ဒီစာအုပ်ဟာ သာမာန်ဂြိုဟ်ပူး၊ ဂြိုဟ်ယှဉ် ရာသီအဟော၊ ဘာဝအဟောပုံသေနည်းတွေမဟုတ်ပါ။ ဗေဒင်ကျမ်းတွေထဲက မျက်စိလည်စေတဲ့ အကြောင်းအရာတွေ ကျမ်းထဲမှာမပါဘဲလောကကြီးအထဲမှာ မျက်မြင်ဖြစ်ပျက်နေတာတွေကိုမေးလာတဲ့မေးခွန်းတွေကို သိပ္ပံနည်းကျကျ ဖြေပြထားတဲ့စာအုပ် ဖြစ်လို့ပါပဲ။
ဗေဒင်အမေးသုံးရာလောက်ကို ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူဖြေပြသွားတာကိုက စိတ်ဝင်စားစရာကောင်းပါတယ်။
ဒီစာအုပ်ဟာသာမာန်ဗေဒင်ဝါသနာရှင်တွေအတွက်တော့ သိပ်အသုံးမ၀င်ပါဘူး။ ဗေဒင်ပညာကို စနစ်တကျလေ့လာနေတဲ့ သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ကျမ်းတစ်ကျမ်းဖြစ်ပါတယ်။
ဖတ်သင့်တယ်လို့ ယုံကြည်မိတဲ့အတွက် ဒီစာအုပ်ကို စီစဉ်ပေးတာပါ။ဗေဒင်ဗဟုသုတတွေ အများကြီး <ကယ်ဝလာစေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒီစာအုပ်မှာ -
၁။ ကလေးဘယ်နှစ်ယောက်ရမယ်ဆိုတာ
ဘယ်လိုဟောမလဲ။
၂။ ပညာရေးပိုင်းဆိုင်ရာ အရည်အချင်းကို
ဘယ်လိုအဆုံးအဖြတ်ပေးမလဲ။
၃။ လူတစ်ယောက်ဟာ မိန်းမလျာဖြစ်ကြောင်း
ဘယ်လိုလုပ်သိနိုင်မလဲ။
၎။ ဘာအလုပ်နဲ့ကြီးပွားနိုင်မလဲ။
၅။ေ<ကးရှိနေသူတစ်ယောက်ဟာေ<ကးဘယ်တော့ရှင်းမလဲ။
၆။ လူတစ်ယောက်ဟာ ( ၃၂ )နှစ်ကျော်လျှင် သူ့ကောင်းမှု^ဆိုးမှုကို လက်အစားစန်းကထောက်ပြီးဟောရမယ်ဆိုတာဟုတ်ပါ့မလား
၇။ လက်ထပ်မယ့်ရက်ကို ဘယ်လိုဟောရမလဲ
၈။ ဂြိုဟ်တစ်လုံးဟာ ပါပဂြိုဟ်တွေညှပ်ထားလျှင် အားပျော့သွားမလား။
စတဲ့မေးခွန်းပေါင်းများစွာပါရှိပါတယ်။ နက္ခတ်ဗေဒင် ပညာဆိုင်ရာကျမ်းပေါင်း
ရာနှင့်ချီပြီး ဖတ်ခဲ့ဖူးပေမယ့် စိတ်ထဲက သိချင်တဲ့ပြဿနာဆိုတာကတော့ ရှိစမြဲပါ။သိလဲသိချင်တယ်၊ မေးလဲမေးချင်တယ်၊ ဘယ်လိုသိအောင်လုပ်ရမလဲ၊ ဘယ်သူ့ကို မေးရမှန်းမသိတဲ့ ဗေဒင်ဆိုင်ရာ မေးခွန်းငါးရာနီးပါးကို အမေးရောအဖြေပါမေးပြဖြေပြထားပါတယ်။ လျို့ဝှက်ရှားပါးပြီးရှုပ်ထွေးနေတဲ့မေးခွန်းတွေကို စနစ်တကျသဘာဝယုတ္တိတွေနဲ့ဖြေပြထားပါတယ်။
ထုတ်ဝေကာလ - ၁၉၈၂ခုနှစ်၊ ဇန်န၀ါရီလ
0 comments
ဗေဒင်အမေးဗေဒင် အတွေး
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "ဗေဒင်အမေးဗေဒင် အတွေး"
Add Your Comment