လူတစ်ယောက်ရဲ့အတွင်းစိတ်ဟာတကယ်ပဲသူတော်ကောင်းစိတ်ဟုတ် မဟုတ်ဆိုတာကိုဇာတာ မှာလေ့လာကြည့်နိုင်ပါတယ်။
လေ့လာနည်းကလွယ်လွယ်လေးပါ။
သင့်ဇာတာကိုယူလိုက်ပါ။ ရာသီတစ်ခုခုမှာ လ အက္ခရာတွေ့ရပါလိမ့်မယ်။ ဒါကိုလဂ်လို့ခေါ်ပါ တယ်။လဂ်ရှိတဲ့အကွက်(ရာသီ)ကိုလဂ်ဘာဝလို့ခေါ်ပါတယ်။လဂ်ဘာဝကနေစပြီး၉ကွက်မြောက်တဲ့အထိ နာရီလက်တံပြောင်းပြန်ရစ်ပတ်တဲ့အတိုင်းရေတွက်ပါ ၉ကွက်မြောက်တဲ့ရာသီကို ၉တန့်ဘာဝ လို့ခေါ်ပါ တယ်။ဥပမာဇာတာမှာလေ့လာကြည့်ပါ။
အဲဒီလဂ်ရဲ့ ၉တန့်ဘာဝမှာ ကြာသာပတေး ဂြိုဟ်(ဂဏာန်းသင်္ကေတ၅)ရှိခဲ့ရင်ဇာတာရှင်ဟာသူ တော်ကောင်းစိတ်ရှိသူလို့ဆိုနိုင်ပါတယ်။
သူဟာဘာသာရေးနဲ့ ပတ်သက်တဲ့အခမ်းအ နားတွေ၊အလှူအတန်းကိစ္စတွေမှာပါဝင်ဆောင်ရွက်လေ့ရှိသူဖြစ်သည်။ ဘုရားတရားကြည်ညှိပြီးတရားဘာ ၀နာစီးဖြန်းဖို့ အမြဲလိုလို စိတ်ထားသန်နေတတ်ပါ တယ်။ လူရိုးလူဖြောင့်ဖြစ်ပြီး အများတကာရဲ့ချီးမွမ်း ခြင်း၊လေးစားခြင်းကိုလဲခံရတဲ့သူပါ။
အထူးသဖြင့်ကြာသပတေးဂြိုဟ်ဟာလဂ်ရဲ့၉တန့်ဘာဝမှာရပ်တည်နေပြီး ၉တန့်ဘာဝဟာ(ဥပ မာဇာတာမှာခရေပွင့် *)ပြထားတဲ့ရာသီတစ်ရပ်တည် ရင်ပိုကောင်းပါတယ်။
ဒါဆိုရင်ဇာတာရှင်ဟာကိုယ်ရောစိတ်ပါချမ်းသာရသူလို့ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကသူတော်ကောင်းစိတ်ရှိပြီးချမ်းသာကြွယ်ဝခြင်း ထင်ပေါ်ကျော်ကြားခြင်းတိုနဲ့ပြည့်စုံတဲ့အတွက်ပါ။
ကဲသင့်ဇာတာမှာဒီလိုဖြစ်နေပါသလား။
No Response to "သူတော်ကောင်းဟုတ်နိုင်ပါ့မလား"
Add Your Comment