၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

ဗေဒင်ပညာလိမ်တာလား၊ ဗေဒင်ဆရာလိမ်တာလား

Published on Thursday, November 29, 2012 in

ကျွန်တော်တို့ ကလေးဘ၀တုန်းက ဗေဒင် ဆရာတွေကို လူရွှင်တော်တွေ၊အငြိမ့်တွေ၊စာတွေမှာ ကာတွန်းတွေမှာ အစော်ကားခံရတယ်။ဗေဒင်ဆရာ လိမ်တယ် လိမ်တယ်လို့။ ဒါနဲ့ ငါတကယ်လိမ်ဖို့ ဒါတွေကို လုပ်မှာလား။ ငါတကယ်တတ်မှ လုပ်မ လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်   
 ကျွန်တော့်ကို ဆရာဒဂုန်က အဲသလိုပြော ၏။ သူက ဗေဒင်မဟောချင်သူ၊ ဗေဒင်ဆရာက လိမ်တာပဲလို့ အပြောမခံချင်သူဖြစ်၏။ ထို့ကြောင့် ဗေဒင်မဟောချင်တာ ဖြစ်သည်။
    ]]ဗေဒင်ဟောရင် တာဝန်ခံရတာဆိုတော့ မှားတာမှန်တာ၊ နည်းတာများတာ အများကြီး ရှိတယ်။ ဗေဒင်မေးသူက ဒီကောင်လိမ်တာပဲကွာ လို့ ကျွန်တော်အပြောမခံချင်ဘူး။ အဲလို မခံချင်တဲ့ အတွက်ကြောင့် ဗေဒင်မဟောချင်တာ။ အဲဒီမှာ ကျွန်တော့်ဖေဖေက တစ်ခုပြောတယ်။ ဗေဒင်ပညာ လိမ်တာလား၊ ဗေဒင်ဆရာ လိမ်တာလား။ ကိုယ့်ကိုယ်ကို စဉ်းစားတဲ့ကွ။ ဗေဒင်ပညာလိမ်တယ် ဆိုရင် မင်းကြိုက်တာလုပ်စား။ ဗေဒင်ဆရာလိမ် တယ်ဆိုရင်တော့ မင်းဟာမင်းပြင်လို့ရတယ်တဲ့။ ကျွန်တော်စဉ်းစားကြည့်တော့လည်း ထုံးစံအတိုင်း ဗေဒင်ဆရာကလိမ်တာ။ ဗေဒင်ပညာက မလိမ်ဘူး ဆိုတာသိလာရတော့မှ ဒီပညာနောက်ကိုကျွန်တော် လိုက်ခဲ့တာပါ။}}
    ဒီပညာနောက်သို့ သူလိုက်ခဲ့တာယခုဆိုရင် နှစ်ပေါင်း(၅၀)နားသို့ ရောက်ရှိလာခဲ့ပြီ။ ဒီပညာက အားကိုးလောက်တဲ့ ပညာဆိုတာကိုလည်းသူသိခဲ့ပြီ။
ဒီလိုသိရဖို့တော့ ရှေ့ပိုင်း အနှစ်နှစ်ဆယ်နီးပါး လောက်သူရင်းခဲ့ရသည်။ နည်းနည်းသိလိုက်၊ မှတ် ထားလိုက်ဖြင့် လိုချင်စိတ်နှင့် ကြိုးစားခဲ့၏။
    ]]ဗေဒင်ပညာကိုဝါသနာပါတယ်လို့ပြောရင် လိမ်ရာကျမယ်။ မွေးရာပါ ၀ါသနာမဟုတ်ဘူး။ အဖေ့ကို ကြောက်လို့လုပ်တာမျိုးလည်း မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင် ရှာဖွေတွေ့ရှိလာတဲ့အခါမှာ ဒီပညာက ဘယ်လိုမျိုးဆိုတာ ပြန်ပြောချင်လာတယ် ဒါနဲ့ပဲ ဗေဒင်ပညာကို လိုက်စားလာတာပါ}}
    တကယ်တော့ဆရာဒဂုန်သည် ဗေဒင်မျိုးရိုး မှဆင်းသက်လာသဖြစ်သည်။ သူ့အဘေး၊ သူ့အဖိုး၊ သူ့အဖေမှ သူ့သားသမီးများ လက်ထက်တိုင် အောင် ဗေဒင်ပညာနှင့် ဆက်လက်ရပ်တည်နေ၏။
    ]]ကျွန်တော့်မျိုးရိုးက ကြီးတယ်။ အမျိုးကြီး တယ်ဆိုတာက ကျွန်တော်ကြီးတာ မဟုတ်ဘူး။ အမျိုးတွေကကြီးတာပါ။ ကျွန်တော့်အဖေရဲ့အဘိုး ကသီပေါမင်းရဲ့ မင်းဆရာကြီးပါ။ သူကဆရာကြီး ဦးစိန္တာတဲ့။ ရာဇဂုရုဘွဲ့ကို သီပေါမင်းကိုယ်တိုင် ပေးထားတာပါ။
    ဦးစိန္တာနဲ့ သီပေါမင်းနဲ့က သူငယ်ချင်းတော့ သူငယ်ချင်းပဲ။ ဘာလို့လဲဆိုတော့ ဦးစိန္တာက ၁၂၁၈ မှာမွေးတယ်။ သီပေါမင်းက ၁၂၂၀ မှာမွေးတာပါ။ သူတို့နှစ်ယောက်ကအသက်နည်းနည်းကွာပါတယ်။ သီပေါမင်းလည်း အရွယ်ရောက်တော့ ဘုန်းကြီး ကျောင်းမှာ စာသင်ရတယ်။ အဘေးကလည်း ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ လုပ်ပြီးတော့ စာသင်ရတာပဲ။ အဲလိုနဲ့ သိကြတာပေါ့။
    ဦးစိန္တာက သီပေါမင်းကို ဗေဒင်ဟောတယ်။ ဘုရင်ဖြစ်မယ်လို့ပြောတယ်။ ဦးစိန္တာကပဲ ဟောတာ လား၊ သီပေါမင်းကပဲ တကယ်မေးတာလား၊ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်သိတာ တစ်ခုကတော့ အဲလိုဟောပြီးတော့ သီပေါမင်းက ကတိတစ်ခုပေး တယ်။ ကျုပ်တကယ် ဘုရင်ဖြစ်ရင် ခင်ဗျားကို စောင့်ရှောက်မယ်လို့ ပြောတယ်။ အဲလိုနဲ့ ပြီးသွား တာပေါ့။
    ဘုရင်ဖြစ်သွားတော့ ဦးစိန္တာကိုမသိဘူး။ ဘုရင်ကိုသာ ဗေဒင်ဟောပေးခဲ့တာ။ အဲဒီအချိန်မှာ ကင်းဝန်မင်းကြီးက ပညာရှိများအဖွဲ့ကို ရွေးဖို့ စာမေးပွဲဖြေခိုင်းတယ်။ ဖြေတော့ ဦးစိန္တာနဲ့ ဦးစိန္တာ ရဲ့ညီ ဦးက၀ိ ပထမရတယ်။ ဦးက၀ိက စုဖုရားလတ်ရဲ့ သူငယ်ချင်း။ ဦးစိန္တာက သီပေါမင်း ရဲ့သူငယ်ချင်း။
    ပထမရပေမယ့် ပုဏ္ဏားဆိုတော့ မရွေးချင် ကြဘူး။ သူက မြန်မာဆရာတွေပဲ ရွေးချင်တာ။ ဒါပေမဲ့ ဦးစိန္တာရဲ့အမှတ်စာရင်းက အရမ်းကောင်း တော့ နောက်ဆုံးကင်းဝန်မင်းကြီးရော၊ တိုင်တား မင်းကြီးရော ထောက်ခံမှ အရွေးခံခဲ့ရတယ်။
