ကိုယ့်ဇာတာပဲဖြစ်ဖြစ်၊ အပေါင်းအသင်းရဲ့ဇာ တာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ရဲ့ ဇာတာပဲ ဖြစ်ဖြစ်ယူကြည့်လိုက်ပါ။ ရာသီခွင်တစ်နေရာစီမှာ “လ”အက္ခရာနဲ့ ၂-တွေ့ရမယ်။ “လ”ကို လဂ်ဟုခေါ် ပြီး ၂-ကိုစန်းလို့ခေါ်တယ်။
အဲဒီ့လဂ်မှာဖြစ်စေ၊ စန်းမှာဖြစ်စေ ၁=နွေတို့၊ ၃-င်္ဂါတို့၊ ၀-စနေတို့ရှိမရှိစစ်ကြည့်ပါ။
ဥပမာဇာတာ
အဲဒီ့လိုလဂ်နဲ့အတူဖြစ်စေ၊ စန်းနဲ့အတူဖြစ် စေ(၁နွေ၊ ၃င်္ဂါ၊ ၀နေတစ်လုံးလုံး)ရပ်တည်ရင် ဇာတာ ရှင်ဟာ ဘ၀တစ်သက်တာမှာ သောကများရမယ်။ သူတို့ဟာဝိရိယနည်းပါးပြီး ပညာမဲ့မယ်။ ဒီတော့ စီးပွားဥစ္စာလည်း ခေါင်းပါးမှာပေါ့။ ပညာမတတ်၊ ပညာမရှိတဲ့အတွက် ဥာဏ်ခေါင်းပါးပြီး ဘ၀အတွက် အကျိုးယုတ်မယ့်ကိစ္စတွေ ကျူးလွန်တတ်ကြပါ တယ်။ စိတ်နှလုံးလည်း ကောက်ကျစ်တတ်ကြတယ်။ များသောအားဖြင့် သူတို့ဟာ တစ်ပါးသူထံမှာ အစေ အပါးအဖြစ်နဲ့ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက် ကြရတတ်ပါတယ်။
No Response to "အပျင်းပြေဗေဒင်ဟောရအောင်"
Add Your Comment