လက်တွေ့ဖြစ်ရပ်တွေထဲမှာ စာအုပ်ထဲက စာတွေ့နဲ့တော့ မတူတာအမှန်ပါ။ စာတွေ့ဟာ မှန်သယောင်ယောင်နဲ့ အတိအကျ အဖြေထွက်ဖို့ မလွယ်ပါ။ ဒါ့ကြောင့် တတ်သိတဲ့ ဗေဒင်ပညာရှင် တွေဟာ စာအုပ်တွေကို ဆရာမတင်ဘဲ လက် တွေ့ဟောပြောမှုတွေ အပေါ်မှာဘဲ အခြေခံပြီး စဉ်စားကြတာ ဖြစ်ပါတယ်။ ဒါဆိုရင် စာအုပ်တွေ စာတမ်းတွေ ပယ်ရတော့မလားလို့ မေးစရာရှိ ပါတယ်။ မဟုတ်ပါဘူး။ စာအုပ်စာတမ်းတွေဟာ လမ်းပြမီးတိုင်တွေပါ။ မှန်ကန်ချက်က ရောက် အောင်သွားရမယ့် လမ်းသာ ဖြစ်ပါတယ်။
ရှေးကတည်းက ယနေ့အထိ ဗေဒင်ကျမ်း တွေ၊ ဗေဒင်ဆရာတွေဟာ ကိုယ်သိတာတွေကို တွင်တွင် ပြောလေ့ရှိကြပါတယ်။ သူတို့တွေ့ ထားတာဟာ သူတို့ရဲ့ မှန်ကန်ချက်သာ ဖြစ်ပါ တယ်။ ကိုယ့်ရဲ့ မှန်ကန်ချက်ဖြစ်ဖို့ ကိုယ်က အတွေ့အကြုံ ရှာရမှာဖြစ်ပါတယ်။
အခုဖြစ်ရပ်က စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်ပါ။ လူတော်တော်များများ ပြောကြပါတယ်။ ကောင်းတဲ့ဂြိုဟ်တွေ ရာဇယုဂ်ဖြစ်စဉ်မှာ အောင် မြင်မှု ရှိမယ်လို့ လက်တွေ့မှာ တကယ်အောင်မြင် နေတဲ့ နိုင်ငံခေါင်းဆောင် တွေရဲ့ ဇာတာတွေ ချိန်ကိုက်ကြည့်ရင် ကွဲလွဲနေတာ တွေ့ရပါတယ်။ တစ်ချို့တစ်ချို့မှာ တော့ မှန်ကန်ပေမယ့် အတိုက် အခံနဲ့ တက်လာတဲ့ နိုင်ငံရေးသမားတွေရဲ့ ဇာတာ တွေမှာ တက်တက်စင် လွဲနေတာ တွေ့ရပါတယ်။
နိုင်ငံရေးလောကဟာ အင်မတန်မှ ညစ် ပတ်ပြီး လူတစ်စုကောင်းစားရေး အတွက် ကြိုးစား လေ့ရှိတဲ့ အလေ့အထဖြစ်စဉ်မှာ ဘယ်လောက် အားရှိတဲ့ ဂြိုဟ်တွေရှိနေပါစေ၊ အဲဒီထဲမှာ ဆိုးတဲ့ ဂြိုဟ်၊ ဆိုးတဲ့သဘာဝရှိနေရပါတယ်။ ဒါမှလဲ ဒီလူ
ရဲ့ နိုင်ငံရေး သက်တမ်းဟာ ကြာခွင့်ရလာပြီး နေရာယူနေမှာ ဖြစ်ပါတယ်။ အပြစ်ကင်းလွန်းတဲ့ ဇာတာပိုင်ရှင် ဖြစ်ရင် နိုင်ငံရေးလောကထက် ဘာသာရေးလောကမှာ အကျိုးပေးမှာ ဖြစ်ပါ တယ်။
အခုလို ပြောပြတော့ ဖတ်ဖူး သိဖူးတဲ့ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်မနေဘူးလား။ ဟုတ်ပါ တယ်။ ကျွန်တော်ဟာ ၁၉၆၆ ခုနှစ်မှစပြီး ဗေဒင် ပညာကို လေ့လာခဲ့ပြီး မြန်မာနဲ့ ကမ္ဘာ့ခေါင်း ဆောင်တွေရဲ့ ဇာတာတွေ၊ ထိပ်သီး နိုင်ငံရေး သမားတွေရဲ့ ဇာတာတွေကို သုတေသန ပြုပြီးမှ ဒီစကားကို ပြောတာပါ။ ခေတ်ကာလအရ ပြောင်း လဲသွားတဲ့ နိုင်ငံရေးခေါင်းဆောင် တွေနဲ့ အာဏာ ရခေါင်းဆောင်ပေါင်း သုံးထောင်ကျော်ရဲ့ ဇာတာ တွေကို စုထားပြီး ရှာဖွေခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ တိုင်း ပြည်အတွက် ဘယ်လိုခေါင်းဆောင်မျိုး ရထားပါ သလဲဆိုတာ ဝေဖန် စိစစ်နိုင်ဖို့ ဒီစာတမ်းကို တင်ပြရတာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ တွေ့ရှိချက်ကို တရားသေ လက်ခံပါလို့ မပြောချင်ပါ။ ခင်ဗျားတို့လည်း ဦဏှောက်ကို ဖွင့်ပြီး လေ့လာစေချင်ပါတယ်။
0 comments