    အဲလိုနဲ့ သီပေါမင်းပါတော်မူတော့ ဦးစိန္တာ ကအရမ်းစိတ်မကောင်း ဖြစ်ခဲ့တယ်။ ၁၉၁၁-၁၂ မှာ သီပေါမင်းရဲ့ မင်းသမီးလေးတစ်ယောက်ကို နားထွင်းမင်္ဂလာလုပ်တယ်။ အဲဒီမှာ ဦးစိန္တာသွား ရတယ်။ သူ့ကိုတွေ့တော့ သီပေါမင်းကငိုတယ်။ သီပေါမင်းက ငိုပြီးတော့စိန္တာရေ မင်းစကားကို ငါနားမထောင်တာ မှားသွားပြီလို့ ပြောတယ်။ အဲဒီမှာ အဘိုးကအရမ်းစိတ်ထိခိုက်ပြီး ရှိတဲ့ပစ္စည်း တွေအကုန်ထားခဲ့ပြီး ဘုန်းကြီးဝတ်သွားတယ်။ အားလုံးကို စွန့်သွားခဲ့တာ။ လယ်တွေမြေတွေပါ ရောပေါ့။ သူ့မှာ သားငါးယောက်ရှိတယ်။ သမီး တစ်ယောက်ရှိတယ်။ အားလုံး စွန့်လွှတ်ခဲ့ပြီး ဘုန်းကြီးဝတ်သွားတာ။
    သူဘုန်းကြီးဝတ်တဲ့နေ့မှာပဲမန္တလေးမှာလမ်းလေးခွဆုံရှိတယ်။ အဲဒီလမ်းလေးခွဆုံမှာ သူအော် သွားတာက ငါအောင်ပြီဆိုပြီး။ ပြီးတော့သူ ရန်ကုန် လာတယ်။ ရန်ကုန်မှာ မော်လမြိုင်ကျောင်းတိုက် ဆိုတာရှိတယ်။ အဲဒီမှာတည်းတယ်။
    အဲဒီကနေပြီးတော့ သူအိန္ဒိယကို သွားတယ် သင်္ဘောခက ၁၆-ကျပ်ပဲပေးရတယ်။ အဲဒီမှာ သူလုံးဝဘုန်းကြီးဝတ်သွားတယ်။ ရောက်ပြီး ၆လ လောက်ကြာတော့ သူ့သားအငယ်တစ်ယောက်က လိုက်သွားပြီး နေဖို့ကျောင်းတွေဆောက်ပေးတယ်။ အဲဒီကျောင်းက ဒီနေ့အထိရှိတယ်။
    အဲဒီကျောင်းကို ဘယ်လိုခေါ်လဲဆိုတော့ ဘုရင်ပညာရှိရဲ့ကျောင်းလို့ပဲ ခေါ်တယ်။ အဲလိုနဲ့ ဦးစိန္တာရဲ့ဇာတ်က ပြီးသွားပြီပေါ့။ ၁၉၄၁-ခုနှစ်မှာ ဦးစိန္တာ ဆုံးသွားပါတယ်။
အင်္ဂလိန်ပြန်ပို့ဖို့လုပ်နေတာ။ ဦးဒေါန ကဘာပြောလဲဆိုတော့ မပို့နဲ့ ကောင်းသွား လိမ့်မယ်။ နည်းနည်းပဲစောင့် ဆိုပြီးတော့ပြော တယ်။ တကယ်လည်း ကောင်းသွားခဲ့တယ်။ ဘုရင်ခံက သဘောကျပြီး ရွှေနာရီဆုကို ပေးခဲ့တယ်။ အခုထက်ထိ သိမ်းထားပါတယ်။
    ဦးဒေါနက ၁၉၅၃-ခုနှစ်မှာ ဆုံးသွားတယ်။ သူသေမယ့်အချိန်မှာ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေအားလုံးကို ဘာပြောခဲ့သေးလဲဆိုတော့ ကျုပ် မနက်ဖြန် နံနက်(၁၀)နာရီ သေမယ်။ ခင်ဗျားတို့ လာခဲ့ပါ။ ကျုပ်နာရေးကို သေချာလုပ်ပေးပါ။
    အဲလိုနဲ့ နောက်တစ်နေ့ နံနက်(၈)နာရီလည်းမသေသေးဘူး။ (၉)နာရီထိုးတော့လည်းမသေ သေးဘူး။ လူတွေကလည်း စောင့်ကြည်နေကြတာ ပေါ့။ (၁၀)နာရီထိုးဖို့ (၁၀)မိနစ်အလိုမှာ သူခေါင်းမူးပြီးတော့ လဲကျသွားတယ်။ အဲဒီမှာ ဆုံးသွားတာပဲ။
    အဲဒါဟာအိန္ဒိယမှာ ဒီနေ့အထိနာမည်ကြီး
တယ်။ သူဟောတာလည်းမှန်တာကိုး။ ကျွန်တော် အဲတာမျိုးအရမ်း ဟောတတ်ချင်တာ။ မဟောတတ် ဘူး။ အဲလိုနဲ့ ကျွန်တော့်ဖေဖေတို့လက်ထက် ရောက်လာပြန်ရော။ ဖေဖေတို့ခေတ်ကတော့ ခေတ်မီသွားပြီ။
    ကျွန်တော့်အဖေနာမည်ကတော့ ဦးရာမပါ။ သူ့တို့ကျတော့ ခေတ်ပညာ တတ်တာပေါ့။ နိုင်ငံရေးထဲက ဦးနုတို့၊ ဦးကျော်ငြိမ်း တို့ဆိုတာ ဖေဖေ့ သူငယ်ချင်းတွေ။ ဦးနေ၀င်းရဲ့ဇနီး၊ ဒေါ်ခင်မေသန်း ဆို ဖေဖေ့နဲ့သူငယ်ချင်း။
    ၁၉၄၆-ခုနှစ်မှာ ကျွန်တော့်မိဘတွေရန်ကုန် ရောက်လာတယ်။ အဖေက ၁၉နှစ်သားလေး။ အမေက ၁၇နှစ်သမီးပေါ့။ အမေက ကိုယ်ဝန်ရှိပြီး ကျွန်တော့်ကို ၁၉၄၈ခုနှစ်၊ဇူလိုင်လ ၂၀မှာမွေးတာ။ လွတ်လပ်ရေးရပြီးပြီပေါ့။
    အဲဒီလိုနဲ့ ရန်ကုန်မှာမွေးလို့  ကျွန်တော့် အဘိုးဦးဒေါနက မျက်လုံးသိပ်မမြင်ရတော့ဘူးလေ။ ကျွန်တော့်ခေါင်းလေးကိုကိုင်ပြီးတော့ ဒီကောင်လေး ကောင်းစားမယ့်ကောင်လေးဆိုပြီး ပြောခဲ့တယ်။ ဒီကောင့်နာမည်ကိုလည်း ဘာနာမည်မှ မပေးနဲ့။ ဒဂုန်လို့ပဲ ပေးလိုက်လို့ပြောတယ်။
    ရန်ကုန်မှာ မွေးပြီးနာမည်က ဒဂုန်လေ။ ကျွန်တော့်အဖေလည်း အရမ်းအောင်မြင်ခဲ့တယ်။ ဒါပေမဲ့အဖေက ၄၈နှစ်မှာဆုံးသွားရှာတယ်။ ဖေဖေ ဆုံးတဲ့အချိန်တုန်းက ရွှေတံဆိပ်နဲ့ဂုဏ်ထူးဆောင် လက်မှတ်ရခဲ့တယ်။ ကျွန်တော်က ဘာတံဆိပ်မှ မရခဲ့ဘူး။ ဒီတော့ကိုယ့်အလှည့်မှာတစ်ခုခုတော့ ရမှဖြစ်မယ်}}
    ၁၉၉၉ ခုနှစ်မှာ အိန္ဒိယသို့ သူသွား၏။ လိုအပ်သည့်စာအုပ်တွေကို လိုက်ရှာပြီးဝယ်၏။ ကိုယ်လ်ကတ္တားဗေဒင်တက္ကသိုလ်ကို ဆက်သွယ်၏။
    ]]အမှန်တိုင်းပြောရရင် ကျွန်တော်ကလည်း
ဒါလိုချင်တယ်။ သူတို့ကလည်း ဒါပေးချင်တယ်}}
    ၂၀၀၅ခုနှစ်မှာ အိန္ဒိယသို့သူသွားပြန်သည်။ သူရေးပြီးသား စာအုပ်တွေလည်း ယူသွား၏။ ပြီးတော့ နိုင်ငံ(၉)နိုင်ငံမှ ဆရာ(၉)ယောက်ရဲ့ မေးမြန်းချက်များကို ဖြေဆိုရသည်။ သူအောင်မြင် သွားသည်။
