ဒီလွယ်အိတ်ဟာပန်းကလေးတွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။ ချစ်ရေးချစ်ရာ ကိစ္စတွေ၊ ပြိုင်ဆိုင်ပြောဆိုရမယ့်ကိစ္စတွေ၊ သူများကိုကယ်တင်ကူညီရမယ့်ကိစ္စတွေအကြံအစည်နဲ့ခရီးထွတ်ရမယ့် ကိစ္စတွေ၊ ပညာရေးတိုးတက်မှု အတွက်လုပ်ဆောင်ရမယ့်ကိစ္စတွေမှာ ဒီလွယ်အိတ်ကိုလွယ်သွားပါ။ အဆင်ပြေပြေနဲ့စိတ်ချမ်းသာမှုရပါမယ်။
ဗေဒင်ဆရာရဲ့လွယ်အိတ်ဟာ အိတ်ဆောင် ဗေဒင်ဆရာရဲ့ အခြေခံသဘာဝချင်းတူပေမယ့် အယူအဆမတူပါ။ ဟိုမှာမပါတာတွေ၊ မဖော်ပြဖြစ်ခဲ့တာတွေဒီစာအုပ်မှာပါပါတယ်။ ကျွန်တော် စုဆောင်းထားတာပါ။ အများတကာလွယ်လွယ်နဲ့ သိရအောင်ပြောပြတာပါ။ ဟိုချောင် ဒီချောင်မှာ
ရောက်ပြီးပျောက် မသွားစေချင်တဲ့ စေတနာနဲ့ပါ။
ဗေဒင်ဆရာရဲ့လွယ်အိတ်ဟာဗေဒင်ဆရာကိုရည်ညွှန်းတာမဟုတ်ပါ။စာဖတ်သူအားလုးရဲ့ လွယ်အိတ်ဖြစ်စေချင်တာပါ။ဒါကြောင့်လဲဗေဒင်တက်သူဖြစ်စေ၊ မတက်သူဖြစ်စေအားလုံးဖတ်ဖြစ်စေချင်တယ်။
ဗေဒင်ဆရာရဲ့ လွယ်အိတ် စာအုပ်အမှတ်(၁)မှ(၁၀) ထိရှိပါတယ်။ တစ်တွဲမှာ အကြောင်းအရာပေါင်းနှစ်ရာကျော် ပါဝင်ထားပါတယ်။ အဲဒီထဲက တစ်ခုလောက်ပဲအသုံးကျတယ်ဆိုရင်ကျွန်တော်ဝမ်းသာလှပါပြီ။
ဗေဒင်ပညာကို သဘောထားကြီးကြီးနဲ့ ယူဖို့ပေးဖို့အရေးကြီးပါတယ်။ ငါသိတယ်။ ငါပဲသိထားဖို့လိုတယ် ဆိုတဲ့အတ္တကို ရှေ့တန်းတင်ပြီးလုပ်ရင်ပညာဟာ ကွယ်သွားနိုင်ပါတယ်။အတွဲလိုက်အတွဲလိုက် စာအုပ်တွေထဲမှာ ဗေဒင်ဆရာတစ်ယောက်အတွက် တစ်နည်းမဟုတ်တစ်နည်း အသုံးကျမှာပါ။ ဗေဒင်ဆရာတွေအတွက် ဗေဒင်ဝါသနာရှင်တွေအတွက် သိဖို့ကောင်းတဲ့ စာတိုစာစ၊ အတိုအထွာတွေချည်းပဲဆိုတာကတော့ ငြင်းလို့မရပါဘူး။
သိပြီးသားအတွက်လဲ ထပ်သိခွင့်ရသလို၊ မသိရသေးသူအတွက်လဲ အသစ်သိခွင့်ရသွားမှာပါ။ သိသယောင်နဲ့ သိယောင်ကားဖြစ်ပြီး မေ့နေကြ သူတွေအားလုံး နွေးပြီးသားဖြစ်တာ ကိုကဒီစာအုပ်တွေရဲ့ထူးခြားချက်ပါပဲ။
ထုတ်ဝေကာလ ၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ
0 comments
ဗေဒင်ဆရာရဲ့လွယ်အိတ်
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "ဗေဒင်ဆရာရဲ့လွယ်အိတ်"
Add Your Comment