၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။
0 comments
ကလေးရဲ့ကံကြမ္မာဟာ မိခင်လက်ထဲမှာ ရှိနေတဲ့ခေတ်
Published on Wednesday, December 19, 2012 in
အခန်း(၁)
ဘယ်မိခင်လောင်းပဲဖြစ်ဖြစ် သူလွယ်ထား ရတဲ့ သူ့ရင်သွေးလေးအတွက် မမွေးဖွားခင်က တည်းက အမျိုးမျိုး စိတ်ကူးယဉ်လေ့ရှိပါတယ်။
သူမရဲ့ ရင်သွေးလေးဟာ ကိုယ်အင်္ဂါနဲ့မှ ပြည့် စုံပါ့မလား။ ပညာမှတတ်ပါ့မလား။ လူတော် လူကောင်းဖြစ်ပါ့မလား။
လူအများငေးကြည့်ရ လောက်တဲ့ ထူးဆန်းတဲ့ သူလေးဖြစ်ပါ့မလား။ မိခင်ကိုချစ်တဲ့ ကလေးဖြစ်ပါ့မလား။
စတဲ့ သို့လော သို့လော စိတ်ကူးတွေဟာ ပလုံစီနေလေ့ ရှိကြပါတယ်။
ကလေးငယ်ဟာ မိခင်ရဲ့ ၀မ်းဗိုက်ထဲရှိကတည်းက မိခင်ရဲ့အချစ်ကို ခံနေရကြတာပေါ့။
    ရှေးခေတ်က မိခင်လောင်းတစ်ယောက် ကိုယ်ဝန်ဆောင်ကြရပြီဆိုရင် သားယောက်ျား လေး လိုချင်တဲ့မိခင်က သားရူးရူးသလို သမီးမိန်း ကလေးလိုချင်တဲ့သူကလည်း သမီးရူး ရူးကြလေ့ ရှိကြပါတယ်။
သားဆိုရင် ဘယ်လိုနာမည်၊ သမီးဆိုရင် ဘယ်လိုနာမည်ပေးမယ်ဆိုပဲ နာမည် အမျိုးမျိုးရွေးချယ်ရတာ အမောပါပဲ။
    ကိုယ်ဝန်စပြီး ဆောင်စဉ်ကတည်းကလည်း ဗိုက်ထဲက ကလေးဟာ ဘာလေးမွေးမယ်ဆိုတာ ကိုတော့ မိန်းမကြီးတွေက ဝေဖန်ဆုံးဖြတ်ပြော လေ့ရှိကြပါတယ်။
ဟုတ်တာလည်းရှိတယ်။ မ ဟုတ်တာလည်းရှိပါတယ်။ မိခင်ဖြစ်သူကတော့ ရင်တထိတ်ထိတ်နဲ့ သူ့ကိုယ်ဝန်ကို စောင့်ရှောက် လေ့ရှိကြပါတယ်။
    တကယ်လို့မွေးလာတဲ့ ကလေးဟာ မိခင် မျှော်လင့်ထားတဲ့ကလေးဖြစ်ခဲ့ရင် အရမ်းဝမ်းသာ ကြသလို ထင်ထားသလို မဖြစ်လာရင် စိတ်ပျက် လက်ပျက်ဖြစ်သွားပေမဲ့
လိုချင်တာရရ မရရ ကလေးအပေါ် မငြိုငြင်တက်ကြပါ။ ငါ့ကံပါပဲဆိုပြီး ကံကြမ္မာကို ပုံချလေ့ရှိကြပါတယ်။
    ယခုဒီခေတ်မှာတော့ အဲ့ဒီအတွေးအခေါ် ကောင်းအချို့ ပျောက်ကွယ်စပြုလာပါပြီ။ မိခင် ကောင်းအတွက် စိတ်ကူးယဉ်တဲ့ ခေတ်လဲကုန် သွားပါပြီး။ မိခင်ဗိုက်ထဲက ကလေးဟာ
