ဒီစာအုပ်ဟာ ခု၊ လ၊ ရက်၊နာရီ မသိတဲ့သူတွေအတွက် လာမေးတဲ့အချိန်ကိုဇာတာဖွဲ့ပြီး သုဘာသုဘ ကောင်းဆိုးဟောပြောလို့ရတဲ့ ကျမ်းဖြစ်ပါတယ်။
ဆပÍ္စိက ဟူးရားကျမ်းတို့၊ ပရာသနမာဃကျမ်းတို့လိုပဲ အရမ်းကျော်ကြားပါတယ်။အဲဒါကို အခြေခံပြီး ဟောပြောရတဲ့ နည်းစနစ်တွေထဲမှာ ဒီ ပရာသန တန္တရကျမ်းဟာကျော်ကြားလှပါတယ်။
မေးတဲ့မေးခွန်းမှန်သမျှကို ခပ်လွယ်လွယ် ဟောပြောလို့ရအောင် ထွင်ပေးထားတဲ့ ကျမ်းထူးတစ်အုပ်ဖြစ်ပါတယ်။
မွေးတဲ့ ခု၊ လ၊ ရက်၊ နာရီတွေမသေချာတဲ့ ပုဂ္ဂိုလ်တွေကို ဗေဒင်ဟော ပါဆိုရင် တော်တော်ဂွကျပါတယ်။ ဒါပေမယ့် ဟောလို့ရပါတယ်။ ဒီစာအုပ်ဟာဇာတာမရှိတဲ့သူတွေကို ဟောပြောလို့ရတဲ့ စနစ်တွေကို ဖော်ပြထားပါတယ်။
ဟူးရားဗေဒင်ဟာစိတ်ထဲကပေါ်ပေါက်လာတဲ့အတွေးနဲ့ ခဏအတွင်းမှာအာရုံရတဲ့အဖြစ်တို့ကြားမှာ ဆက်နွယ်မှုရှိတဲ့ အာရုံဖြင့်သိမြင်မှုပညာရပ်တစ်ခုဖြစ်ပါတယ်။
ပရာသနတန္တရဟူးရားဗေဒင်ကျမ်းမှာအောက်ပါအခန်းတွေ ပါဝင်ပါတယ် -
၁။ ဟူးရားဗေဒင်အရေးပါပုံ၊မှန်ကန်တဲ့ဗေဒင်ပညာရှင်၊ မေးခွန်းတစ်ခုထက် ပိုမေးခြင်း၊ ဘာသ ဏရက အမျိုးမျိုး
၂။ ဘာသ ပြဿနာ၊မေးတဲ့မေးခွန်းရဲ့အဖြေ မှန်ကန်စေဖို့ ပါပဂြိုဟ်တွေနဲ့ဆက်သွယ်မှု
၃။ အထူးအရေးပါတဲ့ မေးခွန်းများကို ဖြေနည်း။ ခရီးသွားပြန်လာမလား ပျောက်နေတဲ့သူ အသက်ရှိ^မရှိ၊ ပျောက်နေတဲ့ပစ္စည်း ပြန်ရမှု၊ သံသယရှိတဲ့သူ- သူခိုးဟုတ်^မဟုတ်။
၎။ ပြဿနာမျိုးစုံ ဘာဝတွေကို ဝေဖန်သုံးသပ်နည်းများ၊ လိင်ကိစ္စရပ်များအကြောင်း၊ ဟူးရားစနစ်အရ ဂြိုဟ်မြင်အယူအဆများ
၅။ လက်တွေ့ဇာတာလေ့လာမှုများ
ထုတ်ဝေတဲ့ကာလ - ၂၀၀၃ခု၊ သြဂုတ်လ
0 comments
ပရာသနတန္တရဟူးရားဗေဒင်ကျမ်း
Published on Friday, November 30, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "ပရာသနတန္တရဟူးရားဗေဒင်ကျမ်း"
Add Your Comment