0 comments
ကလေးများအတွက် တစ် သက် တာ လက် ဆောင်
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
ဘယ်တုန်းကမှ မြန်မာပြည်မှာ ထုတ်ဝေခဲ့ခြင်းမရှိခဲ့ဖူးတဲ့ စာအုပ်ကလေးပါ။ ကလေးတွေအတွက် သီးခြားလေ့လာနိုင်အောင် မိဘတွေ၊ ဆရာ၊ဆရာမတွေ အတွက် ရည်ရွယ်ပြီးပြုစုထားပါတယ်။
ဒီစာအုပ်ဟာ မိခင်ဝမ်းဗိုက်ထဲမှာရှိနေတဲ့ ကလေးဟာ လူ့လောကထဲ ရောက်လာမယ်။ သူ့ရဲ့စိတ်နေသဘောထား၊မိဘကဘယ်လိုပြုစုပေးရမယ်။ ကလေးရဲ့ကျန်းမာရေး အခြေအနေတွေ ပေါ်မူတည်ပြီး ချူချာခဲ့ရင် ရောဂါထူရင်၊ ဆေးကုတဲ့နေရာမှာ ဆေးစူးအောင် ဘယ်လိုယတြာချေရမယ်၊ နာမည် ဘယ်လိုပေးရမယ်၊ ကလေးနာမည်မှည့်တဲ့ နည်းပေါင်း(၄၉)မျိုးကို တင်ပြ ထားပါတယ်။
ကလေးရဲ့ အနာဂတ်အနေအထား၊ အရေးပါတဲ့ အကြံပေးချက်တွေ ပါဝင်ပါတယ်။
ကလေးနဲ့ဆက်စပ်တဲ့လူတိုင်း ဒီစာအုပ်ဟာအားကိုးရာဖြစ်စေပါတယ်။ ကိုယ့်သားသမီး အကြောင်းကို ကြိုတင်သိထားတဲ့ အတွက်ကလေးကို ကယ်တင်ဖို့ အခွင့်အရေး စောစောရတာပါပဲ။ ကလေးရဲ့အသက် ၁၂-အရွယ် အထိ အသုံးပြုနိုင် ပါတယ်။
ကလေးတွေအားလုံးကို ရည်ရွယ်ပြီး တနင်္ဂနွေမှ စနေအထိ ပြုစုထုတ်ဝေထားပါတယ်။ ယတြာတွေ အစီရင်တွေဟာ စာအုပ်တိုင်းမှာ အမျိုးမျိုးပါပါတယ်။ ဒါကြောင့် သိသင့်တာထက် ပိုသိချင်ရင်နေ့သားတစ်အုပ်ထဲမက၊ အခြားနေ့ သားတွေနဲ့ ဆိုင်တဲ့စာအုပ်များကိုပါ ရှာဖွေဖတ်ကြည့်ကြပါ။ ကလေးငယ်များ၏ မွေးနေ့အလိုက် တနင်္ဂနွေမှ စနေနေ့အထိ တစ်အုပ်ချင်းရေးသား ထားပါတယ်။
ကလေးများအတွက်တစ်သက်တာ လက်ဆောင်စာအုပ်တွေတိုင်းမှာဒီအခန်းတွေ ပါဝင်ပါတယ်-
၁။ ကလေးငယ်ရဲ့ စိတ်ဓါတ်
၂။ ကလေးကိုဘယ်လိုထိန်းရမလဲ
၃။ ကလေးရဲ့ ပညာရေး
၎။ ကလေးရဲ့ကျန်းမာရေးနဲ့ သတိပြုစရာ
၅။ ကလေးကို နားလည်ပေးပါ
၆။ ကလေးရဲ့ အနာဂတ်အနေအထား
၇။ ကလေးရဲ့ အရေးပါတဲ့အကြံပေးချက်
၈။ ၁၂-လအတွက် လအလိုက်ဟောစာတမ်း
၉။ ကလေးမွေးချိန် အထူးအဟောများ
၁၀။ ကလေးအတွက်နေ့သားအလိုက် ကျန်းမာ
ရေးယတြာများ
၁၁။ နေ့သားအလိုက် သတိပြုဆင်ခြင်စရာများ
၁၂။ ကံကောင်းကျော်ကြား၊ နာမည်များ
၁၃။ နာမည်မမှည့်ခင် ဒါတွေကြိုတင်စဉ်းစား
စသည့်ဖြင့် ဒီစာအုပ်တစ်အုပ်ထဲနဲ့ ပြည့်ပြည့်စုံစုံ သိရပါမယ်။
ထုတ်ဝေကာလ ၂၀၀၇-ခုနှစ်၊ ဇန်န၀ါရီလ
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "ကလေးများအတွက် တစ် သက် တာ လက် ဆောင်"
Add Your Comment