ဘာလေး မွေးမလဲဆိုတာ မိခင်ကိုယ်တိုင် အပ်ထရာဆောင်း မှာ ကြည့်လို့ရတဲ့ ခေတ်ဖြစ်နေပါပြီ။ ၀မ်းဗိုက်ထဲ မှာရှိတဲ့ ကလေးဟာ ယောက်ျားလေးလား၊ မိန်း ကလေးလား၊
အမွှာလား၊ ရိုးရိုးမွေးရမှာလား၊ ခွဲစိတ်မွေးရမှာလားကို ကြိုတင်သိခွင့်ရတဲ့ခေတ် ပါ။
    ရုပ်မြင်သံကြား အပ်ထရာဆောင်းကလည်း မှားခဲ့တော့ မိခင်ဟာ ကလေးတွေအတွက် ကြို တင်ပြီး ပစ္စည်းစုထား တာတို့ကို လုပ်လို့ရလာပါ တယ်။ သိပ္ပံပညာက မိခင်ဘယ်တော့မွေးမယ်၊
လက်ရှိကိုယ်ဝန်ဟာ ဘယ်လောက် ရှိနေပြီဆိုတာ တွေကို ကြိုတင်ပြောပြနေတော့ သာမန်ကိုယ်ဝန် ဆောင်ရတဲ့ရက်ကို မသိရင်လည်း အရေးမကြီး တော့ပါ။ သိပ္ပံက ပြောပြပါလိမ့်မယ်။
    သားလိုချင်ရင်သား၊ သမီးလိုချင်ရင်သမီး ရနိုင်တဲ့ခေတ်ဖြစ်လာပါပြီ။ ကလေးကို ရိုးရိုးပဲ သမားရိုးကျမွေးရမယ်ဆိုရင် မိခင်လောင်းဟာ ကလေးအတွက် အချိန်စောင့်ရုံမှအပ ဘာမှ
တာဝန်ယူစရာမလိုပေမဲ့ အခြေအနေအရ ကျန်း မာရေးအရ ခွဲစိတ်ပြီး မွေးရမယ်ဆိုရင် လုပ်ရမယ့် အလုပ်တွေ အများကြီးဖြစ်လာပါတယ်။
    တတ်သိတဲ့ ဗေဒင်ဆရာတစ်ယောက်ဟာ မိခင်လောင်းအတွက် အလုပ်တွေအများကြီး လုပ်ပေးလို့ရပါတယ်။ ဗေဒင်ပညာရဲ့ အကူအညီနဲ့ ကလေးကံကြမ္မာကို မိခင်လိုချင်သလို ဖန်တီးနိုင် တဲ့ခေတ်ကို ရောက်နေပြီ။
အခန်း (၂)
 ရှေးအခါက လူကြီးသူမတွေ ပြောလေ့ရှိတဲ့ စကားတစ်ခုက လူတွေဟာ သူတို့ကံနဲ့ သူတို့လာ ကြတာပါတဲ့။
မိခင်ရဲ့ ၀မ်းထဲရောက်ကတည်းက အဲ့ဒီကလေးရဲ့ ကံကြမ္မာက ကလေးကို ဘာဖြစ် မယ်။ ဘာလုပ်ရမယ်ဆိုတာ
 ပြဌာန်းထားပြီးသား လို့ ထင်ပါတယ်။ ဟုတ်ပါသလား။ ရှေးရှေးက စကားတွေဟာ အဲဒီတုန်းက မှန်ကောင်းမှန်နိုင် ပေမဲ့ နှစ်ဆယ့်တစ်ရာစုထဲမှာတော့ နည်းနည်းကွဲ မယ်ထင်တယ်။
ဒါမှမဟုတ်ရင်လဲ တက်တက်စင် လွဲချင်လွဲပါလိမ့်မယ်။
    ဘာကြောင့်လဲဆိုတော့ ဗိုက်ခွဲပြီးမွေးဖွား ရတဲ့ မိခင်လောင်းဟာ သူ့ကလေးရဲ့ ကံကြမ္မာ အတက်အကျတွေကို တတ်သိတဲ့ ဗေဒင်ပညာရှင် ရဲ့ အကူအညီတွေနဲ့ ပြုပြင်နိုင်ဘို့ပါပဲ။