    ]]အိန္ဒိယမှာ ဏ့.ီ ယူဖို့သွားတော့ ပိုက်ဆံ မရှိလို့ မိန်းမလက်ကောက်ပေါင်ပြီး သွားရတယ်။ အဲဒီမှာ ငါဘာလို့ဏ့.ီ ယူတာလဲ။ အဖေ့လို ဖြစ်ချင်လို့လားလို့ စဉ်စားမိတယ်။ ဏ့.ီ ဆိုတာအရည်အချင်းကို ပေးတာ။ ငွေကိုပေးတာ မဟုတ်ဘူး။
    ကျွန်တော့်သမီးကိုလည်း ဆုံးမတယ်။ သမီး ဏ့.ီ ယူတာ အဖေ၀မ်းသာတယ်။ ဒါပေမဲ့ ဏ့.ီ ဘွဲ့နဲ့ ထိုက်တန်တဲ့ အနေအထိုင်၊ အပြောအဆို၊ အပြုအမူ၊ အတွေးအခေါ်ရှိမှ ရမယ်။ ဒီလိုမှ မရှိရင်လမ်းဘေးကအကြော်သည်နဲ့ ဘာမှမထူးဘူး လို့ ပြောဖြစ်တယ်။ ဒီလိုနဲ့ တခြားသူတွေကိုလည်း ကူညီတယ်။ အခုကျွန်တော့်ဆီမှာ တက်နေတဲ့ ကျောင်းသားက တစ်ရာကျော်ရှိတယ်။
    ကျွန်တော်ဏ့.ီ ရတော့ကောင်းတယ်ပဲ ပြောရမလား၊ မကောင်းဘူးပဲပြောရမလား။ အဲဒီ တုန်းက အင်တာနက်ထဲမှာ ကျွန်တော့်သတင်း ပါတယ်။ အိန္ဒိယသတင်းစာထဲမှာလည်း ကျွန်တော့် သတင်းပါတယ်။ မဂ္ဂဇင်းထဲမှာလည်း ကျွန်တော့် သတင်းပါတယ်။ ပြောရရင် ကျွန်တော်နည်းနည်း မျက်နှာရတာပေါ့ဗျာ။ ဒါပေမဲ့ ဏ့.ီ ရမှ ဟိုတုန်းကလို ချောင်ချောင်လေးနေ့လို့မရတော့ဘူး အစစအရာရာ ဆင်ခြင်နေရတယ်။ သိက္ခာစောင့်ရ
တာပေါ့ဗျာ}}
    ဏ့.ီ အတွက် ]]ကံကြမ္မာကို ဗေဒင်ပညာဖြင့်လေ့လာနည်း}}ကျမ်းကိုသူတင်သွင်း၏။ ဒါပေမဲ့ ထိုကျမ်းဖြင့် ဏ့.ီ မရ။ သူတို့က ဗေဒင်ဟောတာ ကိုမလိုချင်၊ သုတေသန လုပ်ထားတာကိုပဲလိုချင်သည်။သုတေသနလုပ်တာကလည်း ဗေဒင် ဟောတာမဟုတ်။ အဲဒီမှာသူစဉ်းစား၏။ ဘာလုပ် ရမလဲ။
    နောက်တစ်ကြိမ်စမပန်းချီဆိုသည့်ကျမ်းကို သူတင်သွင်းပြန်သည်။ ထိုစမ ပန်းချီက နှစ်ပိုင်းသုံး လို့ရ၏။ တန်ခိုးအတွက် အင်းအိုင်လက်ဖွဲ့အဖြစ် သုံးနိုင်သလို ပန်းချီအနေနှင့်လည်း သုံးနိုင်၏။ ဒါကိုတော့သူတို့က သဘောကျလက်ခံကြသည်။
    ]]အဲဒီ စမပန်းချီတုန်းကလည်း သူတို့ စိတ်မ၀င်စားသေးဘူး။ သဘောကျတာပဲရှိတယ်။ ကျွန်တော့်ကို မေးတယ်။ ခင်ဗျားဘာတွေလုပ်ပြနိုင် ဦးမလဲတဲ့။ စာတမ်းငါးခုရေးပါတဲ့။ နည်းတော့နည်း ပါတယ်။ စာမျက်နှာ(၁၀)မျက်နှာစီပဲ။ တစ်ခုက ဘာလဲဆိုတော့ ဂြိုဟ်နဲ့နိုင်ငံရေး စာတမ်းပါပဲ။
    ဒီဂြိုလ်ဟာ ဒီဇာတာမှာရှိရင် ဒီဇာတာရှင် ဟာခေါင်းဆောင်ဖြစ်ရင် ဘယ်လိုစိတ်ဓါတ်ရှိမယ်။ ငယ်သားဖြစ်ရင် ဘယ်လိုစိတ်ဓါတ် ရှိမယ်ပေါ့။ နောက် ဗေဒင်ပညာကို ဘယ်လိုသိထားလဲဆိုတော့ အိန္ဒိယနည်းလို့ သိထားတယ်။
    ကျွန်တော်တို့ ဗမာနည်းတွေဟာ အိန္ဒိယ နည်းလို့သိထားတယ်။ တကယ်တော့ ကျွန်တော်တို့ ကိုယ်ပိုင်နည်းတွေ ရှိတယ်။
    ကျွန်တော်တို့ ဗမာနည်း တွေဟာအိန္ဒိယ နည်းတွေနဲ့ မတူတဲ့အချက်(၂၈)ချက်ရှိတယ်။ အိန္ဒိယမှာ မသုံးတာတွေ ကျွန်တော်တို့သုံးတယ်။
ကျွန်တော်တို့သုံးတာတွေ အိန္ဒိယမှာ မသုံးဘူး။ အဲဒါတွေကို ကျွန်တော်ချပြတယ်။
    နောက်တစ်ချက်က၂၁ရာစုမှာအုပ်ချုပ် မယ့်သူတွေဟာ မိခင်တွေလို့ ရေးထားတယ်။ ဒီကလေး ကိုယ်ဝန်ရှိတယ်။ မွေးရတော့မယ်။ မွေးတော့ ဒီကလေးရဲ့ ကံကြမ္မာက မိခင်တွေရဲ့ လက်ထဲမှာ လေ။ အဲလိုရက်ရွေးမွေးတာကို ပြောတာပေါ့။
    သူတို့က အရမ်းသဘောကျတယ်။ ဘာလို့ သဘောကျသလဲဆိုတော့ သူတို့ နိုင်ငံမှာလည်း ဗိုက်ခွဲမွေးတာပဲလေ။ရက်မရွေးဘူး။ ဒီမှာကျတော့ အဲလိုမဟုတ်ဘူး။ မြန်မာ မိန်းကလေးတွေက သူတို့ထက် ဆယ်ဆလည်တယ်။ အဲတော့ ကျွန်တော့် ကိုမေးကြတယ်။ အဲလိုရက်ရွေးမွေးတော့ ကလေး ကံကြမ္မာက တကယ် ပြောင်းသွားလားတဲ့။ ဘယ်လောက် အိုင်ဒီယာ ကောင်းတယ်ထင်လဲ။ မပြောင်းပါဘူးလို့။
    ကလေးငယ်စဉ်မှာ ချူချာတာတို့၊ ကလေး အဖေသေတာတို့၊ ကလေးအမေသေတာတို့၊ ကလေးရဲ့အစ်ကိုသေတာ၊ အစ်မသေတာ၊ ညီမသေတာရှိတယ်။အလေ့အထလို့ ပြောရမှာပေါ့။ ကလေးမွေးပြီး ၁၂နှစ်အတွင်း ဖြစ်တာ။ အဲဒီဟာကို ဖြစ်မှာစိုးလို့ အဲဒီအချိန်မမွေးဘဲနဲ့ ပြောင်းလိုက် တာလို့။ အဲတာကို ဘယ်ကနည်းရလဲဆိုတော့ ကျွန်တော်တို့ငယ်ငယ်လေးတုန်းက ရခိုင်တွေ သမီးကိုအိမ်ထောင်ချပေးရင် သမက်ဇာတာကို မေးတယ်။ သားကို မင်္ဂလာဆောင်ပေးရင်လည်း ချွေးမရဲ့ဇာတာကို မေးတယ်။ အဲတာကို နည်းယူပြီးတော့ ကျွန်တော်ဒီစာတမ်းကို ရေးလိုက်တာ။ အဲဒီစာတမ်းလေးက အောင်မြင်ပါတယ်။
