ဒီစာအုပ်မှာတော့ ဘယ်သူမှမလုပ်ခဲ့တဲ့ အလုပ်တစ်ခုကို ကြိုးပမ်းလိုက်ရတော့ ၀မ်းသာလို့ မဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ရေးသမျှစာအုပ်ထဲမှာဒီစာအုပ်ဟာ အကောင်းကြီးမဟုတ်ပါဘူး။ ဒါပေမယ့် ဗေဒင်စာအုပ်အားလုံးအနက် ထူးခြားတဲ့စာအုပ်တစ်အုပ်လို့ သတ်မှတ်နိုင်ပါတယ်။
ဒီစာအုပ်မှာဝေါဟာရ(၈၃၁)လုံးပါပါတယ်။ (က) ၀ဂ်မှ (အ)၀ဂ်အထိ ပါဝင်ပါတယ်။
ဗေဒင်ပညာအတွက်လိုအပ်နေတယ် လို့ကျွန်တော်ယူဆမိတဲ့အတွက် မွေးသဖခင်ကျေးဇူးရှင်နှင့်တကွ သင်ဆရာ ၊ မြင်ဆရာ ၊ကြားဆရာတို့၏ အကူအညီဖြင့် ဒီစာအုပ်ကိုပြုစုခဲ့တာပါ။
ဗေဒင်ပညာစုဗူးလို့အမည်ပေးပြီး ၁၉၇၃ ခုနှစ်၊ ဇန်န၀ါရီလက ထုတ်ဝေခဲ့တာပါ။ ဗေဒင် ပညာဝေါဟာရ အဘိဓာန် ကျမ်းစာအုပ်ဖြစ်ပါတယ်။ ဗေဒင်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြတဲ့မြန်မာပြည်အရပ်ရပ်ရှိ ဗေဒင်ပညာရှင်အားလုံးနှင့် သုတေသနပြုဆဲ သုတေသီများအတွက်ပါ လက်ကိုင်ထားအသုံးပြုသင့်တဲ့ စာအုပ်ပါ။
ဗေဒင်ပညာ၏ အတိမ်အနက်ကျယ်ဝန်းသည်နှင့်အမျှ ဗေဒင်ပညာ၏ အယူအဆ အတွေး အခေါ်တို့ နက်နဲသည်နှင့်အမျှ ဗေဒင်ပညာ ဝေါဟာရ အဘိဓာန်ကျမ်းသည်လည်း မရှိမဖြစ်လိုအပ်နေမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဗေဒင်ပညာစုဗူးကို ရေးသားပြုစုခဲ့တာပါခင်ဗျား-
က (၅) လုံး၊ ခ (၈)လုံး ၊ ဂ (၈၁)လုံး ၊ စ (၃၀)လုံး ၊ ဆ (၁၀)လုံး ၊ ဇ (၁၈)လုံး ၊ ည (၃)လုံး ၊ ဋ္ဌ (၃)လုံး ၊ တ (၃၈)လုံး ၊ ထ (၅)လုံး ၊ ဒ (၁၈)လုံး ၊ ဓ (၁၀)လုံး ၊ န (၆၄) လုံး ၊ ပ (၅၅)လုံး ၊ ဖ (၆) လုံး ၊ ဗ (၂၁) လုံး ၊ဘ (၂၃)လုံး ၊ မ(၅၇)လုံး ၊ ယ(၁၅)လုံး၊ ရ (၅၈)လုံး ၊ လ (၃၁)လုံး ၊ ၀ (၂၅) လုံး ၊သ (၇၁)လုံး ၊ ဟ (၆)လုံး ၊ အ (၈၉) လုံး၊ ဥ (၂၇)လုံး ၊ ဣ (၆)လုံး ၊ ဧ (၂) လုံး ။
ထုတ်ဝေကာလ ၁၉၇၃-ခုနှစ် ဇန်န၀ါရီလ
0 comments
ဗေဒင်ပညာစုဗူး
Published on Friday, November 30, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "ဗေဒင်ပညာစုဗူး"
Add Your Comment