သင့်ရဲ့ဇာတာကိုယူကြည့်ပါ။
ဇာတာရဲ့တစ်နေနေရာမှာ “လ” အက္ခရာကို တွေ့ရပါ လိမ့်မယ်။ အဲဒါကို “လဂ်”လို့ခေါ်တယ်။ အဲဒီ့ “လ”နဲ့အတူ ၄ဂဏန်းရောရှိသလားဆိုတာ ကြည့်လိုက်၊ ၄ဂဏန်း ဟာဗုဒ္ဓဟူးဂြိုဟ်ရဲ့သင်္ကေတဖြစ်ပြီး ၄နဲ့(လ)အတူတူရှိနေတာကို လဂ်ဘာဝမှာ ဗုဒ္ဓဟူးဂြိုဟ်ရပ်တည်တယ် လို့ခေါ်တယ်။
ဒီလို၎ဟူးဟာ လဂ်နဲ့အတူရပ်တည်နေရင် ဇာတာရှင် ဟာအိမ်ထောင်စောစောကျမယ်။ ပညာတတ်မယ်။ ခရီးသွားရတာနှစ်သက်မယ်။ ဘာသာတရားကိုင်းရှိုင်း မယ်။ စကားပြောချိုသာပြီး သနားကြင်နာတတ်မယ်။ တစ်ဖက်သားကို သည်းခံခွင့်လွှတ်တတ်တယ်။ များ သောအားဖြင့် ပညာရေးကောင်းပြီး ဂုဏ်ထူးတွေနဲ့ စာမေးပွဲအောင်နိုင်သူဖြစ်မယ်။
No Response to "လက်တွေ့ဗေဒင် ပေါ်ပေါ်ကြီးပြောပြမယ်"
Add Your Comment