    နောက်တစ်ချက်က    ဘာလဲ   ဆိုတော့
သောကြာဂြိုဟ်ကောင်းရတယ် ဆိုပေမယ့် ဆိုးတိုင်း ကောင်းတိုင်းနဲ့မဆိုင်ဘူး။ သောကြာဂြိုဟ် အနေအထားနဲ့ဆိုင်တယ်။ ဒါပညာပိုင်းဆိုင်ရာ ဖြစ်သွားပြီ။
    နောက်တစ်ချက် ဘာလဲဆိုတော့ အသက်
ရှည်ခြင်း၊ တိုခြင်းဆိုတာ သူရဲ့ကံကြမ္မာမှာ ကတည်း ကပြဌာန်းပြီးသား။ ရှောင်လွှဲလို့မရဘူး။ ဥပမာ ပြောရင်ကျွန်တော် ဒီနေ့သေမယ်လို့ ပြောလို့မ ရဘူး။ မနက်ဖြန်သေမယ်လို့ ပြောလို့မရဘူး။
    အခု ကျွန်တော်ပြောပြီး ဆင်းသွားလိုက်ရင် ပဲကျွန်တော်သေသွားနိုင်တယ်။ အဲလိုပြဋ္ဌာန်းတာကို ဘယ်လိုပြုပြင်မလဲဆိုတာ စဉ်းစားတဲ့အရာပါ။ အဲဒါကြောင့် ပုဏ္ဏားတွေ အသက်ရှည်ခြင်း၊ တိုခြင်း တွက်တာပေါ့။ ဒါလေးကိုနည်းယူတာပါ။
    အဲဒီစာအုပ်တွေနဲ့ နီပေါတက္ကသိုလ်မှာရော၊ အာသံတက္ကသိုလ်ရောဆုတံဆိပ်တွေကျွန်တော်ရခဲ့တယ်။ဒီစာမူ၅အုပ်မှာ၃အုပ်ကသူတို့ဆီက တက္ကသိုလ်တွေမှာသင်တယ်။
    ကျွန်တော့်ဆီက ခွင့်ပြုချက်ယူပြီးတော့လေ။ နောက်မောရစ်ရှပ်မှာလည်း သင်တယ်။ အဲလိုနဲ့ ကျွန်တော်စာတမ်းလေးတွေရေးတယ်။ ပိုက်ဆံတော့ မရပါဘူး။ ဂုဏ်တော့ရှိတာပေါ့}}
    ဗေဒင်ပညာမှာ တွက်နည်းပေါင်းက အလွန် များ၏။ ထိုသို့ များပြားလွန်းသော်လည်း အားလုံး မှန်ကြတာတော့မဟုတ်။ အားလုံးလည်း မှားကြတာ တော့မဟုတ်။ သေချာတာက လူတစ်ယောက်ရဲ့ ကံကြမ္မာ၌ရှိသောကိန်းဂဏန်းကသာ အမှန်ကန်ဆုံး ဖြစ်သည်။
    ]]ကျွန်တော့် ကံကြမ္မာမှာရှိတဲ့ ကိန်းဂဏန်း ကကျွန်တော့်အတွက် အမှန်ဆုံးပဲ}}
    ထိုသို့ သူကပြော၏။
    ]]ကျွန်တော်စဉ်းစားတာက မြန်မာ့ရိုးရာကို အခြေခံပြီး စဉ်းစားတာပါ။ မြန်မာ့ရိုးရာဗေဒင်ကို စဉ်းစားပြီးတော့ ဂြိုဟ်စီး ဂြိုဟ်နင်း တွေ စဉ်းစားတယ်။ ပြီးတော့ နက္ခတ်တွေ စဉ်းစားတယ်။ ဇာတာလို့ ပြောရမှာပေါ့။
    အနောက်အိန္ဒိယ အနွယ်ဝင်တွေဆိုတော့
အဲဒီဓလေ့ကိုသွားပြီး လက်ခံတယ်။ ကျွန်တော် ဟောတဲ့ကိန်းတွေက ရိုးရိုးလေးပါ။ မခက်ပါဘူး။ ဒါပေမဲ့မသိရင်တော့အများကြီးခက်တယ်ထင်ရတာ။
ဒါပေမဲ့လွယ်လွယ်လေး။ ဒီကိန်းကလေး ငါးချက်ပဲ ရှိပါတယ်။ အဲဒါနဲ့ဟောတာ။ မြန်မာ့ရိုးရာနက္ခတ် ဗေဒင်လို့ခေါ်ပါတယ်။ မဟာဘုတ် မဟုတ်ဘူး။
    ဒါဟာ မြန်မာ့ရိုးရာ နက္ခတ်ပညာပါ။ အာယုစန်းဆိုရင် မြန်မာ့ရိုးရာ နက္ခတ်ဗေဒင်ပညာ။ အာယုစန်းက နက္ခတ်ပါတာကိုး။ မဟာဘုတ်ကျ တော့နက္ခတ်မပါဘူး။}}
    လက်ရှိအချိန်၌ ဆရာဒဂုန်သည် ကိုလ် ကတ္တားကဗေဒင်ပညာကျောင်းကြီးမှာ မြန်မာနိုင်ငံ ၏ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားရသည်။ သူ့ဆီသို့လာရောက်ပညာသင်သော သင်တန်းသား တွေကလည်း အများအပြားရှိသည်။ ထိုသင်တန်း များကို ပိုက်ဆံမယူပဲ အလကား သင်ပေး၏။
    ]]ကျွန်တော့်ကျောင်းသားဆို ချာတိတ်တွေ ချည်းပဲ။ လူကြီးတွေက ငတ်လို့ဗေဒင်သင်တာ၊ ၀ါသနာပါလို့ မဟုတ်ဘူး။ လူငယ်တွေက နည်းပညာသိချင်လို့ သင်ကြတာ။
    ဗေဒင်ပညာဆိုတာကလည်း လူရှိနေသရွေ့၊ ချမ်းသာဆင်းရဲ ရှိနေသရွှေ့၊ အနာဂတ်ရှိနေသရွှေ့ ဘယ်တော့မှ မတိမ်ကောဘူး။ မလုပ်ချင်လို့ မလုပ်ကြတာဘဲ ရှိမယ်}}
    ဗေဒင်အပေါ်၊ ဗေဒင်ဆရာအပေါ်ယုံကြည် သူအများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ ဗေဒင်ကို အရမ်းယုံပြီး ရူးတဲ့လူတွေမှာ အတ္တ၊မာန၊ လူအထင်ကြီးခံချင်သည့်စိတ်များ ပိုရှိတက်၏။
    တကယ်တော့ ဗေဒင်မေးပြီဆိုကတည်းက စိတ်ဓါတ်ကျနေလို့ ဖြစ်သည်။ ဒီလိုလူတွေကို ဗေဒင်ဟောသူကလည်း စိတ်ပျက်မသွားအောင် စေတနာ နှင့်ဟောပေးကြသည်။
    ]]ဗေဒင်ဆိုတာ ဖဲကစားသလိုပဲ။ ကိုယ့်ဖဲသူ သိ၊ သူ့ဖဲကိုယ်မသိသလို ကံစမ်းရတာပေါ့။ ပြီးတော့ ဟောသူမှာလည်း တာဝန်ရှိသလို မေးသူ မှာလည်းတာဝန်ရှိတယ်။ ဥပမာပြောရရင် နောက် ခြောက်လနေလို့ လူတစ်ယောက်မှာ ကားတိုက် သေမယ်လို့ ကျွန်တော်သိတယ်ဗျာ။ ကျွန်တော်က အဲလိုဟောမလား။
    အဲဒီလူကို ခင်ဗျား အရက်မသောက်နဲ့၊ ညဘက်တွေကားမမောင်းနဲ့၊ ရှေ့ကကားကိုသည်းခံ၊ နောက်ကကားတွေကို နေရာဖယ်ပေး။ အဲလိုပဲမှာ ရမှာပေါ့။ ပြောရရင်တော့ နားထောင်နေရင်းနဲ့ အတ္တတွေ၊ ဒေါသတွေ၊ မောဟတွေ ပါလာမယ်။