မိခင်ဟာ ကလေးကို ကံကြမ္မာစေခိုင်းသမျှ လုပ်စရာမလိုပဲ ကိုယ့်ကံကြမ္မာဖန်တီးတာလို့ပြောတော့ ခံနေရုံပါ ပဲ။
    ဗေဒင်ပညာဟာ မိခင် ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး
    (က)    မိခင်အတွက် ကံကောင်းမဲ့ရက် (ခွဲစိတ်ခံရတဲ့အတွက် ဘေးအန္တရာယ်ကင်းစေမဲ့ ရက်ရွေးပေးနိုင်ပါတယ်)
    (ခ)    မွေးလာမဲ့ကလေးရဲ့ မွေးဇာတာ (ရိုးရိုးမွေးရင် ဘာမှစဉ်းစားပေးလို့မရပေမဲ့ ခွဲစိတ် မွေးတဲ့ကလေးကို လိုချင်တဲ့လဂ်၊ ဇနမစန်းဂြိုလ်၏ ကြိုက်တာတွေကို စိတ်တိုင်းကျ ရွေးချယ်ပေးလို့ ရပါတယ်)
    (ဂ)    ကလေးရဲ့ အတိတ်ကံကို ပြုပြင်နိုင် မှု (အတိတ်ကံက ပြဌာန်းတာတွေကို ပစ္စုပ္ပန်ကံက ဖန်တီးပေးတာ ဖြစ်တယ်လို့ ဗေဒင်ပညာရပ်က ပြောလေ့ရှိပါတယ်။ ကလေးဟာ ရေနစ်မယ့်ဘေး၊
အတိတ်ကံကတည်းက ပါလာတယ်။ ပစ္စုပ္ပုန် ကံဇာတာကို ဗေဒင်ဆရာက ပြုပြင်ပေးထားတော့ ကလေးဟာ ရေတော့နစ်မယ်။ မသေနိုင်ဘူး အဲ့ဒီလို ပြုပြင်ပေးလို့ ရပါတယ်)
    မိခင်ဟာ သူ့ကလေးအတွက် ဗေဒင်ဆရာ နဲ့တိုင်ပင်ပြီး ကလေးရဲ့ မွေးဇာတာမှာ
    (၁)    လိုချင်တဲ့လဂ်ကို ရယူစေလို့ရပါ တယ်။
    (၂)    လိုချင်တဲ့ ဇနမစန်းကို ရယူစေလို့ရ ပါတယ်။
    (၃)    အရိဌ ပါပကတ္တရီ ဒုဌာနအိမ်မှာ ဂြိုလ်တွေရပ်တည်ခြင်းမှ ကင်းအောင် လုပ်ပေးလို့ ရပါတယ်။
    (၄)    မာလာအရိဌတွေ မဖြစ်အောင်လုပ် ပေးလို့ရပါတယ်။
    (၅)    ကောင်းတဲ့ ရာဇယုဂ်၊ ဓနယုဂ်၊ ကိတ္တိယုဂ်တွေရစေဖို့ လုပ်ပေးနိုင်ပါတယ်။
    အဲ့ဒီတော့ ကလေးရဲ့ကံကြမ္မာဟာ ဘယ် လောက်ပြောင်းလဲသွားနိုင်သလဲဆိုတာ စဉ်းစား ကြည့်ပါ။
အခန်း (၃)
သာမန်မွေးတဲ့ကလေးနဲ့ ခွဲစိတ်မွေးတဲ့ ကလေးနှစ်ယောက်ရဲ့ ကံကြမ္မာဟာ မတူနိုင်တာ တော့ အမှန်ပါ။ ကျွန်တော် နမူနာတစ်ချို့ကို တင်ပြပါမယ်။ အောက်ပါဇာတာ သုံးစောင်ကို ကြည့်ပါ။
