ဗေဒင်ဆိုင်ရာကောက်ကိန်းတွေအများကြီးရှိပါတယ်။
ပညာရှင်တွေဟာလွယ်သထက်လွယ်အောင် ရှင်းသထက်ရှင်းအောင်အသုံးပြုလို့ရတဲ့ကောက်ကိန်းတွေ အများကြီးစီစဉ်ပေးခဲ့ကြပါ တယ်။ မင်္ဂလာအခါပေးဆိုင်ရာကောက်ကိန်းတွေလဲပါပါတယ်။
မင်္ဂလာအခါနဲ့ပတ်သက်ရင် သဗ္ဗမင်္ဂလာအခါပေးကျမ်းကနေ ပြေးမလွတ်ပါဘူး။ အခုလဲ သဗ္ဗမင်္ဂလာအခါပေးကျမ်းနဲ့ အခြားမုဟုတ္တကျမ်း၊ သုံးလေးကျမ်းကနေ မြန်မာပြည်မှာသုံးနေတဲ့ အခါပေးနည်းတွေကို အလွယ်ဆုံးစုဆောင်း စီစဉ်ပေး
ထားတာပါ။
ဒီကောက်ကိန်းတွေအပြင် မြန်မာ့ရိုးရာ ရက်ကောင်းရက်မြတ် ရွေးချယ်နည်းတွေ၊ နေ၀င်နေထွက် အရုဏ်တက်ဇယားတွေ၊ အပြည့်အစုံဖော်ပြထားပါတယ်။
ဒီစာအုပ်မှာ -
၁။ ရက်ကောင်းရက်မြတ်ရွေးချယ်နည်းများ
၂။ ကမ္ဘာ့ရက်မြတ် အနှစ်ချုပ်
၃။ အသင့်သုံးမင်္ဂလာရက်ကောင်းရက်မြတ်ရွေးရန်
၎။ သတို့သား သတို့သမီး ဇာတာတိုက်ဆိုင်နည်း
၅။ မင်္ဂလာရက် ရွေးချယ်နည်းအနှစ်ချုပ်
၆။နေ၀င်၊နေထွက်၊အရုဏ် မွန်းတည့်တွက်ချက်နည်း
၇။ နေထွက်ချိန်ဇယား
၈။ နေ၀င်ချိန်ဇယား
ထုတ်ဝေကာလ ၂၀၀၂ခု၊စက်တင်ဘာလ
0 comments
လက်ဆန်း ဗေဒင်ဆိုင်ရာ ကောက်ကိန်းမျိုးစုံ
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "လက်ဆန်း ဗေဒင်ဆိုင်ရာ ကောက်ကိန်းမျိုးစုံ"
Add Your Comment