လူရယ်လို့ဖြစ်လာရင် ဆန့်ကျင်ဘက်လိင် နှစ်မျိုးဟာ သဘာဝအလျှောက် ပေါက်ဖွားခဲ့ကြ ရပါတယ်။ အဲသလို အဖိုနဲ့အမ နှစ်မျိုးပေါက်ဖွား လာရတာနဲ့ တစ်ပြိုင်နက် သူတို့အသီးသီးမှာ တာဝန်နဲ့ဝတ္တရား ဒွန်တွဲပါလာ ကြပါတယ်။ မဖြစ် မနေ လုပ်ရတဲ့တာဝန်တွေရယ်၊ လုပ်သင့်လုပ်ထိုက် လို့လုပ်ရတဲ့တာဝန်တွေရယ်လို့ထမ်းဆောင်ရစမြဲပါ။။ ပြေလည်မှုရှိတဲ့ ပုဂ္ဂိုလ်တွေလဲ အများကြီး၊မပြေ လည်ဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေလဲ အများကြီးပါ။
ဒီစာအုပ်က -
အိမ်ထောင်သည် ယောင်္ကျားတစ်ယောက် ထမ်းဆောင်ရမယ့် တာဝန်နဲ့ဝတ္တရား နှစ်မျိုးကို ဖော်ပြထားပါတယ်။
ဘာပြုလို့ အိမ်ထောင်သည် ယောင်္ကျားတစ်ယောက်ကို သီးခြားဖော်ပြရပါသလဲဆိုတော့ -
အင်မတန်ကြီးလေးတဲ့ ဒုက္ခကြီးဖြစ်တော့ ထမ်းဆောင်တဲ့နေရာမှာ အခက်အခဲတွေအများကြီးရှိမှာပါ။
ဒီအခက်အခဲတွေ ၀ိုင်းဝန်းဖြေရှင်းနိုင်ဖို့ ဒီစာအုပ်ကိုပြုစုရတာပါ။
မိန်းကလေးတစ်ယောက်ရယ်လို့ဖြစ်လာရင် တစ်နေ့မှာ လင်ယူရမှာပဲ၊ သားလဲမွေးရမှာပဲ၊ မိန်းကလေးရဲ့ဘ၀ဟာသမီးဖြစ်လိုက်၊ ဇနီးဖြစ်လိုက်၊ အမေဖြစ်လိုက်ချွေးမဖြစ်လိုက်၊ ယောင်းမဖြစ်လိုက်၊ ယောက္ခမဖြစ်လိုက်နဲ့ အခါအားလျှော်စွာပုတ်သင်ညိုလို အရောင်ပြောင်းနေကြတာပါ။ဒီတော့ မိန်းကလေးတစ်ယောက်၊ အိမ်ထောင်ရှင်ဘ၀၊ အိမ်ထောင်သည်ဘ၀ ရောက်သွားပြီဆိုရင် သတိပြုစရာ၊ သိစရာအချက်ကလေးတွေရှိပါတယ်။
အဲဒီလို သတိပြုမူစရာ၊ အသိပေးဂရုစိုက်စရာများကို အချက်အလက် ပေါင်း ( ၁၀၀ )တိတိ ရေးသားထားပါတယ်။
ဓမ္မနဲ့ဆိုင်တဲ့ အသိတရားနဲ့ယှဉ်တဲ့ အချက် အလက်များဟာ အိမ်ထောင်ရှင်မတိုင်းအတွက် မလွဲမသွေ လိုက်နာကြရမယ့် ရှောင်တိမ်းကြရမယ့် ဆင်ခြင်ကြရမယ့် အကြောင်းအချက်တွေဖြစ်ပါတယ်။
ထုတ်ဝေကာလ -၁၉၈၅ခုနှစ်
0 comments
အိမ်ထောင်သည်အမျိုးသားများ အမျိုးသမီးများသတိပြုစရာနည်း ၁၀၀
Published on Thursday, November 29, 2012 in အခြားစာအုပ်များ
Related Posts
Labels:
အခြားစာအုပ်များ
Subscribe to:
Post Comments (Atom)
No Response to "အိမ်ထောင်သည်အမျိုးသားများ အမျိုးသမီးများသတိပြုစရာနည်း ၁၀၀"
Add Your Comment