မူရင်းနဒီကျမ်း(၁၁)ကျမ်းထဲက ထူးခြားလွန်းတဲ့ကျမ်းစာအုပ်ပါ။ တစ်အံသာခြင်းကို ဟောပြထားတာပါ။ ဒီစနစ်ဟာ အနောက်တိုင်းမှာလည်း ကျော်ကြားပါတယ်။ နက္ခတ်ဗေဒင်ပညာဟာ လူ့ကံကြမ္မာကိုဖတ်တဲ့ ပညာရပ်တွေထဲမှာ အရမ်းနေရာယူထားပါတယ်။
မြန်မာလူမျိုးနဲ့ နဒီဗေဒင်ပညာနဲ့ နည်းနည်းဝေးကြပေမဲ့ အခုတော့ ယဉ်ပါးစပြုနေပါပြီ။
ဒီစာအုပ်ဟာ ကမ္မဇီဝဏလို့ခေါ်တဲ့ ဓနယုဂ်စာအုပ်နဲ့ အံသာနဒီလို့ ခေါ်တဲ့အံသာအရ ဟောရတဲ့စာအုပ်နှစ်အုပ်ကို စီစဉ်ပေးထားတာပါ။ အဲဒီ နှစ်အုပ်လုံးဟာ နဒီဗေဒင်ပညာတွေဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အံသာအပေါ် အခြေခံပြီး ဟောထားတဲ့ စာအုပ်ပါ။
ကိုယ့်ဇာတာထဲမှာ ဂြိုဟ်တွေရပ်တည်တဲ့ အံသာအပေါ်ကြည့်ပြီး ဟောရတဲ့နည်းပါ။ အင်မတန်မှ ရှားပါးပါတယ်။ သိတာတွေကို သဘာဝကျကျသုံးတတ်အောင် ရည်ရွယ်ထားပါတယ်။
နည်းပညာတွေ ဥပဒေသတွေကို သိနေပြီး ဦးနှောက်နဲ့ ရင်ဘတ်ထဲမှာ အစဉ်ရှိနေဖို့ ဒီစာအုပ်ကို ထုတ်တာပါ။
နဒီဗေဒင်ပညာကို လေ့လာတဲ့အခါမှာ ကြံစည်တွေးတောမှုတွေ ပြုလုပ်ရပါမယ်။ သိထားတာတွေကို ပိုင်းခြားဝေဖန် တတ်ရပါမယ်။ ကာလဒေသ ခွဲခြား တတ်ရပါမယ်။
ထုတ်ဝေကာလ ၂၀၀၃-ခုနှစ်၊ မေလ
0 comments
နဒီဗေဒင်ကျမ်း
Published on Friday, November 30, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "နဒီဗေဒင်ကျမ်း"
Add Your Comment