    ဒီဇာတာရှင် သုံးယောက်စလုံးဟာ လူ့လော ကမှာမရှိတော့ပါ။
    ဇာတာ(က)ဆိုရင် မွေးဖွားပြီး သိပ်မကြာ ခင်မှာ သူ့မိခင်က ကလေးကို မကျွေးနိုင်လို့ သူမရော ကလေးပါသတ်ပြီး သေကြပါတယ်။ ဇာတာ (က)ရဲ့ ဂြိုလ်တွေကိုကြည့်ပါ။
    လဂ်ကို ပါပဂြိုလ်ဖြစ်တဲ့ ၁နွေဂြိုလ်(၆တန့် သခင်)၊ စနေဂြိုလ် (၁၂တန့်သခင်)တို့မြင်ထားပြီး ဘယ်ကောင်းတဲ့ ဂြိုလ်တစ်လုံးမှ လဂ်ကို မမြင် ထားကြပါ။ လဂ်သခင် ၅တေးဂြိုလ်ဟာ
၂တန့်မှာ ရပ်ပြီး ၂တန့်သခင် ၃င်္ဂါ(ပါပဂြိုလ်) ပူးနေပါတယ်။ ၂င်္ဂါဟာ စနေလဂ်၊ ရာဟုတို့ရဲ့ ခံထားရပါတယ်။ ကလေးဟာ ကံကြမ္မာဟာ ရှင်သန်မလာတော့ပဲ ကံကြမ္မာပြုလုပ်သမျှ ခံခဲ့ရပါတယ်။
    တကယ်လို့ ဒီ(ဂ)ဇာတာဟာ ခွဲစိတ်မွေးရ မယ်ဆိုရင် မွေးချိန်ကို ပြုပြင်ပေးလိုက်ရင် ကလေး ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ သတ်ပေမယ့် ကံပါလို့ သေချင်သေလိမ့်မယ်။
 မိခင်ဟာ သူမကျွေးမွေးနိုင်လို့ ကလေးစောင့် ရှောက်ရေးဌာန (သို့မဟုတ်) အခြားတစ်စုံတစ် ယောက်က မွေးစားလိုက်တော့ ကလေးဟာ မသေတော့ဘူးပေါ့။
    ဗေဒင်ဆရာက ကလေးရဲ့လဂ်ကို သိဟ်ရာ သီ(သို့မဟုတ်) ဓနုရာသီမှာထားပြီး
    မွေးစေခဲ့ရင် ဗာလာအရိဌကြောင့် ကလေး ချူချာရုံပဲ ချူချာပါမယ်။ လဂ်ကို
    ကယ်တင်ရှင်ဂြိုလ် ၅တေး ဂြိုလ်က အားနဲ့ မြင်ထားတဲ့အပြင် အဘယ်ပါပဂြိုလ်ရဲ့အမြင်ပါ မခံရတော့ ကလေးအသက်ကိုတော့ ချမ်းသာရာ ရမှာဖြစ်ပါတယ်။
မိခင်က ကလေးကို အဆိပ်ခတ် ရင်တောင်မှ အချိန်မှီကယ်မည့်သူရောက်လာကာ ဆေးကုသလို့ရမှာဖြစ်ပါတယ်။
    ဇာတာ(ခ)ဆိုရင် အဲ့ဒီကလေးဟာ သနားစရာကောင်းပါတယ်။ ကလေးပုခတ်ထဲ အိပ်နေချိန်မှာ အိမ်မှာရှိတဲ့ အယ်လ်ဇေးရှင်းခွေး ဟာ ရူးပြီးတော့ကိုက်လိုက်တာ
အူတွေထွက်ပြီး သေသွားရှာပါတယ်။ အပြင်ကပြန်လာတဲ့ မိခင် ဟာ ကလေးရဲ့ ကံကြမ္မာဆိုးကိုမြင်ပြီး သတိလစ် သွားခဲ့ပါတယ်။ ဇာတာ(ခ)ရဲ့ဂြိုလ်တွေကို ကြည့်ရ အောင်။
