ဒီစာအုပ်ဟာခင်ဗျားတို့ မျှော်လင့်ထားတဲ့ အူကြောင်ကြောင် ဓာတ်ရိုက်ဓာတ်ဆင်ယတြာချေနည်းတွေစွတ်ရွတ်ပြီး တင်ပြထားတဲ့ စာအုပ်မဟုတ်ပါ။ ဒီစာအုပ်ပါအကြောင်းအရာတွေဟာ လေ့လာသင့်တဲ့မူတစ်ခုအနေနဲ့ ထားပြီးတော့လေ့လာပါ။သုံးကြည့်ရင် ဘယ်လိုနေမလဲဆိုတဲ့အမြင်နဲ့ သုံးကြည့်ပါ။ အားလုံးဖြစ်မှာပဲဆိုတဲ့မျှော်လင့်ချက်နဲ့တော့ မလုပ်ပါနဲ့။
ဒီစာအုပ်မှာဆရာတော်ခင်ကြီးဖျော်နဲ့ အင်္ဂ၀ိဇ္ဇာနည်းစနစ်ပါ ဥပဒေတွေကို စနစ်တကျတင်ပြထားတာဖြစ်ပါတယ်။အင်္ဂ၀ိဇ္ဇာဗေဒင်ပညာမှာ အဆစ်အပိုင်းတွေ အများကြီးရှိပါတယ်။ အဲဒီအကြောင်းအရာတွေကို စုစည်းထားပါတယ်။ အချာ၊အညွန့်၊ အမြစ်၊ တြိရန်၊ စတုရန်း၊ ပÍ္စပွတ်၊ ဆပွတ်စတဲ့ ဂဏန်းငယ်လေးတွေနဲ့ အံ့သြရင်သပ် ထူးခြားတဲ့ အကြောင်းချင်းရာတွေကို နှိုက်နှိုက်ချွက်ချွက် ရှာဖွေတင်ပြထားပါတယ်။
ဒီစာအုပ်မှ -
-အင်္ဂ၀ိဇ္ဇာ မိတ်ဆက်
-ဓာတ်ကြီးလေးပါးအခါရွေးနည်း
-အခါမျိုးစုံ
-အခါရွေးနည်း အင်္ဂ၀ိဇ္ဇာ
-အင်္ဂ၀ိဇ္ဇာ ဂဏန်းမှတ်ဟောနည်းကောက်ကိန်း
-နေ့စဉ် ကောင်းဆုံးပြဇယား
-ယတြာချေပြီး ဓာတ်ဆင်မယ်ကြံရင်
-ဒီလိုလုပ်ရုံနဲ့ ယတြာမဖြစ်ပါ
-ဈေးရောင်းဈေးဝယ် အင်္ဂ၀ိဇ္ဇာ
-အဖြစ်တော်ပေါင်း အင်္ဂ၀ိဇ္ဇာ
-စတုရန်းနှစ်ထပ်
-လာဘ်ရွှင်ပြီးငွေဝင်အောင်
-ဓာတ်တံခွန်လှူနည်း
-သွားမယ့်ခရီးနှင့်အင်္ဂ၀ိဇ္ဇာ
-အိမ်ဆောက်တိုင်ထူ ပန္နက်ရိုက် အင်္ဂ၀ိဇ္ဇ
-ကျန်းမာရေးနှင့် အင်္ဂ၀ိဇ္ဇာ
-အဝေးရောက်သူပြန်လာဖို့ အင်္ဂ၀ိဇ္ဇာ
-ပစ္စည်းပျောက်၊ ဥစ္စာပျောက် အင်္ဂ၀ိဇ္ဇာ
-ဗားမဲ့အခါ ယတြာနံ အင်္ဂ၀ိဇ္ဇာနှင့်
သိမှတ်စရာပေါင်းများစွာ ပါဝင်ရေးသားထားပါတယ်။
ထုတ်ဝေကာလ - ၁၉၉၅ခုနှစ်၊ ဇူလိုင်လ
0 comments
မြန်မာ့ရိုးရာ အသုံးချ အင်္ဂ၀ိဇ္ဇာ ဗေဒင်ပညာ
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "မြန်မာ့ရိုးရာ အသုံးချ အင်္ဂ၀ိဇ္ဇာ ဗေဒင်ပညာ"
Add Your Comment