စာအုပ်တွေ ကျမ်းတွေဆိုတာ ဘယ်လမ်းက သွားရမယ်ဆိုတာ ညွှန်ကြားထားပြီးသားပါ။ ကျမ်းတွေရဲ့အတွေ့အကြုံလှေပေါ် စန့်စန့်ကြီး စီးလာပြီးမှ၊ အဲဒီလှေသွားနှုန်းကို အားမလို အားမရ ဖြစ်လာပြီး ကိုယ်ဖာ့သာ ကိုယ်လှေဝင်လှော်တာ သင့်တော်ပေမယ့် အလုံးစုံမှာတော့ မဟုတ်ဘူးနော်။ ဒီစကားကို ဘာကြောင့် အလေးအနက်ထားပြီး ပြောရသလဲဆိုတော့ ဒီ ]]မြန်မာ့ရိုးရာ အာယုစန်း}} ဗေဒင် ပညာရပ်ဟာ နှစ်ပေါင်းသုံးရာ လောက်ကစပြီး ယနေ့အထိ ဆရာတွေက ဖျက်ဆီး ထားကြလို့ အာယုစန်းဗေဒင် ပညာဟာ အပျိုရည်ပျက်ခဲ့တာကြာပါပြီ။ အာယုစန်း ဗေဒင်ပညာရဲ့ မဟာသစ်ပင်ကြီးဟာဟိုလူကတစ်ချက်ခုတ်၊ ဒီလူက တစ်ချက် လက်တည့်စမ်း နေကြတာနဲ့ အခုတော့ သွားကြားထိုးတံလောက်မှာပဲ တင်ကျန် ရစ်ခဲ့ပါပြီ။
မြန်မာ့ရိုးရာ အာယုစန်းဗေဒင်ပညာဟာ မြန်မာပိုင်နည်းပညာတစ်ခု ဖြစ်ပါတယ်။ ကပြားဗေဒင်နည်းစနစ် မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အမှိုက်ပုံထဲ မထားရက်နိုင်ပါ။ တတ်သိသလောက်တော့ စာဖတ်သူတွေကို ပေးနေဦးမှာပါ။
အာယုစန်းမှာ အောက်ပါအတိုင်းပါရှိပါတယ်-
(၁) အာယုစန်းရဲ့ မီနူးများ
(၂) အာယုစန်းရဲ့ ထမင်းပွဲ
(၃) အာယုစန်းရဲ့ အဓိကဟင်းလျာများ
(၄) အာယုစန်းရဲ့ အပိုဟင်းလျာများ
(၅) အာယုစန်းရဲ့ လိုက်ပွဲများ
(၆) အာယုစန်းရဲ့ တို့စရာများ
(၇) အာယုစန်းရဲ့ အကြော်စုံ
(၈) အာယုစန်းရဲ့ ချိုချဉ်ဖန်ခါး
(၉) အာယုစန်းရဲ့ အရေသောက်
အာယုစန်းအဟောရွှင်စေတဲ့ အဟောတွေကို ဟောနိုင်ဖို့ ဝေဒသာဂရ ဗေဒင်ကျမ်းပါ အာယုစန်းမှတ်စုတွေကို တင်ပြထားပါတယ်။ ရိုးရာဗေဒင် ပညာရပ်နဲ့ ပတ်သက်လို့ အကြောင်းအမျိုးမျိုးပြပြီး လက်မခံနိုင်သူများအတွက်အဓိကရည်ရွယ်ပါတယ်။
ထုတ်ဝေကာလ ၂၀၀၇-ခုနှစ်၊ ဇန်န၀ါရီလ
0 comments
မြန်မာ့ရိုးရာအာယုစန်း ဗေ ဒင် ပ ညာ
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "မြန်မာ့ရိုးရာအာယုစန်း ဗေ ဒင် ပ ညာ"
Add Your Comment