ပညာရေးကိုလိုလားပြီး တကယ်ကြိုးစားတဲ့ သူဟာ စာမေးပွဲတွေမှာ ဂုဏ်ထူးနဲ့၊ ပထမအဆင့်နဲ့ အောင်မြင်ချင်ကြတယ်။ စာမေးပွဲမဖြေခင်လဲ အဲဒီ့လို အဆင့်ရှိရှိနဲ့ အောင်မအောင်ကို သိလိုကြတယ်။
ဒီလိုဆိုယင် ဂုဏ်ထူးနဲ့အောင်မအောင်သိရ အောင်ဇာတာယူကြည့်လိုက်ပါ။
ဇာတာကိုကြည့်လိုက်ယင် တစ်နေရာရာမှာ “လ”အက္ခရာတွေ့ရမယ်။ အဲဒီ့“လ”ရှိတဲ့အကွက်က နေ(ဥပမာဇာတာထဲကအတိုင်း)၁၀ကွက်မြောက်မှာ ကြည့်လိုက်။ ဒီလို၁၀ကွက်နေရာမှာ“လ” ရှိတဲ့ အကွက်ကနေပြီး နာရီလက်တံပြောင်းပြန်အတိုင်းရေ ရတယ်။ အဲဒီ့လိုရေလို့ ၁၀ကွက်မြောက်မှာ တနင်္ဂနွေဂြိုလ်(ဂဏန်းသင်္ကေတ ၁)ရှိယင် ဇာတာ ရှင်ဟာ ပညာကို ကောင်းစွာသင်ယူနိုင်ပြီး စာမေးပွဲ တွေမှာ ဂုဏ်ထူးနဲ့အဆင့်အတန်းရှိရှိ အောင်နိုင်ပါ မယ်။ နောင်အခါ ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်နိုင်ပါတယ်။
No Response to "ဂုဏ်ထူးနဲ့အောင်မယ့်သူ"
Add Your Comment