    တိုက်မိရင် ဗေဒင်ဆရာပြောရဲ့သားနဲ့ တိုက်မိတာလေ။ အဲဒီတော့ ကိုယ်တိုက်မိတာကို မစဉ်းစားတော့ဘူး။ ဗေဒင်ဆရာ သိပ်တော်တယ် လို့တွေးမယ်။ ဗေဒင်ဆရာကလမ်းညွှန်တာ၊ သူ့အနေနဲ့ ဘာမှမလုပ်ပေးနိုင်ဘူး။ ဗေဒင်ဟောတဲ့ အတိုင်းသာနေမယ်ဆိုရင် ဗေဒင်ပညာပျောက်သွား တော့မှာ။


    ကျွန်တော့်အဘိုး ဦးဒေါန လက်ထက်ကျ တော့ ဘုရင်ကမရှိတော့ဘူး။ ဦးဒေါန ဗေဒင်ဟော တာတော်တယ်။ ဗေဒင်ဟောတော်တော့ အင်္ဂလိပ် ဘုရင်ခံတွေကို အမြဲဟောရတာပေါ့။
    အဲဒီအချိန်မှာ အင်္ဂလိပ်ဘုရင်ခံရဲ့ သမီး လေးကဖျားပြီး အိပ်ရာထဲလဲနေတော့ ဒီအင်္ဂလိပ် ဘုရင်ခံက
ဗေဒင်ဆရာ ဟောတဲ့အတိုင်း လူတွေမ နေလို့ ဗေဒင်ပညာရှိနေတာ။ လူတွေကသရဲ ကြောက်တယ်၊ ဗေဒင်မကြောက်ဘူး}}
    ဗေဒင်ဆရာဆိုတာ ပုထုစဉ်။ ပြီးတော့ ဗေဒင်လာမေးသူထက် ကိုယ်ကျင့်တရားကောင်းမှ မြင့်မှသူတစ်ပါးကို ကူညီနိုင်လိမ့်မည်။ကိုယ့်အဟော မှန်ချင်တယ်ဆိုလျှင်တော့ ကျင့်ကြံရမည့်အလုပ် တွေက အများအပြားရှိ၏။
    ]]ကျွန်တော်တို့ စဉ်းစားကြည့်ရင်  ဗေဒင်
ဆရာ လေးပိုင်း ပိုင်းသွားတယ်။
    ပထမတစ်ပိုင်းက ဂုဏ်သိက္ခာနဲ့ အေးဆေး နေတာပေါ့။
    ဒုတိယတစ်ပိုင်းက တပည့်မွေးပြီး ဆရာ လုပ်တာ။
    နောက် တတိယတစ်ပိုင်းက ဆရာမွေးပြီး တပည့်လုပ်တာ။
    နောက်တစ်ပိုင်းက အိယောင်ဝါး ဗေဒင် ဆရာပေါ့။ အာ မပူနဲ့ ဒါလေးလုပ်လိုက်ကောင်း သွားမယ်။ အဲဒါသူကြားဖူးတာ လျှောက်ပြောတာ။ သူတကယ်သိတာ တတ်တာ မဟုတ်ဘူး။ အဲလို ဗေဒင်ဆရာက ပိုများတယ်။
    ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့ဗေဒင် ဆရာတွေ ၁၀၀၀-၁၅၀၀ လောက်ရှိပါတယ်။ တစ်ပြည်လုံးကိုး။ တချို့နယ်တွေမှာ ရှိပါတယ်။ သူတို့ကံကြောင့် သူတို့မအောင်မြင်တာ။
    တကယ်တော်တဲ့လူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့တွေ့ရပါတယ်။ တချို့က ကိုယ့်ကံမ ပါဘဲလုပ်စားတာ အများကြီး။ အဲဒီတော့ ကံကိုမယုံ ဘဲနဲ့တော့ ဗေဒင်လျှောက်မမေးနဲ့။ ပိုက်ဆံကုန် တာပဲရှိမယ်။ ဗေဒင်အဟောစွမ်းစရာမရှိဘူး။
    ဗေဒင်ပညာ နက္ခတ်ပညာ။ သူ့အလှည့် အပြောင်းနဲ့သူရှိတယ်။ ကျွန်တော်တို့ ဆရာဝန်တွေ လုပ်တယ်ဗျာ။ ဆေးထိုးလိုက်ရင် ပျောက်မယ်လို့ အာမခံရဲလား။ ဗေဒင်ကလည်းအဲအတိုင်းပဲ။ သူ့အ
ကြောင်းကို ဘာမှသိလို့မရဘူး။ ယုံတဲ့ဗေဒင်ဆရာရဲ့
သိက္ခာနဲ့ဆိုင်တယ်။ ဗေဒင်နဲ့မဆိုင်တော့ဘူး။ သူ့ရဲ့သမာဓိ၊ သူရဲ့သိက္ခာ၊ တည်ငြိမ်မှု ကြိုးစားမှုက သူနဲ့ဆိုင်သွားပြီ}}
    ဆရာဒဂုန်သည် လူငယ်ဘ၀ကဗေဒင်ပညာ
အပေါ် သိပ်ပြီးစိတ်းမ၀င်စားလှ။ ဂစ်တာတီးခြင်းကို စိတ်ဝင်စား၏။
    သူဂစ်တာတီးတာကို အဖေကကြည့်လို့ မရ။ သူ့အစ်ကို ဦးသာဓုအိမ်မှာ သွားတီး၏။ သူ့လက်သံကို အစ်ကိုဖြစ်သူကလည်း နားငြီးသည်။ နောက်ဆုံးအဖေက သူ့သား မောင်ဒဂုန်ကို ဗေဒင်သင်ပေးလျှင် နားငြီးသက်သာနိုင်တယ်လို့ ယူဆ၏။
    သူကလည်း သူ့အဖေကို ဂါထာတစ်ပုဒ် ရလျှင် ဘယ်လောက်ပေးမလဲ မေးကြည့်သည်။ အဖေက တစ်ပုဒ်ကို ငါးမူး၊ တစ်ရက်ကိုကျက်နိုင် သလောက်ကျက်လို့ ပြော၏။ ထိုအချိန်ကငါးမူး ဆိုတာ အတော်များ၏။
    သူလည်းကျက်သည်။ တစ်နေ့ကိုသုံးလေး ပုဒ်။ ရတဲ့ပိုက်ဆံအိတ်ထဲထည့်ပြီး လျှောက်သုံး၏။ တစ်လခွဲလောက်ကြာတော့ ဗေဒင်အနက်တွေကို သူသိလာသည်။ သုံးလကြာတော့ သူ့အဖေက ငါးမူးမပေးတော့။ ဒါပေမဲ့ ဗေဒင်ရောဂါက သူ့သွေးသားထဲသို့ ၀င်ရောက်သွားခဲ့ပြီ။
    ]]ကျွန်တော်တို့ ဗေဒင်ပညာကတစ်ယောက် တည်းဆီက သင်လို့မရပါဘူး။
    အဖေဆီကသင်ရင် အဖေသိသလောက်ပဲ ကျွန်တော်သိမယ်။ ပိုမသိနိုင်ဘူး။ အဖေက ဘာပြောလဲဆိုတော့ သင်၊မရှင်းရင် ငါ့ကိုမေး။
    ကျွန်တော်ကဖေဖေ့စကား တော်တော်နားထောင်တယ်။ နားထောင်တယ်ဆိုတာ မုန့်ဖိုး တောင်းတောင်းသုံးလို့ (ရယ်လျက်)။ နံနက်မိုးလင်း ခြောက်နာရီထ လမ်းလျှောက်ရင် ကျွန်တော်လည်း ထတယ်။ လမ်းလျှောက်ကြတယ်။ ဒီသိမ်ဖြူလမ်း ကနေ  ကန်တော်ကြီးစောင်းပေါ့။   လျှောက်ရင်းနဲ့
မေးမေးသွားတယ်။ အဖေကဒါက ဘယ်လိုဘယ်လို ဟောလဲ။ ဒါဘယ်လိုစဉ်းစားရလဲ။ အဖေက ရှင်းပြတယ်။
    အဖေကကော အမြဲမှန်လား။ ငါကတော့ အမြဲမှန်တယ်။ မင်းယုံချင်ယုံ၊ မယုံချင်နေ။ အဖေကလည်းဘုပြောတယ်။ အဖေက သားသမီး အပေါ်အမှာ သိပ်ဖော်ဖော်ရွေရွေ မနေဘူး။ သူက ဘ၀သမားကိုး။ လက်တွေ့မှ။ တစ်ဖြည်းဖြည်းနဲ့ သူကျွန်တော့်ကို ပညာပေးသွားတယ်။
