဖြင့်တော့ လေ့လာသူအဖို့ မိမိအကြောင်းနဲ့ တခြားလူတွေရဲ့ အကြောင်းကို လေ့လာက သိရှိလာမှာဖြစ်ပါတယ်။
တရုတ်ဗေဒင်ပညာဖြစ်တဲ့ ရှေးဟောင်း အာရှအနုပညာဟာ ဒီနေ့လူသိများ ထင်ရှားနေတဲ့ အနောက်တိုင်းဗေဒင်ပညာအစိုင်အခဲ ဖြစ်လာတဲ့ အချိန်အထိ၊ ဆက်စပ်မှုပြုရင် ရနိုင်တဲ့ အခြေအနေမျိုးကို ရောက်နေပါပြီ။
တရုတ်ဗေဒင်ပညာရပ်ဟာ သူရဲ့သိရခက် နက်နဲတဲ့ အစိတ်အပိုင်းကိုတော့ အထိပါးမခံဘဲ တည်ရှိ နေပါတယ်။
တရုတ်ရိုးရာတစ်ဆယ့်နှစ်ကောင်ဗေဒင်စာအုပ် တွင် အောက်ပါအကြောင်းအရာများပါဝင်ပါတယ်။
တရုတ်ဗေဒင်ပညာ
တရုတ်လဂ်ရွေးနည်း
(၁) ကြွက်နှစ်
(၂) နွားနှစ်
(၃) ကျားနှစ်
(၄) ယုန်နှစ်
(၅) နဂါးနှစ်
(၆) မြွေနှစ်
(၇) မြင်းနှစ်
(၈) ဆိတ်နှစ်
(၉) မျောက်နှစ်
(၁၀) ကြက်နှစ်
(၁၁) ခွေးနှစ်
(၁၂) ၀က်နှစ်
(၁၃) အချစ်ရေး၊ အိမ်ထောင်ရေး အတွက် တရုတ် ဗေဒင်
ထုတ်ဝေသည့်လ။ ၁၉၉၉၊ စက်တင်ဘာလ
No Response to "တရုတ်ရိုးရာတစ်ဆယ့်နှစ်ကောင်ဗေဒင်"
Add Your Comment