    ဇနမစန်းဟာ ဂဏ္ဍမိနေပြီး ရာဟုပူးပြီး အင်္ဂါ မြင်ထားပါတယ်။ ၆တန့်သခင် ၅တေးဟာ ဂတန့် မှာရပ်နေပါတယ်။ လဂ်ကို ၁နွေ (၂တန့်သခင် ဂြိုလ်)နဲ့ စနေ(ဂတန့်သခင်ဂြိုလ်)တို့ ပူးထားပါ တယ်။
 အင်္ဂါဟာ ၆တန့်မှာ ရပ်နေပါတယ်။ လဂ်နှင့်စန်း ၂ခုစလုံးကိုဖြတ်နေလို့ အရိဌတွေမှာ ဖျက်ဆီးနိုင်တဲ့ သောမဂြိုလ်တွေက အလုပ်လုပ် ပေမဲ့ အစွမ်းမပြနိုင်ခဲ့တာပါ။
    အဆိပ်အိမ်ဖြစ်တဲ့ ဗြိစ္ဆာရာသီသခင် အင်္ဂါ ဟာ စန်းကို မြင်နေတဲ့အခါ အဆိပ်ရှိသတ္တ၀ါဖြစ် တဲ့ ခွေးကိုက်ခံရတာပါ။ (ဒီနေရာမှာ ခွေးသာ မကိုက်ခဲ့ရင် အခြားအဆိပ်ရှိသတ္တ၀ါ
တစ်ကောင် ကောင်က ကိုက်ကိုကိုက်ခံရမဲ့ဘေးတွေ့ရမှာသေ ချာပါတယ်။)
    ဇာတာ(က)လိုပါပဲ ဒီကလေးသာ ခွဲစိတ်ပြီး မွေးရမယ်ဆိုရင် မွေးတဲ့အချိန်ကို ပြောင်းလဲပေးရုံ နဲ့ သေတဲ့အထိ ဖြစ်လာမှာမဟုတ်ပါဘူး။ နည်း နည်းပါးပါးဒဏ်ရာရုံပဲဖြစ်မှာပါ။
အခု သွေးရိုးသား ရိုးမွေးတော့ဘာမှမတတ်နိုင်ပဲ ရပ်ကြည့်နေရတဲ့အ ခြေအနေ ဖြစ်သွားရပါတော့တယ်။
    ကရကဋ်ရာသီလဂ်ဖြစ်မဲ့အစား တူလဂ်ဖြစ် ခဲ့ရင် လဂ်ဟာ ဘယ်ပါပဂြိုလ်နဲ့မှ မဆပ်စပ်တော့ ဘဲ ၂င်္လာဟာ ၁၀တန့်သခင်ဖြစ်ကာ အားရှိသွား မှာဖြစ်ပါတယ်။
    ၅တန့် ၄ဟူး ၆ကြာတို့ရဲ့ ဆက်သွယ်မှုဟာ လဂ်ကို အထူးအကျိုးပြုမှာဖြစ်ပါတယ်။
    ဇာတာ(ဂ)ကလည်း တစ်မျိုးထူးခြားတာ ပါပဲ၊ ကလေးဟာ ရှစ်နှစ်သားအရွယ်မှာ ဆော့ရင်း ရေတွင်းထဲ ပြုတ်ကျကာ ရေနစ်ပြီးသေခဲ့ပါတယ်။ ရေထဲပြုတ်ကျကာ
ဘယ်သူမှမသိတော့ ကလေး ပျောက်လို့လိုက်ရှာတော့မှ အသက်ပျောက်နေတဲ့ ကလေးကို ရေတွင်းထဲမှာ တွေ့ခဲ့ရတာဖြစ်ပါ တယ်။
    ဇာတာ(ဂ)ကိုကြည့်ပါ။ လဂ်ကို ပါပဂြိုလ် ဖြစ်တဲ့ ၃င်္ဂါ(ဂတန့်သခင်)နဲ့ စနေ(၆တန့်သခင်) ပူးနေရပါမယ်။ ၁၂တန့်သခင်၊ ၁နွေက ၂တန့် သခင်၊ ၆ကြာနဲ့ပူးပြီး ၅တန့်သခင် ၄ဟူးကို ပူးထား ပါတယ်။
ကယ်တင်ရှင်  ၅တေးကလည်း အပြန် အလှန်မရှိပါ။ ရှစ်နှစ်အထိ ကလေးအသက်ရှင် လာတာဟာ ၂င်္လာတာ ဂဏ္ဍမမိလို့ပါ။ ဒါတောင်မှ ၂င်္လာကို ၃င်္ဂါနဲ့ စနေတို့ ညှပ်ထားပါတယ်။