    ကျွန်တော်အခုထက်ထိ အဖေ့ကို စိတ်ထဲက ကန့်တော့ပါတယ်။ ကျေးဇူးလဲတင်တယ်။ အဖေက ဟောစာတမ်း တစ်စောင်ရေးရင် သုံးဆယ်ယူတယ်။ စာသုံးမျက်နှာရေးရတယ်။
    ကျွန်တော် ရေးရင် နှစ်ကျပ်ပေးတယ်။ နံနက်(၄)နာရီလောက်ထရေး။ (၅)နာရီလောက်ဆို လေး၊ငါးပုဒ်လောက် ပြီးသွားတာပေါ့။ ကျွန်တော် မသိခဲ့ဘူး။ သူကကျွန်တော့်ကို သင်ပေးနေတာ။
    အဲလိုနဲ့ ကျွန်တော်ဇာတာဖွဲ့နည်း၊ ယတြာ ချေတဲ့နည်း။ ကျွန်တော် ကောင်းကောင်းလေး တတ်သွားတယ်။ ကျွန်တော်က မန္တလေးမှာ သွားဟောတယ်။ မန္တလေးသွားပြီးပြီး(၁)နှစ်လောက် ကြာတော့ ဖေဖေဆုံးသွားတယ်}}
    လက်ရှိ မြန်မာနိုင်ငံမှ ဗေဒင်ဆိုင်ရာ အဖွဲ့အစည်း အားလုံးမှာ ဆရာဒဂုန်မသိတာ တစ်ယောက်မျှမရှိ။ အားလုံးလိုလို သူနှင့်သိ၏။ ဒါပေမဲ့ ဘယ်အဖွဲ့မှ သူမပါ။ လိုအပ်လာလျှင် သူအမြဲကူသည်။
    ]]အမှန်အတိုင်းပြောရရင် ပုဏ္ဏားဖြစ်တာကို ကျွန်တော်နည်းနည်း အားငယ်တယ်။ ဒီမှာ မြန်မာ လူမျိုးတွေစိတ်ထဲမှာ ရှိတာက ပုဏ္ဏားက ဥက္ကဋ္ဌလုပ်
လို့မရဘူး။ ပုဏ္ဏားကအကြံပေးပဲ ဖြစ်ရမယ်။ ဥက္ကဋ္ဌ ဖြစ်လို့ မရဘူး။
    အဖွဲ့တိုင်းကကျွန်တော့်အဖွဲ့လေ။ကျွန်တော်မပါလို့မရဘူး။ ပုဏ္ဏားကို အင်္ဂလိပ်လို ဘယ်လို ခေါ်လဲဆိုတော့ျြွဗြှုလြို့ခေါ်ပါတယ်။ ဗြဟ္မဏလို့လည်း ခေါ်ပါတယ်။ ပုဏ္ဏားအမျိုးမျိုး ရှိတယ်။ သူ့လူမျိုးနဲ့ သူ့ပုဏ္ဏားနဲ့ရှိတယ်။ ဥပမာ ဟိန္ဒူမှာ ဟိန္ဒူပုဏ္ဏားရှိတယ်။ ဗြဟ္မဏ ကတော့ ဟိန္ဒူပေါ့}}
    ဗေဒင်မှာ အဆောင်၊ လက်ဖွဲ့၊ ခလှဲ့ဆိုတာ မျိုးတွေ အများအပြားရှိ၏။
    ထိုအရာများ စွမ်းမစွမ်း ဆိုတာကတော့ ဗေဒင်မေးသူ အပေါ်မှာသာ တည်မှီနေသည်။ ဗေဒင်ဆရာ တစ်ယောက်ရဲ့ ကိုယ်ကျင့်တရား၊ ရုပ်ရည်၊ ကိုယ်ရည်ကိုကြည့်ပြီး ယုံလျှင်စွမ်း၏။ မယုံလျှင် မစွမ်းနိုင်။ အစွမ်းဆိုတာ ယုံကြည်သူ ဆီကသာ ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ဖွဲ့ တစ်ခု ငါးကျပ်ဆိုပြီး ဈေးရောင်းသလို ရောင်းလို့မရ။ ယုံကြည်မှသာ အစွမ်းရှိနိုင်သည်။
    ]]ယတြာက အနုပညာတစ်မျိုးပါ။ ဥပမာ ပြောရရင် လူတစ်ယောက် အိပ်ယာထဲလဲနေပြီ။ နေမကောင်းဖြစ်နေပြီ။ ကျွန်တော်မသေစေချင်ဘူး။ သူကလည်း မသေချင်ဘူး။
    အဲဒီတော့ ကျွန်တော် ယတြာလုပ်ရ တော့မယ်။ သူ့ကိုယ်စား သူရဲ့အင်္ကျီရယ်၊ လုံချည်ရယ်ယူမယ်။ သူဗုဒ္ဓဟူးသားပဲ ထားပါတော့။ သူရဲ့ဆဂ်ပွတ်က တနင်္လာ။ ကြံတစ်ချောင်းယူမယ်။ သူရဲ့အ၀တ်အစားတွေကို ပတ်မယ်။ ပြီးရင် သူရဲ့အနားမှာထားမယ်။ သုံးရက်ကြာတဲ့အခါ ကျတော့   အဲဒီကြံကို   အပိုင်းပိုင်း  ဖြတ်ပြီးတော့
ဆင်သွားကျွေးမယ်။
    အဲဒီတော့ ဘာဖြစ်မလဲဆိုတော့ သူ့မှာ ရှိတဲ့ဘေးဆိုးတွေ အကုန်ပါသွားပြီ။ အဲလိုပါသွားတဲ့ အတွက်ကြောင့် သူ့ကိုဆေးကုပေးလို့ ရသွားပြီ။ အဲဒီတော့ ဒီရောဂါကို ဆေးကုပေးတာကတော့ အာမခံချက်မရှိဘူး။ ဥပမာ ဆရာဝန်ကစမ်းသပ် နေမှာလေ။ ကိုယ်ကစမ်းသပ်ခံရမှာလေ။ ယတြာ ဆိုတာအဲဒါပါ။ ယတြာဆိုတာ တွန်းထုတ်တာ။ ဆေးထိုးလို့သေရင် သေမယ်။ ယတြာလုပ်လို့ မသေဘူး}}
    လောကမှာ ကောင်းတဲ့လူရှိသလို၊မကောင်း တဲ့လူတွေလဲ ရှိသည်။ ထိုသို့ပင် ဗေဒင်ဆရာ လောကထဲမှာလည်း မကောင်းတဲ့လူတွေ ရှိနေ တတ်၏။ ဆရာအတုအယောင်တွေရှိ၏။
    ]]လူတွေဟာ အကျင့်မကောင်းကြပါဘူး။ ဆေးဆရာရယ်၊ ဗေဒင်ဆရာရယ်၊ ကျောင်းဆရာ ရယ်၊ မိန်းမတွေကို မမြင်ချင်မှအဆုံး။ အဲဒီတော့ မိန်းကလေး ကလည်း လမ်းခင်းပေးတယ်။ ယောင်္ကျားလေးကလည်း ရဲတယ်။ အဲလိုနဲ့ဖြစ် ကြတယ်။
    ဒီကနေ့ ဂေါပကအဖွဲ့ဝင် ဖြစ်နေတဲ့သူက အဲသလို ဖြစ်ပြီးတော့ ဘ၀ပျက်သွားတာလည်း တွေ့ဖူးပါတယ်။ အဲဒီတော့ ကျွန်တော်ပြောချင် တာက  အရင်ခေတ်က ပိတ်ထားတာကိုး။
    ဘိုးတော်တော်တော် များများကလည်း ဗေဒင်လိုင်းကို ကူးပြီးတော့ ဗေဒင်ဟောစားတယ်။ နတ်ကတော် တော်တော်များများကလည်း နတ်ကို မလုပ်ရတော့ ဗေဒင်ဟောစားတယ်။ အားလုံးက ကာလာချိန်းတယ်လို့ ခေါ်ရမှာပေါ့။
    အဲလိုမျိုးလူတွေက စကားပြောတာရိုင်းရိုင်း
