သရောဒယ ဗေဒင်ပညာဟာ တစ်အုပ်ဆို-ဆိုသလောက် ထူးခြားပါတယ်ဆိုတာ လူတိုင်းသိခွင့်ကြုံရင် ကျွန်တော်ကျေနပ်ပါပြီ။
ကျွန်တော်မှာရည်ရွယ်ချက်တစ်ခုပဲရှိပါတယ်။ သရောဒယမှာ ရှုပ်နေတာတွေရှင်းသွားပြီး ရှင်းနေတာတွေလင်းသွားဖို့ပါ။
လူတိုင်း သရောဒယဗေဒင်ကို ဟောတတ် ချင်မှ ဟောတတ်ပါလိမ့်မယ်။သရောဒယကို လူတိုင်းသိခွင့်ရှိပါတယ်။ ၀ါသနာရှင်တွေအားလုံး သိရအောင်စီစဉ်ပေးတာပါ။
ဟိုးရှေးရှေးက ရှင်ဘုရင်တွေဟာ၊ ဘယ်လောက်ပဲပညာရှိနေပါစေ၊ ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ သရောဒယဗေဒင်ပညာကို မတတ်ရင်အဲဒီပုဂ္ဂိုလ်ကို အတွင်းစည်း ပညာရှင်အဖြစ် ဘယ်တော့မှခန့်လေ့မရှိပါဘူး။သရောဒယဗေဒင်ပညာတွေကိုသာ တိုင်းရေးပြည်ရေး၊ ဘဏ္ဏာရေးစသည်ဖြင့်ဆိုင်ရာတွေကိုတိုင် ပင်လေ့ရှိကြပါတယ်။ ဗေဒင်ဟောတတ်တိုင်းမှန်တိုင်းသရောဒယဗေဒင်ကိုတတ်မယ်လို့ မထင်လိုက်ပါနဲ့။ ပါချည်ပါချက်တော့ထင်မထားနဲ့။ သရောဒယဗေဒင် ပညာဟာ သာမာန်ဗေဒင်အဟော စာအုပ်တွေနဲ့ လုံးဝမတူပါဘူး။
သရောဒယဗေဒင်ပညာစာအုပ်မှာဒီလို
အကြောင်းအရာတွေ ပါဝင်ပါတယ်-
၁။ ရတုသရစက်၊ မာသသရစက်၊ပက္ခသရစက်၊ တိ
ထီသရစက်၊
၂။ ကာလဇ အချိန်နာရီများ
၎။ အ၀တ္ထာန် ၁၂ပါး အဟော
၅။ ကျားသရ မသရ
၆။ မွေးတဲ့ကလေးရဲ့ အ၀တ္ထာန်အဟောများ
၇။ အသက်ရှုတဲ့အခါ ဟောရမယ့်အဟောများ
၈။ သဗ္ဗတော ဘဒြစက်
၉။ စက်ထဲမပါတဲ့အက္ခရာတွေ ထွင်းပုံ
၁၀။ သရေကိုထွင်းတဲ့နေရာမှာ
၁၁။ နက္ခတ်တွေကို ထွင်းထားမယ်။
၁၂။ ဆဲသုံးဆဲ၊ တက္ကလိကဂြိုဟ်များ
၁၃။ ဆတြတ္တယစက်
ထုတ်ဝေကာလ ၂၀၀၂ခု၊မတ်လ
0 comments
သရောဒယ ဗေဒင်ပညာ ပ ထ မ တွဲ
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "သရောဒယ ဗေဒင်ပညာ ပ ထ မ တွဲ"
Add Your Comment