သောကြာဂြိုဟ်အကြောင်းကို တစ်အုပ်ထဲဆိုရင် စာမျက်နှာ(၈၀၀)ကျော် ရှိတယ်ဆိုတော့ ဈေးလဲကြီး မယ်၊ ထူလဲထူမယ်။ ဒါ့ကြောင့် သုံးအုပ်တွဲပြီး ထုတ်တာပါ။ ဂြိုဟ်တွေနဲ့ ပတ်သက်ရင် အရေးပါတဲ့ ဂြိုဟ်နှစ်လုံးရှိပါတယ်။ အဲဒါကတော့ တနင်္လာဂြိုဟ်နဲ့သောကြာဂြိုဟ်ပါပဲ။ အဲ့ဒီဂြိုဟ်နှစ်လုံးကိုအပျိုစင်ဂြိုဟ်လို့ မှတ်ထားကြပါတယ်။ အထူးသဖြင့် သောကြာဂြိုဟ်ဟာအင်မတန်မှ မိန်းမဆန်တဲ့ဂြိုဟ်ပါ။
-ကိလေသာတဏှာပေမစိတ်၊ရာဂစိတ် ၊ အချစ်စိတ် ၊စိတ်ကူးယဉ်တာ၊ဆန့်ကျင်ဘက်လိင်ရဲ့စွဲလမ်းစေတဲ့စိတ်၊ဆွဲဆောင်နိုင်တဲ့ အရည်အချင်းတွေက သောကြာဂြိုဟ်မှာရှိပါတယ်။
တိုက်တာ၊အဆောက်အဦး၊စည်းစိမ်ဥစ္စာ၊ငွေကြေး ချမ်းသာမှု၊ အရသာခံတတ်မှု၊အားလုံးကိုသောကြာ ကလုပ်ပေးတာပါ။အနုပညာလုပ်ငန်းမှန်သရွေ့ရဲ့ခေါင်းဆောင်က သောကြာပါပဲ။
သောကြာဟာသီရိကျက်သရေနဲ့ ပြည့်စုံမှုကိုလည်းပေးပါတယ်။ အကြံအစည်၊ ကိုယ်ချင်းစာစိတ်၊ စိတ်ကောက်တာ ၊ မြတ်နိုးတာ ၊ ချောမောလှပတာ အားလုံးကိုလဲ သောကြာကပဲ ဖန်တီးပေးပါတယ်။ ဒီတော့ သောကြာ အကြောင်းက မရေးလို့မဖြစ်တော့ဘူး။ ဒါကြောင့် သောကြာဂြိုဟ် အကြောင်းကို အခြေခံထားပြီး ကျွန်တော့်အတွေ့အကြုံနဲ့ ဖော်ပြလိုက်ပါတယ်။
သောကြာဂြိုဟ်ပထမတွဲတွင်ပါဝင်သောအခန်းများ
(၁) သောကြာဂြိုဟ်ရဲ့သမိုင်းအကျဉ်း
(၂) သောကြာဂြိုဟ်ရဲ့ဂုဏ်အင်္ဂါရပ်များ
(၃) သောကြာဂြိုဟ်စိုးမိုးချိန်၌မွေးဖွား
(၄) သောကြာကြောင့်ဖြစ်စေသောရောဂါများ
(၅) ရာသီအသီးသီးရှိသောကြာ
(၆) အိမ်အသီးသီးရှိသောကြာ
(၇) နက္ခတ်အသီးသီးရှိသောကြာ
(၈) လဂ်အသီးသီးအတွက်သောကြာ
ထုတ်ဝေကာလ ၂၀၀၉ခုနှစ် ၊ စက်တင်ဘာလ
0 comments
သောကြာဂြိုဟ် ပထမတွဲ
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "သောကြာဂြိုဟ် ပထမတွဲ"
Add Your Comment