စိုင်းစိုင်းပေါ့။ မင်းရင်မှာ မှည့်ပါမယ်။ မင်းဖင်မှာ မှည့်ပါမယ်။ အဲလိုနဲ့ ချိတ်ခေါ်တာပေါ့။ အဲလိုနဲ့ မိန်းကလေးတော်တော်များများ ပျက်စီးခဲ့ရပါတယ်။ အခုလည်းဒါတွေရှိနေတုန်းပါပဲ။ မမြင်သာခိုက်၊ မြင်သာခိုက်ပေါ့။ လူတစ်ယောက် ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ကောင်းတာရယ်၊ ဆိုးတာရယ်၊ လုပ်ဖို့၊ ဖြစ်ဖို့ သူရဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်တယ်။ အတိတ်ကံနဲ့လည်း ဆိုင်တယ်။  သူ့ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်ဆိုတာက သူ့ပတ်ဝန်း ကျင်မှာ လူကောင်းရှိတယ်ဆိုရင် လူကောင်းဖြစ် သွားတယ်။ တချို့ကတော့ ကံနဲ့ဆိုင်တယ်။
    ကံကောင်းမယ့်လူကျတော့ သူ့ကံမှာပါပြီး သားပါ။ ပြေးတောင်မလွတ်ဘူး။ နည်းတာများတာ သာကွာမယ်။
    နောက် လူငယ်တွေကောင်းဖို့ မကောင်းဖို့ ဆိုတာကတော့ မိဘတွေလည်းပါတယ်။ မိဘတွေ ကအရမ်းအရေးကြီးပါတယ်။
    အရိုက်ခံရတဲ့ ကလေးဟာ ဘယ်တော့မှ မကောင်းစားဘူး။ အရိုက်ခံရတဲ့ ကလေးဟာ သူ့မိဘကို ကြောက်တဲ့အပြင် အခြားသူတွေပါ ကြောက်တဲ့စိတ်ရှိသွားတယ်။ ကြောက်သွားရင်းနဲ့ နောက် သူအရိုက်မခံရအောင် ကာကွယ်တယ်။ အဲလိုကာကွယ်တာ လိမ်တာပဲ။ အဲဒါကြောင့် သားသမီးကို ချစ်တယ်ဆိုရင် သားသမီး လုပ်ချင် တာကိုအားပေး၊ မျှတစွာပေါ့။ သားသမီးကိုလည်း ပြန်ကြည့်ပေးပါ။
    ငါလည်းဒီအရွယ်က ကြီးလာတာဆိုပြီး၊ ဒီလိုအရွယ်၊ ဒီလိုလုပ်ဖူးတာပဲ ဆိုပြီး မျှတစွာတွေး ပေးပေါ့။ အဲဒီလိုဆုံးမပေးခြင်း အားဖြင့် ဘယ်လိုဖြစ်လဲဆိုတော့ ကလေးက ကိုယ်နဲ့ယဉ်ပါး သွားတယ်။ ကလေးကို တုတ်နဲ့ရိုက်မယ်၊ ကြာပွတ် နဲ့ရိုက်မယ်၊ ခါးပတ်နဲ့ရိုက်မယ်ဆိုရင် တစ်ခါပဲ ရမယ်။ နှစ်ခါပဲရမယ်။ နောင်ဆိုရင်    ကလေးဘဝ
ပျက်စီး သွားမယ်။ မိဘလည်း စိတ်ဆင်းရဲရမယ်။
    ရပ်ကွက်ထဲမှာ ကလေးထိန်းတဲ့ပုံစံကို လေ့
လာကြည့်တဲ့အခါကျတော့ မစွံဘူး။ မိဘကလည်း ကလေးကို တာဝန်မယူဘူး။ ကလေးကလည်း သူ့ကိုယ်သူ တာဝန်မယူဘူး။ ဒါဟာ ခေတ်နဲ့လည်း
ဆိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်လောက် ကစပြီးတော့ အဲဒီခေတ်နောက်ပိုင်းပေါ့။
    ပိုက်ဆံရှာပြီးတော့ သုံးတဲ့အကျင့်။ ပိုက်ဆံ ကို မရရအောင် ရှာသုံးတဲ့အကျင့်။ အလကားရရင် အလကားယူမယ် ဆိုတဲ့အကျင့်ကို ကလေးတွေ လက်ခံကျတာပါပဲ။
    အဲဒီအလေ့အကျင့်က မကောင်းတဲ့ အလေ့ အကျင့်။ ကလေးတစ်ယောက် ၁၇၊ ၁၈ နှစ်လောက် ရောက်တာနဲ့ နိုင်ငံခြားသွားမလား မေးတော့တာ။
    ဘယ်လောက် ပညာတတ်မလဲ မစဉ်းစား ဘူး။ ဘာလုပ်မယ်ဆိုတာ မစဉ်းစားဘူး။ ကျွန်ခံဖို့ပဲ စဉ်းစားတယ်။ ပြောနေကြတာ ကြားပါတယ်။ မလေးရှားသွားမယ်။ စင်္ကာပူသွားမယ်။ အဲဒါကို ဘယ်လိုနားလည်လို့ရလဲ ဆိုတော့ ဒီကလေး ထွန်းကားဖို့ နိုင်ငံခြားနဲ့ မဆိုင်ဘူး။ ကလေးဟာ ပညာကိုဒီမှာ အစုံသင်၊ ကုန်အောင်သင်၊ တက်အောင်သင်ရမယ်။ အားလုံးဟာ အဓိကတော့ တိုင်းပြည်နဲ့ဆိုင်တယ်။ စိတ်ဓါတ်နဲ့ဆိုင်တယ်}}
    ၁၆နှစ်မှ ဗေဒင်စဟောခဲ့တာ ဆရာဒဂုန် သည် ယခုအခါ အသက်(၆၄)နှစ်ရှိလာခဲ့ပြီ။ သူ့ပညာအမွေကို ဆက်ခံသူ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိ၏။
    ]]သမီးနာမည်က ခင်သဇင်တဲ့။ သားအကြီး လေးတစ်ယောက်က မန္တလေးမှာ လုပ်နေတယ်။ ခင်သဇင်ထက်အငယ်ပေါ့။ ကျွန်တော်အမှန်တစ်ခု ပြောမယ်။ ကျွန်တော်လို အရူးတောင် မရှိသေးဘူး။ ကျွန်တော် ဒီဟာကို ယုံကြည်ပြီးလုပ်နေတာ။ အဲလိုနဲ့ နှစ်ပေါင်းလေးငါးဆယ်ရှိသွားပြီ။ သူတို့မှာ အဲဒီလောက်ထိ ယုံကြည်မှု မပြင်းထန်သေးဘူး။ ကျွန်တော်ထင်ပါတယ်။ နောက်တော့ ပြောင်းလဲ သွားမှာပါ။ ဗိုက်ဆာရင် စားတတ်သွားလိမ့်မယ်}}
    အောင်မြင်တဲ့ ဗေဒင်ဆရာ တစ်ယောက် ဖြစ်ဖို့ အရမ်းလွယ်ကူကြောင်းကိုလည်း သူသိ နေသည်။
    ဦးနှောက်က အသိတရားကိုမှတ်၊ နှလုံးသားကိုဖြူစင်စွာထား၊ အလုပ်အပေါ် စေတနာထားနိုင် လျှင်အောင်မြင်သည့် ဗေဒင်ဆရာတစ်ယောက် ဖြစ်နိုင်ပြီလို့ သူက ယူဆသည်။
    စေတနာမှန်လျှင် ဗေဒင်မှန်၏။ ဗေဒင်မှန် လျှင် နာမည်ရ၏။ နာမည်ရလျှင် ပိုက်ဆံရ၏။
