နက္ခတ်ဗေဒင်ပညာရှင်ဟာတွေးရတဲ့ပညာဖြစ်ပါတယ်။ကျက်ရတဲ့ပညာ မဟုတ်ပါ။ အတွေးခြေဆန့်လေ၊ခရီးရောက်လေဖြစ်တော့ မသွားရင်မရောက်နိုင်ပါ။မစဉ်းစားချင်ရင်တော့ နက္ခတ်ဗေဒင်ပညာကိုမလေ့လာတာအကောင်းဆုံးပါ။ဒီ--နက္ခတ်ဗေဒင်ပညာ၏ ဥပဒေသများ ကိုဖတ်ရင် နက္ခတ်ဗေဒင် အတွေ့အကြုံနဲနဲပါးပါးတောရှိဖို့လိုပါလိမ့်မယ်။
နက္ခတ်ဗေဒင်ပညာလုံးဝမတတ်ရင်၊မယဉ်ပါးရင်တော့အခက်အခဲကြုံနိုင်ပါတယ်။ ဒီစာအုပ်မှာပါတဲ့ အဟောတွေကို သိနိုင်ဖို့ အတွက်တိကျမှန်ကန်တဲ့ ဇာတာတစ်စောင်ဖွဲ့ထားရပါလိမ့်မယ်။ ကိုယ့်ရဲ့ မွေးတဲ့ ခု ၊ လ ၊ ရက် ၊နာရီ ၊ ဇာတိ - ပေးပြီး တတ်သိတဲ့ ပညာရှင်ထံ ဇာတာဖွဲ့ထားပါ။ ကိုယ်တိုင်ဖွဲ့တတ်ရင်လဲ ဖွဲ့ထားပါ။
အနည်းဆုံး တြိစက္ကဇာတာလို့ခေါ်တဲ့ ရာသီစက်၊ အသာစက်၊ ဘာဝစက်ကိုတော့ ဖွဲ့ထားပါ။ ပြီးတော့အနာဂတ်ထူလဒသာ၊ အန္တရယ်သာတွေကိုလဲ တွက်ခိုင်းထားပေးပါ။ နက္ခတ်ဗေဒင်လေ့လာတဲ့လူဟာပထမအဆင့်အနေနဲ့တိကျမှန်ကန်တဲ့ ဇာတာတစ်စောင်တော့ ရှိဖို့လိုပေလိမ့်မယ်။
ဒီကျမ်းထဲမှာဆိုရင်---
အောက်ပါ နက္ခတ်ဗေဒင်ကျမ်းတွေရဲ့မှတ်စုတွေက အသေးစိတ် ဖော်ပြပေးထားပါတယ်။
၁။ သဗ္ဗတ္တ စိန္တာမဏိနက္ခတ်ဗေဒင်ကျမ်း
၂။ လဃု ပါရာသရီ နက္ခတ်ဗေဒင်ကျမ်း
၃။ အပ္ပ ဇာတက ဗေဒနီတိဗေဒင်ကျမ်း
၎။ ဘူမိ စာလနိဒါန်းကျမ်း
ထုတ်ဝေကာလ ၂၀၀၂-ခုနှစ်
0 comments
နက္ခတ်ဗေဒင်ပညာ၏ဥပဒေသများ ပထမတွဲ
Published on Thursday, November 29, 2012 in ဗေဒင်စာအုပ်စင်
Related Posts
Labels:
ဗေဒင်စာအုပ်စင်
Subscribe to:
Post Comments (Atom)
No Response to "နက္ခတ်ဗေဒင်ပညာ၏ဥပဒေသများ ပထမတွဲ"
Add Your Comment