ဒီနက္ခတ် ဗေဒင်ပညာ၏ ဥပဒေသများစာအုပ်တွေကို စီစဉ်ဖြစ်ပုံကအရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။
ကျွန်တော် ၁၉၆၃-ခုနှစ်လောက်ကစပြီး ဗေဒင်ပညာကို လေ့လာခဲ့တာပါ။ ကြိုက်တဲ့အဟောတွေ့ရင် ကျက်ထားမှတ်ထားလေ့ ရှိပါတယ်။ ကျွန်တော် ၁၉၇၀ခုနှစ်မှာစတင်ပြီး ကြေးစားဗေဒင် ဆရာအဖြစ် ရပ်တည်ခဲ့ပါတယ်။
နက္ခတ်ဗေဒင်ပညာရပ်ဟာ တွေးရတဲ့ပညာ ဖြစ်ပါတယ်။ အတွေးခြေဆန့်လေ၊ ခရီးရောက်လေဖြစ်ပါတယ်။
ဒီနက္ခတ်ဗေဒင်ပညာ၏ ဥပဒေသများ စာအုပ်တွေကို ဖတ်ရင် နက္ခတ်ဗေဒင်အတွေ့အကြုံ၊ ကိုယ်ကိုယ်တိုင်ကလဲ နည်းနည်းပါးပါး တော့ အတွေ့အကြုံရှိဖို့လိုပါလိမ့်မယ်။
ဒီဥပဒေသတွေဟာ အင်မတန်ရှေးကျပြီး၊ နောက်ပေါက်ကျမ်းတွေက မှီငြမ်းပြုရမယ့်ကျမ်းတွေဖြစ်ပါတယ်။ တစ်ခြားနည်းစနစ်တွေကိုဘာမှမပြောချင်ပါ။မှန်တယ်၊မှားတယ်၊ ကောင်းတယ်၊ မကောင်းဘူး၊ မဝေဖန်လိုပါ။
ကျွန်တော် အကြိုက်ဆုံးစနစ်ဖြစ်တဲ့ နက္ခတ်ဗေဒင်ပညာအပေါ်မှာတော့ကျွန်တော်တို့စနစ်တကျ လေ့ကျင့်လို့ရအောင် စီစဉ်ပေးထားတာပါ။ စနစ်တကျ သုံးတတ်စေချင်လို့ ဟောဒီ နက္ခတ်ဗေဒင်ပညာ၏ ဥပဒေသများ စာအုပ်တွေကို စီစဉ်ပေးလိုက်ရတာပါ။
ဒီစာအုပ်မှာ ဟောဒီကျမ်းများ ကိုမှတ်စုထုတ်ပေးထားတာပါ။
၁။ ပရာဿရဟောရာသျှတ္တရနက္ခတ်ဗေဒင်ကျမ်း
၂။ ဖလဒီပိကာ ဗေဒင်ကျမ်း
၃။ ဇာတက တတွ နက္ခတ်ဗေဒင်ကျမ်း
ထုတ်ဝေကာလ ၂၀၀၂-ခုနှစ် ဇူလိုင်လ
0 comments
နက္ခတ်ဗေဒင်ပညာ၏ဥပဒေသများ (တ တိ ယ တွဲ)
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "နက္ခတ်ဗေဒင်ပညာ၏ဥပဒေသများ (တ တိ ယ တွဲ)"
Add Your Comment