သင်ဟာကံကောင်းနိုင်သူဟုတ် မဟုတ်သိရ အောင်ဇာတာယူကြည့်လိုက်ပါ။
ဇာတာခွင်ရဲ့တစ်နေနေရာမှာ "လ"အက္ခရာ
တွေ့ရမှာဖြစ်တယ်။ဒါကို"လဂ်"လို့ခေါ်ပါတယ်။လဂ်ကနေစရေတွက်လို့ ၂ကွက်မြောက်ကိုရှာကြည့်ပါ။ အဲဒါကိုတော့လဂ်ရဲ့တန့်ဘာဝလို့ခေါ်တယ်။လဂ်ရဲ့၂တန့်ဘာဝယူပုံကို ဥပမာဇာတာမှာ ကြည့်ပြီးလေ့ လာပါ။
အဲဒီလဂ်ရဲ့၂တန့်ဘာဝမှာ ကြာသပတေး ဂြိုဟ်(ဂဏန်းသင်္ကေတ၅)ရပ်တည်နေရင်ဇာတာရှင်ဟာဥစ္စာဓနပေါကြွယ်ဝပြီး အသိဥာဏ်နဲ့ပြည့်စုံလိမ့် မယ်။စိုက်ပျိုးရေးလုပ်ငန်းနဲ့ကြီးပွားအောင်မြင်ပြီး၊ငွေကြေးအမြောက်အများရရှိမယ်။ ပြီးတော့ သြဇာအာ ဏာလဲပြည့်ဝတယ်။ ဥပဓိရုပ် ကောင်းမွန်ပြီးစကား ပြောချိုသာယဉ်ကျေးတယ်။ ဇိမ်ခံပစ္စည်းတွေကြိုက် နှစ်သက်ပြီးအပေးအကမ်းရက်ရောတယ်။
၅တေးဟာလဂ်ရဲ့၂တန့်မှာရှိတဲ့အပြင်၊ အဲဒီ ၂တန့်ဘာဝဟာ(ဥပမာ ဇာတာထဲကခရေပွင့် * ပြထားတဲ့အတိုင်း)ဖြစ်နေရင်ပိုကောင်းပါတယ်။အဲသလိုဆိုရင်အုပ်ချုပ်ရေးကိစ္စတွေကျွမ်းကျင်သူဖြစ်မယ်။
နိုင်ငံခေါင်းဆောင်ဖြစ်နိုင်တယ်။
No Response to "ဒီလိုဆိုလည်း ကံကောင်းတက်ပါတယ်"
Add Your Comment