    ဂတန့်မှာ ရာဟုရှိခြင်း၊ ရေဂြိုလ်ကို ရာဟု မြင်ထားခြင်း ၂င်္လာက ရာသီပိုင်ရှင်ဖြစ်ခြင်းတို့ ကြောင့် ရေနစ်သေရတာဖြစ်ပါတယ်။
    လဂ်ဟာ ပထ၀ီလဂ်ဖြစ်တော့ မြေကြီးထဲ ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ ကလေးရဲ့ ကံ ကြမ္မာဆိုးကို မိဘတွေကလည်း ဘာမှမတတ်နိုင် ဘဲ ကြည့်နေရပါတယ်။ တကယ်လို့သာ
ကလေး ဟာ ခွဲစိတ်မွေးဖွားခဲ့ရင် ဗေဒင်ဆရာက ကလေးရဲ့ ကံကြမ္မာကို တစ်မျိုးတဖုံပြောင်းလဲပေးနိုင်မှာ သေ ချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးရဲ့ လဂ်ကို နေရာပြောင်းပေးမှာဖြစ်လို့ပါ။
    ဗေဒင်ဆရာက ကလေးရဲ့ လဂ်ကို ဗြိစ္ဆာရာ သီမှာထားချင်ပါတယ်။ ဗြိစ္ဆာလဂ်ဖြစ်ခဲ့ရင် ၆တန့် သခင် ၃င်္ဂါ၊ ဂတန့်သခင် ၄ဟူး၊ ၁၂တန့်သခင် ၆ကြာတို့က လဂ်ကို ဘယ်လိုမှ မမြင်တော့ပါ။
 ၂င်္လာကလည်း ၉တန့်သခင် ၁၀တန့်မှာရပ်တဲ့အ တွက် အားရှိသွားပါတယ်။ လဂ်ကလည်း ကယ် တင်ရှင် ၅တေးဂြိုလ်နဲ့ ပူးထားလို့ အားရှိသွားပါ လိမ့်မယ်။ အဲ့ဒီတော့ ဘယ်လိုလုပ်ပြီး ရေနစ်သေ နိုင်ပါတော့မလဲ။
    ရေနစ်ချင်နစ်ပါလိမ့်မယ်။ မသေနိုင်တော့ ပါ။ ကယ်မဲ့သူတွေ အချိန်မှီရောက်လာပါတော့ မယ်။ အဲ့ဒါပါပဲ။ ဗေဒင်ပညာရှင်ရဲ့ အကူအညီဟာ …..
အခန်း(၄)
 နိဂုံးချုပ်ရမယ်ဆိုရင် ခွဲစိတ်မွေးရတာ ဘာမှ အခက်အခဲမရှိသလို ကလေး(၃)ယောက်ပဲရနိုင် လို့ ကလေးလည်း မဖောင်းပွတော့ပါ။ ကိုယ့်က လေးတွေရဲ့
ကံကြမ္မာတွေကို မိခင်ဟာ နက္ခက်ဗေဒင်ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ကယ်တင် နိုင်တဲ့အပြင် ကယ်တင်ဖို့အခွင့်အရေးလည်း ရလာ မှာပါပဲ။
    ဒါဟာ … ဗေဒင်ပညာရဲ့ ကျေးဇူးပဲ မဟုတ် ပါလား။
Spread The Love, Share Our Article
Related Posts
No Response to "ကလေးရဲ့ကံကြမ္မာဟာ မိခင်လက်ထဲမှာ ရှိနေတဲ့ခေတ်"
Add Your Comment