ကိုယ့်မိသားစုက လူတွေအကြောင်းလည်းသိ ရ၊ အပျင်းလည်းပြေ၊ ပညာလည်းရအောင် ဇာတာ ကြည့်ပြီးဗေဒင်တွက်ရအောင်။
ဘယ်သူ့ရဲ့ဇာတာမှာမဆို တစ်နေရာရာမှာ “လ”အက္ခရာလေးပါလိမ့်မယ်။ အဲဒါကို “လဂ်”လို့ ခေါ်တယ်။ “လဂ်”ရှိတဲ့အတွက်ကနေ နာရီလက်တံ ပြောင်းပြန်အတိုင်း ၄ကွက်မြောက်အထိ ရေတွက် ကြည့်ပါ။ ၄ကွက်မြောက်အကွက်ကို “လဂ်ရဲ့ ၄တန် ဘာဝ” လို့ခေါ်တယ်။
အဲဒီ့လဂ်ရဲ့၎တန်ဘာဝမှာ ဗုဒ္ဓဟူးဂြိုဟ် (ဂဏန်းသင်္ကေတအားဖြင့် ၄)ရှိရင် ဇာတာရှင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာကြွယ်ဝမယ်၊ အထူးသ ဖြင့်မိဘတွေရဲ့အရှိန်ကြောင့် ချမ်းသာသုခနဲ့ ပြည့်စုံ မယ်။ သွက်လက်ချက်ချာပြီး သည်းခံစိတ်ရှိမယ်။ ပညာတတ်မြောက်ပြီး အမြင်ကျယ်လိမ့်မယ်။
သင့်မိသားစုမှာ ဒီလိုဇာတာရှင်ပါဝင်နိုင်ပါစေ။
No Response to "မိသားစုအတွက် အပျော်တမ်းဗေဒင်"
Add Your Comment