    ]]ဗေဒင် ဟောကိန်းတွေမှာ မှန်တာတွေ ရှိတယ်။ လွဲတာတွေရှိတယ်။ မှန်တာဟာ ဘယ်လို မှန်သလဲဆိုရင် ဒီလူဟာ ဗေဒင်ဟောတဲ့အတိုင်း နေမယ်ဆိုရင် အဲဒီအဟောကမှန်တယ်။ ဒီလူက ဗေဒင်အတိုင်းမနေဘဲ လွဲစောင်းသွားရင် ဒီလူဒုက္ခ ရောက်တာထက် ပိုဆိုးတယ်။ ဒီတော့ဗေဒင်မှာ ပုံသေမှန်သလားဆိုရင် ကျိန်းသေမှန်တဲ့ကိန်းတွေ ရှိတယ်}}
    သင်္ကြန်စာ။ ဒီင်္ကြန်စာကို လူတွေဖတ်ခဲ့၊ မှတ်ခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးပြီ။ ဒီလို ကြာခဲ့ပေမယ့် ဖတ်ရှုသူပရိတ်သတ်က သင်္ကြန်စာရဲ့ ဇာစ်မြစ်ကို သိပ်ပြီးသိကြတာတော့မဟုတ်။ တစ်နှစ်
တစ်ခါ ဖတ်ကြည့်ဖို့သာသိကြ၏။
    ]]ဗမာသင်္ကြန်စာက မှားတယ်။ သင်္ကြန်စာ ဘယ်လိုဖြစ်လာလဲ သိလား။ ဘိုးတော်ဦးဝိုင်း ဘုရင်ဖြစ်တော့ ၃၂-နှစ် အုပ်စိုးတယ်။ အဲဒီတော့ သူလုပ် ချင်ရာလုပ်လို့ရတယ်။ ဒီတော့ ဧပြီ ၁၆ရက်ကို နှစ်ဆန်းတစ်ရက်နေ့ လုပ်တယ်။ တစ်နှစ်လုံးကို ဖြစ်မယ့်ဟာကို ဟောတဲ့အခါကျတော့ သူ့ဘက် အကောင်းတွေကိုပုဏ္ဏားတွေကိုထည့်နေခိုင်းတယ်။ သူဖြစ်စေချင်တာကိုပေါ့။ ပြီးတော့ အလကားပေး တယ်။ စည်းရုံးရေးပေါ့။ အဲဒီလိုနဲ့ သင်္ကြန်စာဆို တာဖြစ်လာတာ။
    အမှန်တကယ်ဆို သင်္ကြန်စာကို ရှမ်းတော တီးလို့ခေါ်တယ်။ မိဿရာသီတို့ ဘာတို့ရောက်တဲ့ နေ့တွေရှိတယ်။ အဲဒီနေ့တွေကို အချိန်အခါနဲ့ တွက်တယ်။ ဒီမှာက အဲဒီလိုမှ မဟုတ်တာ။ အကြိုက်တွေကို လျှောက်ရေးထား တာလေ။ သင်္ကြန်စာကို အားမနာလျှာမကျိုး ထင်ရာပြောမယ် ဆိုရင်လည်း သင်္ကြန်စာစစ်စစ်ကို စော်ကားရာ ကျမယ်။
    သင်္ကြန်စာမှန်ရင် နာဂစ်မုန်တိုင်းတိုက်တာ ပါရမှာပေါ့။ ပါမှမပါတာချည်း။ ဆူနာမီပါရမှာပေါ့။ ပါလို့လား။ သင်္ကြန်စာ ပါရမယ်ဆို ပါရမှာပေါ့။ အခုဒေါ်လာဈေးပြုတ်ကျသွားတယ်။ အဲဒါတွေကို သင်္ကြန်စာက ဟောပါလား။ ဟောလို့လည်းမရဘူး။ ဟောရင်လည်း မပါဘူး။ သင်္ကြန်စာမှာ သင်္ကြန်စာ နည်းပညာအမှန်ရှိတယ်။ ဒါပေမဲ့ သင်္ကြန်စာရေးတဲ့ လူတွေက အားလုံးစောင့်ထိန်းရမယ့် တာဝန်တွေ ကြောင့် ဒီအချိန်မှာ ဒီလောက်ပဲရမယ်}}
    ဗေဒင်ဟောစာတမ်းတွေကို မျက်စိရှေ့မှာ၊ လက်လှမ်းမှီရာ အလွယ်တကူ တွေ့နိုင်၊ရနိုင်၏။
ဈေးထိပ်မှာ၊ လမ်းထဲမှာ ဟောစာတမ်းတွေရောင်း နေကြသည်။ ဂျာနယ်၊ မဂ္ဂဇင်းတွေထဲမှာ (၇)ရက် သားသမီး ဗေဒင်အဟောတွေ မြင်နေရသည်။ ထိုအဟောတွေမှန်သလားဆိုတော့ မမှန်နိုင်ပါ။
    ဒါမျိုးတွေက အိန္ဒိယမှာပဲရှိ၏။ တစ်ကမ္ဘာ လုံးမှာလဲရှိ၏။ လူအုပ်ထဲသို့ ခဲနှင့်ပစ်ပြီး ထိချင်တဲ့ သူထိနိုင်တာမျိုးဖြစ်သည်။ ဒါတွေကို ရသေ့စိတ်ဖြေ လို့ ခေါင်းစဉ်တပ်ရပေလိမ့်မည်။
    ]]ဗေဒင်တွက်တယ်ဆိုတာ လူတစ်ယောက် အတွက် မွေးကတည်းက သေတဲ့အထိ တွက်လို့ ရတယ်။ တွက်လို့ရတဲ့အဖြေအတိုင်း နေသွားနိုင်ရင် ဗေဒင်အဟောမှန်သွားပြီ။ နောက် နာမည်ဆိုတာ ကောင်းတဲ့နာမည် ထားရတယ်။ ဟိတ်ရှိတဲ့ နာမည် ထားရင်အကျိုးပေးတယ်။ ဥပမာ <ကက်နီပဲထား ပါတော့။ သူ့နာမည်က မြေအောက်ကနာမည်။ အပေါ်ကို ရောက်မလာဘူး။ အဲဒါကြောင့်အရမ်း သတိထားရတယ်။ နာမည်ပေးရင် နာမည်ခိုက် တယ်ဆိုတာ အဲဒါမျိုးကခိုက်တာပါ။ နာမည်ဟာ လှဖို့မလိုပါဘူး။ ကောင်းဖို့ပဲလိုတယ်။ ကောင်းရင် နာမည်က အကျိုးပေးတယ်။ နာမည်ဟိတ်မာ ရတယ်}}
    အထက်ပုဂ္ဂိုလ်စောင့်ရှောက်တယ်၊ ပုဏ္ဏက တိုက်တယ်၊ နတ်ဖမ်းစားတယ်၊ အောက်လမ်းနည်း နဲ့ပြုစားတယ်။ ထိုထိုစကားမျိုးကို တချို့ဗေဒင် ဆရာတွေက ပြောတတ်၏။ သိတဲ့အတိုင်းသာ ပြော၏။ ဗေဒင်ပညာမှာလည်း ထိုသို့မရှိ။ ထိုသို့ မဟုတ်။ ဗေဒင်ဆိုတာ တကယ်တော့ နည်းပညာ တစ်ခု။
    ]]ဒီနည်းပညာကိုကိုယ်အတွက်သော်လည်း ကောင်း၊ သူများ   အတွက်သော် လည်းကောင်း၊
အားကိုးတဲ့နေရာမှာ လမ်းမှန်ဖို့ပဲ လိုတယ်။ လမ်းမမှန်ဘဲနဲ့ အားကိုးနေလို့လည်း မဖြစ်ဘူးလေ။
    လမ်းမှန် ကမ်းမှန်နဲ့ အားကိုးရင်တော့ အားကိုးရပါတယ်။ အားကိုး လောက်ပါတယ်။ အားကိုးလို့ ဗေဒင်ပညာဆိုတာ ရှိလာတာလေ။ အားမကိုးရင် ဒီပညာဆိုတာ ဘယ်ရှိလာမှာလဲ}}
    ခုနှစ်ရက်သားသမီး ကျန်းမာလို့ ချမ်းသာ ကြပါစေ။

အောင်နိုင်
၂၀၁၂၊ သြဂုတ်လထုတ်
ွှ့န မနေူငလနျ ည္ထေိမနျေူအသမငနျ မဂ္ဂဇင်း

Spread The Love, Share Our Article

Related Posts

No Response to "ဗေဒင်ပညာလိမ်တာလား၊ ဗေဒင်ဆရာလိမ်တာလား"

Add Your Comment